
ဟိုပုံး ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာ အုပ်စုအတွင်းရှိ ဘိန်းစိုက်ခင်း များကို နံနက်၆နာရီခွဲမှ စတင်၍ ပူးပေါင်းအဖွဲ့များက သွားရောက် ဖျက်ဆီးကြကြောင်း သိရသည်။
ထိုသို့ဖျက်ဆီးရာတွင် ခေတ္တ မြို့နယ်ရဲမှူး ဒုတိယရဲမှူး မိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် မူးယစ်တပ်စု (၂၅)မှ တပ်ကြပ်ကြီး ရဲဝင့်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်တပ်မှ ဗိုလ်မှူး ဘုန်းမြင့်၊ ဗိုလ်ကြီး သိန်းမင်းအောင်နှင့် တပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ ဝန်ထမ်းများ၊ သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများက နောင်လိုင် ကျေးရွာအုပ်စု ပန်ခတ်ကျေးရွာ၏ အနောက်ဘက် ငါးဖာလုံခန့် အကွာ အမြင့် သုံးပေခန့်ရှိ သီးပွင့် ဆဲ ဘိန်းခင်း ၁၂ ဧကကို လည်း ကောင်း၊ ပန်ကုလားကျေးရွာ၏ အနောက် မြောက်ဘက် နှစ်ဖာလုံ ခန့်အကွာ အမြင့် သုံးပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ရှစ်ဧကကို လည်းကောင်း၊ ဒုံလိတန်ကျေးရွာ ၏ အနောက်တောင်ဘက် တစ်မိုင် ခန့်အကွာ အမြင့် သုံးပေရှိ သီးပွင့် ဆဲ ဘိန်းခင်း လေးဧကကို လည်း ကောင်း၊ ထီတန်းလိတ်ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ အမြင့် သုံးပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၄ ဧကကို လည်း ကောင်း၊ လိုင်းကလကျေးရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာ အမြင့်သုံးပေခန့်ရှိ သီးပွင့် ဆဲ ဘိန်းခင်း သုံးဧကကိုလည်း ကောင်း၊ ထီဆွေးကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင် ခန့်အကွာ အမြင့် သုံးပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း တစ်ဧက ကို လည်းကောင်း စုစုပေါင်း ၄၂ ဧကကို ပူးပေါင်းအဖွဲ့များက သွားရောက် ဖျက်ဆီးခဲ့ကြသည်။
ဟိုပုံးမြို့နယ်၌ ဘိန်းစိုက်ခင်း များကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၁ ရက်အထိ ဘိန်းစိုက်ခင်း ၂၀၈ ဧကကို ဖျက်ဆီးပြီးဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)