နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၅


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီး ဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်  သစ်တော ထွက်ပစ္စည်းများ     ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူ ပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်း ပို့စနစ်     (Community Monitoring and Reporting     System  -  CMRS) အပါအဝင်   နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ      ၂၀၂၁  ခုနှစ်  ဒီဇင်ဘာ ၂၇ ရက်မှ  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/   ပြည်နယ် သစ်တောဦးစီးဌာနများမှ    ပေးပို့ လာသော စာရင်းများအရ တရားမဝင်ကျွန်း ၄၅ ဒသမ ၇၈၃၀  တန်၊  သစ်မာ ၁၄ ဒသမ ၃၄၇၈ တန်၊    အခြား  ၆၁ ဒသမ ၄၄၀၂ တန် စုစုပေါင်း   ၁၂၁ ဒသမ ၅၇၁၀ တန်၊     တရားခံ ၃၁ ဦး၊     ယာဉ်/ယန္တရား ၂၅ စီး    ဖမ်းဆီးရမိကြောင်း   သစ်တောဦးစီးဌာနမှ  သိရသည်။

 ညီညီသန်း(နေပြည်တော်)