
မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ်
============================
မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း(ဒုတိယပိုင်း)
===================================
တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း
ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။
ထို့အတူပဲ ကျွန်တော့်ရဲ့မိတ်ဆွေပေါ့လေ၊ သူငယ်ချင်း လောလောဆယ်ဒါရိုက်တာလုပ်နေတဲ့ မြင့်စိုး(ဝ/သ) ဆိုတာလည်း တစ်ယောက်ရှိပါတယ်။ မြင့်စိုးဆိုတဲ့နာမည်တွေက ပေါများတဲ့အတွက် ကျွန်တော်နဲ့ အခုစကားပြောမယ့် လူချောလူလှ မင်းသားကြီးမြင့်စိုးကို မင်းသားကြီးလို့ပဲ ကျွန်တော်က ခေါ်ဝေါ်လေ့ရှိပါတယ်။ အခုကျွန်တော်နဲ့ မင်းသားကြီးမြင့်စိုးနဲ့ ရုပ်ရှင်စကားဝိုင်းကို စတင်မှာဖြစ်ပါတယ်။
ကြည်စိုးထွန်း။ ။ အရင်အပတ်ကတော့ ကျွန်တော်တို့ မင်းသားကြီး
နဲ့ တွေ့ဆုံခဲ့ရတဲ့ ဒါရိုက်တာတွေအကြောင်း၊ တွဲခဲ့ရတဲ့ မင်းသားတွေအကြောင်း၊ မင်းသမီးတွေအကြောင်းလည်း တော်တော်များများ စုံခဲ့ပြီပေါ့။ ကဲ ဒီတစ်ပတ်တော့ကျွန်တော်တို့ ဒုတိယပိုင်းအနေနဲ့ မင်းသားကြီးရဲ့ ဖြတ်သန်းလာရတဲ့ဘဝခရီးနဲ့ ကျွန်တော်တို့ရဲ့ ရုပ်ရှင်လောကရဲ့ သမိုင်းလေးကို ဆက်ပြောကြရအောင်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့ ကြိုးစားလိုက်ကြရအောင်ပေါ့ဗျာ။
ကြည်စိုးထွန်း။ ။ အဲဒီတော့ မင်းသားကြီးက တစ်ခါ ဒီလိုခေတ်ကား
တွေပေါ့လေ၊ ဖိုက်တင်တွေရိုက်လိုက်၊ အနုအရွ လေးတွေရိုက်လိုက်၊ အဲဒီလိုရိုက်ရာကနေပြီးတော့ ရာဇဝင်ကားရိုက်တာတွေ့ရ တယ်။ အဲဒီမှာ မင်းသားချောတွေနဲ့ပဲပြိုင်ရတာ ဟုတ်လား။ ကိုမြင့်အောင်ဆိုတာ လည်း မင်းသားချောပဲ။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ ခင်မောင်ဇင်လည်း မင်းသားချောပဲ။ ကိုဇော်ဦးတို့
အဖေပေါ့နော်။ ဇော်ဦးတို့ အဖေပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ အဲဒီတော့ ကိုခင်မောင်ဇင်နဲ့တွဲရိုက်တဲ့ကားလေး
အကြောင်းလည်း ပြောပါဦး။ “ရာဇဒါဏ်”ထင်တယ် နော်။
မင်းသားကြီးမြင့်စိုး။ ။ “ရာဇဒါဏ်”ကို ကျွန်တော်တို့ရိုက်တော့ ခင်မောင်
ဇင်ရဲ့ အစ်ကိုအဖြစ် ကျွန်တော်က လုပ်ပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က ဘုရင်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ခင်မောင်ဇင်က စစ်သူကြီးပေါ့ဆရာရယ်။
ကြည်စိုးထွန်း။ ။ ပဒေသာဖလင်းကပဲနော် အဲဒါလည်း။
မင်းသားကြီးမြင့်စိုး။ ။ ပဒေသာဖလင်း။ အဲဒီမှာ နည်းနည်းရယ်စရာလေးကို
မပြောခင်ပေါ့ ဆရာရယ်၊ ခင်မောင်ဇင်ကို ကျွန်တော် ချစ်သွားတယ်၊ ခင်မောင်ဇင်က သိပ်သဘောကောင်းတယ်ဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ သူ့နာမည်က ဆန်နီလို့ခေါ်တယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အင်မတန်သဘောကောင်းတာပဲ။ ကျွန်တော်နဲ့
တွေ့လို့ရှိရင် ညီအစ်ကိုအရင်းလိုပဲ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ မြို့ထဲမှာသွားတွေ့ရော ကျွန်တော်က အင်္ကျီ
သွားချုပ်တာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဟာ ကိုမြင့်စိုးအတော်ပဲလာပါဗျာ ကျွန်တော့်ပရိသတ်
ရှိတယ်။ သွားမိတ်ဆက်ပေးမယ်၊ သူက ပေါ်ပြူလာ ဖြစ်နေတဲ့အချိန်ပေါ့ ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ပေါ်ပြူလာဖြစ်နေတဲ့အချိန် သူ့ကို ကြိုက်နှစ်သက်
တဲ့ ပရိသတ်အိမ်တွေ ရှိတယ်ပေါ့ဆရာရယ်၊ ခေါ်သွားမယ်ဆိုပြီးတော့ ကျွန်တော်က နေဦး ကိုခင်မောင်ဇင်၊ ကျွန်တော် အင်္ကျီသွားချုပ်မလို့။ အဲဒါလိုက်ခဲ့ဆိုပြီး သူ့ကိုပါ ကျွန်တော်အင်္ကျီတစ်ထည် ချုပ်ပေးလိုက်တယ်။
ကြည်စိုးထွန်း။ ။ ဪ။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီအင်္ကျီနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေး ဆရာ့ကို
ကျွန်တော်ပေးမယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော့်အင်္က်ျီဖျင်ပေါက်မျိုး တစ်စုံပေါ့ဆရာရယ်၊
သူတစ်ထည်၊ ကျွန်တော်တစ်ထည်ချုပ်တယ်၊ ပြီးတော့ သူ့ပရိသတ်အိမ်ကို ကျွန်တော့်ကို ခေါ်သွားတယ်။ ဟိုကျတော့ မိတ်ဆက်ပေး တယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်နဲ့ ခင်မောင်ဇင်က နာမည်ကြီးနေပြီ
ဆရာရဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ မင်းသားလည်းမင်းသားချော၊ သူက ခုနက ဆရာပြောတဲ့
မင်းသားဇော်ဦးတို့အဖေ။ ဆိုတော့ ဒါမောင်မြင့် မင်းသား ကိုမြင့်စိုးပဲ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီက သူ့ရဲ့ပရိသတ်ရဲ့အဖေကြီးက ရုပ်ရှင်ထဲမှာတော့
တွေ့ဖူးတယ်၊ အပြင်မှာ တစ်ခါမှမတွေ့ဖူးဘူး၊ အခုမှ တွေ့ဖူးတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဆိုတော့ ဘာပြောလဲဆိုတော့ ခင်မောင်ဇင်ကို
ကြိုက်တဲ့ ပရိသတ်ရဲ့ အဖေကြီးက သူ့သမီးတွေကို မင်းတို့ ခင်မောင်ဇင်နဲ့ မောင်မြင့်စိုးနဲ့ ဘယ်သူကချောလဲဆိုပြီး မေးတယ် ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဒါမမေ့နိုင်ဘူး။ ဘာပြောလဲဆိုတော့ အဲဒီအမျိုးသမီး
တွေက ချောတာတော့ ခင်မောင်ဇင်က ချောတယ်တဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဒါပေမဲ့ မြင့်စိုးက ပိုပြီးချစ်ဖို့ကောင်းတယ်တဲ့။ အဲဒီမှာ
တင် ကျွန်တော်အမှတ်ရသွားတာပေါ့ ဆရာရယ်။
ကြည်စိုးထွန်း။ ။ တော်တော်ဖြေတတ်တယ်နော်၊ အဖြေကောင်းတယ်
နော်။
မင်းသားကြီးမြင့်စိုး။ ။ အဲဒါလေး ပြောချင်လို့ပါဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဪ နောက်ပြီး တစ်ခုအမှတ်ရတယ်ပေါ့ ဆရာရယ်။
အဲဒီ “ရာဇဒါဏ်” ရိုက်တော့ မှတ်မှတ်ရရ ဒါရိုက်တာ က ကျော်အုန်းမောင်။ ရိုက်တော့ ကုမ္ပဏီက ပဒေသာဖလင်းက ပိုက်ဆံအကုန် အကျခံတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဘုရင်စီးဖို့အတွက် ကတ္တီပါဖိနပ်ဝယ်ပေးတယ်။
အခုခေတ်ဆရာရယ် ရုပ်ရှင် ကျွန်တော်တို့ ရုပ်မြင် သံကြားမှာရိုက်ရင် ခရိုမာနဲ့ ကာလာနဲ့ မတည့်တာတွေ ရှိတယ်မဟုတ်လား။
ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ်။
မင်းသားကြီးမြင့်စိုး။ ။ အဲဒါတွေသဘောမျိုး သွားသတိရတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ ဒါရိုက်တာက ကတ္တီပါဖိနပ် ကျွန်တော့်ကို
ဝယ်စီးခိုင်းတယ်။ စီးခိုင်းတော့ ဟိုတုန်းက ရုပ်ရှင်က ဆရာရယ် black and white ။ ကားထဲကျတော့ အဲဒီကတ္တီပါဖိနပ်ကြီးက ဂျပန်ဖိနပ်ကြီးနဲ့သွားတူနေတယ်။
ကြည်စိုးထွန်း။ ။ ဟား ဟား ဟား ဟား။
မင်းသားကြီးမြင့်စိုး။ ။ အောက်ကကြည့်တဲ့လူတွေက ဟာ ဘုရင်ကလည်း
ဂျပန်ဖိနပ်ကြီးနဲ့ပါလားပေါ့။ အဲဒါလေးသတိရ ရှောင်စရာလေးတွေပေါ့ သတိရတယ်ဆရာ။
ကြည်စိုးထွန်း။ ။ မှန်ပါတယ်၊ မှန်ပါတယ်။ ကိုယ်ကတော့ အကောင်း
စားပဲ။ ဒါပေမဲ့ ဓာတ်ပုံထဲကျတော့ အညံ့စားကြီး ဖြစ်နေတော့လည်း တစ်ခါတလေကျတော့ အမြင်ကတစ်မျိုး ဖြစ်သွားတာ သွားတွေ့တာပေါ့။ အဲဒီနောက်ကျတော့ တစ်ခါ စတန့်မင်းသားထဲမှာ အင်မတန် ချောတဲ့ မင်းသားကြီးလို့လည်း ပြောရမှာပေါ့။ အင်မတန် စည်းကမ်းရှိပြီးတော့ အင်မတန် ကျန်းမာရေးလိုက်စားတဲ့ မင်းသားကြီးနဲ့တွဲရပြန်ရော။
မင်းသားကြီးမြင့်စိုး။ ။ ဪ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ဦးတင်ညွန့်နဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကိုတင်ညွန့်နဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒီကားကတော့ “သစ္စာနဲ့မေတ္တာ”
မေသစ်ရယ် အဲဒီမှာ ဒါရိုက်တာ ရွှေဘော်ဗျ။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အောင်မင်္ဂလာက ရိုက်တာထင်တယ်။ ဒါရိုက်တာ
ရွှေဘော်ကလည်းကောင်းတာပဲ တော်တာပဲ။
မင်းသားကြီးမြင့်စိုး။ ။ တော်တယ် ဆရာ။ သူက ဆေးရောင်စုံရိုက်ခဲ့တာပဲ။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် ရန်ကုန်ရုပ်ရှင်ကပေါ့လေ သူ့အကြောင်း
ကျွန်တော်အများကြီး ပြောဖူးပါတယ်။
မင်းသားကြီးမြင့်စိုး။ ။ တခိုင်လုံးရွှေတို့ ဘာတို့ ရိုက်ခဲ့တာ။
ကြည်စိုးထွန်း။ ။ တော်ပါတယ်ခင်ဗျ တော်ပါတယ်။ ဟုတ်ကဲ့ ဒါနဲ့
လည်း တွေ့ခဲ့ပြီးတော့ ဒါလည်းရိုက်ခဲ့။
n စာမျက်နှာ ၈ မှ
မင်းသားကြီးမြင့်စိုး။ ။ အဲဒီတင်ညွန့်ရုပ်ရှင်က တစ်ခုထပ်ရိုက်သေးတယ်
ဆရာ။ “မိမိကြီး” ဆိုတာ ရိုက်တယ်။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ “မိမိကြီး”ဆိုတာ ရိုက်တယ်။ ကြည်ကြည်ဌေးနဲ့ပေါ့။
ကြည်စိုးထွန်း။ ။ ကြည်ကြည်ဌေးနဲ့ပေါ့နော် အဲဒါလေးကတော့
ကျွန်တော်ရှာမတွေ့သေးဘူး။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ နောက်တစ်ခါကျတော့ ကိုယ်တိုင်ရိုက်တဲ့ကားလို့
ပြောရမယ့်ဟာ တစ်ကားရှိတယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့ဆရာ။
ကြည်စိုးထွန်း။ ။ “မင်းကတော်”။ ခင်ယုမေနဲ့ တွဲပြန်ပြီ။ မင်းသမီး တွေကလည်း အချောတွေနဲ့ချည်းတွဲတာ ကျွန်တော် တွေ့တယ်နော်။ သို့သော်လည်း မင်းသမီး အချောတွေနဲ့ တွဲတဲ့အထဲမှာ 'မုန်းပန်းတစ်ပွင့်' ကျတော့ တစ်မျိုးပဲနော်။ မေချစ်နဲ့တွဲတာ ဟုတ်လား။
မင်းသားကြီးမြင့်စိုး။ ။ 'မုန်းပန်းတစ်ပွင့်'မှာ မင်းသမီးသုံးယောက်နဲ့ တွဲတယ်
ဆရာ။
ကြည်စိုးထွန်း။ ။ ဪ မေချစ်ရယ်။
မင်းသားကြီးမြင့်စိုး။ ။ တင်တင်မူပါတယ်။ နောက်ပြီးတော့ ဇာတ်မင်းသမီး
လေးတစ်ယောက် နာမည်မေ့နေပြီ ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီ မင်းသမီး တစ်ယောက်ပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ သုံးယောက်တွဲတော့ အဲဒီမှာဆရာရယ် အဲဒီ 'မုန်းပန်း
တစ်ပွင့်'က ပထမဆုံးဒါရိုက်တာက ကျားဦးသိန်းမောင်။ ကျားဦးသိန်းမောင်က ကျွန်တော့်ဆရာဖြစ်တဲ့အတွက် အဲဒီဆောင်းဖလင်းက ဦးကျင်စိန်ကနေပြီးတော့ မောင်မြင့်စိုး ဒါရိုက်တာတစ်ယောက်နဲ့ဆက်သွယ် ပေးပါ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီ။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ကလည်း ရှင်းရှင်းပြောရရင် အခုခေတ်
လိုပေါ့ဆရာရယ် အနုပညာလည်း တော်ရမယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ စိတ်နေစိတ်ထားလည်း ကောင်းရမယ်။
ကြည်စိုးထွန်း။ ။ ကိုယ်နဲ့လည်း အဆင်ပြေရမယ်။
မင်းသားကြီးမြင့်စိုး။ ။ အကျင့်စာရိတ္တလည်း ကောင်းရမယ် ဘက်စုံပေါ့ဆရာ
ရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အဲလို ပုဂ္ဂိုလ်နဲ့တွဲမှ နို့မို့ဆို ကြားထဲကပွဲစားက
နာမည်ပျက်မယ်ပေါ့။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်စိတ်ချရတဲ့၊ ရိုးလည်းရိုးသားတဲ့......။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဒါနဲ့ ဦးသိန်းမောင်နဲ့ ဆက်သွယ်ပေးလိုက်တယ်။
ဘယ်လိုဖြစ်လာလဲဆိုတော့ အဲဒီ ဦးကျင်စိန်ဆိုတာ
ဒါရိုက်တာမြတ်တင်အေးရဲ့ အဖေပါ။ ငယ်ငယ်လေး ရှိသေးတယ်။ ဦးကျင်စိန်က သူကဟိုတုန်းက ပဒေသာဓာတ်ပြားကုမ္ပဏီမှာ သူကအကြီးဆုံး။ ကိုမျိုးလှိုင်တို့ လူပေါ့ ဒီလိုခေတ်။
ကြည်စိုးထွန်း။ ။ ခွေးတံဆိပ်။
မင်းသားကြီးမြင့်စိုး။ ။ ခွေးတံဆိပ်မဟုတ်ဘူး ပဒေသာဓာတ်ပြား။
ကြည်စိုးထွန်း။ ။ ပဒေသာက ကိုမျိုးလှိုင်မဟုတ်လား။
မင်းသားကြီးမြင့်စိုး။ ။ ကိုမျိုးလှိုင်လေ။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
မင်းသားကြီးမြင့်စိုး။ ။ ကိုမျိုးလှိုင်နဲ့သူက အတူတူပဲ လုပ်ခဲ့တာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား။
မင်းသားကြီးမြင့်စိုး။ ။ လုပ်ခဲ့တော့ ဦးကျင်စိန်က သူက သီချင်းအကြောင်း
နားလည်တယ်။ သီချင်းကို ဟိုတုန်းက ဆရာ ရွှေပြည်အေးတို့ ဘာတို့၊ တက္ကသိုလ်စိုးတို့ အဲဒီလိုနာမည်ကြီးတဲ့ ဆရာတွေ နဲ့ သီချင်းရေးခိုင်းတာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ သီချင်းတွေကလည်း အတော်ကောင်းတယ်။
ကျွန်တော်လည်း အဆိုတော်ပြဇာတ်မင်းသားဆိုတော့ အဲဒီဇာတ်ထုပ်မှာ သီချင်းပဲ ၁၀ ပုဒ်၊ ၁၅ ပုဒ် လောက်ဆိုရတယ်။ သီချင်းတွေက လည်း အလွန်ကောင်းတယ်။
ကြည်စိုးထွန်း။ ။ musical ဖြစ်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ရည်ရွယ်ချက်က ဇာတ်ကားထွက်သွားပြီးရင် ဒီသီချင်း
တွေဓာတ်ပြားသွင်းပြီးရောင်းဖို့ တစ်ချက်ခုတ် နှစ်ချက် ပြတ်ပေါ့ဆရာရယ်။ ဒါကဘာလို့လဲဆိုတော့ အေဝမ်းမှာလည်းဟိုတုန်းက ဒီလို လုပ်တာကိုး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အေးဝမ်းဓာတ်ပြားလုပ်တုန်းက ကျားဦးသိန်းမောင်က
သီချင်းတော့သီချင်းပေါ့ ဒါပေမဲ့ ဇာတ်လမ်းကို ဦးစား ပေးပြီးတော့ ရိုက်ချင်တယ်။
ကြည်စိုးထွန်း။ ။ ဒါပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဆရာတို့လိုပေါ့။ သူ့ဇာတ်လမ်းက ကျောရိုးမပျက်စေ
ချင်ဘူးပေါ့။ ကျွန်တော်တို့အထင်ကတော့ တစ်ယောက် တစ်ယောက် အဲဒီဇာတ်လမ်းအရလည်း ဖြစ်နိုင်တယ်။ တစ်ယောက် တစ်ယောက် ငွေပေးငွေယူ ကတိမတည်တာတွေလည်း ဖြစ်နိုင်သလို တစ်ခုခုပေါ့ ဆရာရယ်။
ကြည်စိုးထွန်း။ ။ တစ်စုံတစ်ခုပေါ့။
မင်းသားကြီးမြင့်စိုး။ ။ အကြောင်းတစ်ခုခုတော့ ရှိမှာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒါနဲ့ ဦးသိန်းမောင်နဲ့ ကျားသိန်းမောင်နဲ့မရိုက်ဖြစ်ဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ မရိုက်ဖြစ်တော့ ကျွန်တော်ကမေးတယ် ဘာဖြစ်လို့လဲ
ဆိုတော့ သူက မောင်မြင့်စိုး ဘာမှမပူနဲ့သီချင်းကောင်း တယ်။ ဒါနဲ့ ဦးကျင်စိန်နဲ့ ရိုက်ဖြစ်တယ်။ သီချင်းတွေက ပေါက်တယ်။ ဇာတ်ကား ကတော့ သိပ်ပြီးတော့ အောင်မြင်တဲ့အထိ မရောက်ဘူးပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ မှန်တန်းပဲသွားတာပေါ့။
ကြည်စိုးထွန်း။ ။ နောက်ကျတော့ ခုနက “ဤရူပ”။
မင်းသားကြီးမြင့်စိုး။ ။ “ဤရူပ” ဟုတ်ပြီဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဖိုးပါကြီးနဲ့နော် ဖိုးပါကြီးနဲ့ တင်တင်မူနဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ပါတယ်။
ကြည်စိုးထွန်း။ ။ ဒါရိုက်တာက တက္ကသိုလ်နေဝင်း။
မင်းသားကြီးမြင့်စိုး။ ။ ဗိုလ်ထွန်းလှဆရာ။
ကြည်စိုးထွန်း။ ။ ဗိုလ်ထွန်းလှပေါ့။ ရုပ်ရှင်အင်မတန်ဝါသနာပါတာကိုး။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ကျွန်တော်ဖတ်ဖူးတာက တက္ကသိုလ်နေဝင်းကို
အေဝမ်းကတောင်မှနော် ဗိုလ်ထွန်းလှကို သူက မင်းသားတင်ဖို့အကြောင်းရှိတယ်။ မင်းသားလုပ်မလားဆိုပြီးတော့ စာရေးသေး တယ် ပြောတယ်၊ သူကစာမပြန်ဘူးတဲ့၊ ဘာဖြစ်လို့လဲမသိဘူး၊ စာမပြန်လိုက်လို့တဲ့ အဲဒါလေး ကျွန်တော် တစ်နေရာမှာဖတ်ဖူးတယ်။
မင်းသားကြီးမြင့်စိုး။ ။ ပါးချိုင့်လေးနဲ့ဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ တက္ကသိုလ်နေဝင်းက ဟိုတုန်းက အင်္ဂလိပ်မင်းသားကြီး
ကယ်ရီဂရန့် (Carry Grant)လေ။
ကြည်စိုးထွန်း။ ။ ဟုတ်ပါ့။
မင်းသားကြီးမြင့်စိုး။ ။ ကယ်ရီဂရန့်နဲ့သွားတူတယ်ဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်တယ်အဲဒါနဲ့လည်းတစ်ခါ “ဤရူပ”ဆိုတာ
ရိုက်ဖြစ်တယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ 'ဤရူပ'ရိုက်တော့ ဖိုးပါကြီးပါတယ်။
ကြည်စိုးထွန်း။ ။ အဲဒါက ဇဝနရဲ့ဝတ္ထုလား။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ပါတယ်ဆရာ။ဆရာဇဝနရဲ့ ဇာတ်ထုပ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ သူကဖိုးပါကြီးနဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်နဲ့။
ကြည်စိုးထွန်း။ ။ မင်းသားကြီးနဲ့က လိမ်ကြတာနော်လိမ်ကြတာ။
မင်းသားကြီးမြင့်စိုး။ ။ mistake ပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဇာတ်လမ်းကဖိုးပါကြီးက စာရေးဆရာ။ ကျွန်တော်က
ဂီတဆရာ ဂီတဝါသနာ၊ သူက စာရေးတာ၊ စာရေး တော့ စွံတော့ သူ့ကို စာရေးဆရာဆိုတော့ မိန်းကလေးတွေက မိတ်ဆက် ကြတာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ စာဖတ်ပရိသတ်အမျိုးသမီးတွေက။
မင်းသားကြီးမြင့်စိုး။ ။ စာရေးဆရာနာမည်တောင် သူကတော်တော်
ရုပ်ဆိုးနာမည်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ကုသမဟုတ်လား။
မင်းသားကြီးမြင့်စိုး။ ။ ကုသ ဟုတ်တယ် ကုသ။ ကုသဆိုတဲ့ နာမည်နဲ့
မိတ်ဆက်ကျတော့ မင်းသမီးတင်တင်မူက
မိတ်ဆက်တာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဆရာကုသရှင့် ဆရာ့စာတွေက သိပ်နုသိပ်လှတယ်။
အရေးအသားလည်း အဖွဲ့အနွဲ့တွေ သိပ်ကောင်း တယ်ဆိုတော့ ဆရာ့ကိုမိတ်ဆက်ချင်ပါတယ်။ ဆရာ့ ဓာတ်ပုံလေး ကျေးဇူးပြု ပြီးတော့ ကျွန်မဆီကို ပို့ပေးပါရှင့်ပေါ့ ကျွန်မ မျှော်လင့်ပါတယ် ဘာညာ ဘာညာနဲ့ပေါ့ဆရာရယ်။ မြူတင်လေးနဲ့လုပ်လိုက်တော့ သူက သူ့ပုံကိုပြလို့ ရှိရင်သူ့ကို......။
ကြည်စိုးထွန်း။ ။ ခါမယ်ပေါ့ ခါမှာစိုးလို့။
မင်းသားကြီးမြင့်စိုး။ ။ ကဲမြင့်စိုးမင်းဓာတ်ပုံနဲ့ငါပေးလိုက်မယ်ကွာ ဆိုတော့
ကျွန်တော့်ဓာတ်ပုံလှလှလေးကိုပေးလိုက်ရော။
ကြည်စိုးထွန်း။ ။ ဟုတ်။
မင်းသားကြီးမြင့်စိုး။ ။ ပို့လိုက်တော့ တင်တင်မူက စာရေးလည်းကောင်း
တယ်၊ ရုပ်လည်းချောတယ်ဆိုတော့ စွဲလမ်းသွားပါ လေရော ကုသကို။ ကျွန်တော်က ကုသ ဖြစ်နေတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ သူကလိုက်လာတော့ အဲဒီမှာတလွဲတချော်တွေ
ဖြစ်ကုန်တာပေါ့။
ကြည်စိုးထွန်း။ ။ ဒါပေါ့ ဟာသတွေ။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာဆရာရဲ့ ကျွန်တော့်ဘဝမှာ ထူးထူးဆန်းဆန်း
စာရေးဆရာ တက္ကသိုလ်နေဝင်းဖြစ်တဲ့အတွက်
ကျွန်တော်အဲဒီဇာတ်ကားမှာ ဒိုင်ယာလော့ခ်ကိုအရှည်ကြီး ပြောရတယ်ဆရာ။ ကျွန်တော့်ကို အေဖိုးနဲ့ စာမျက်နှာ နှစ်မျက်နှာ၊ သုံးမျက်နှာလောက်ကို ပြောရတယ်။ ဆရာဗိုလ်ထွန်းလှက အဲဒါတွေလည်း ပါမှာပေါ့ဆရာရယ်။
ရုပ်ရှင်ဆိုတာ ဆရာသိပါတယ်။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ရုပ်ကရှင်မှကောင်းတာကိုး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဒိုင်ယာလော့ခ်တွေက အရှင်ဖြစ်နေတော့ ရုပ်ရှင်
ဖြစ်တယ်ပေါ့ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ရုပ်ရှင်ဖြစ်တော့ အဲဒီကားလည်း သိပ်ပြီးတော့
အောင်မြင်သင့်သလောက်မအောင်မြင်ဘူး။
ကြည်စိုးထွန်း။ ။ ဒါပေါ့မှန်တာပေါ့ဒိုင်ယာလော့ခ်များတော့။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments