ပြစ်ဒဏ်အသီးသီးချမှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် 
အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း၌ 
သင်တန်းတက်ရောက်ခဲ့သူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်  ဇန်နဝါရီ  ၇


ရန်ကုန်တိုင်းဒေသကြီး  မြောက် ဥက္ကလာပမြို့နယ်၌ အောင်ပိုင်သူ (ခ) မိုးညို (ဘ) ဦးသန်းနိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှု     ဖြစ်စဉ်များတွင် တက်ကြွစွာ   ပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌      သင်တန်း တက်ရောက်ခြင်းတို့ကြောင့်လည်း ကောင်း၊         ထက်ဝေယံ(ခ) နောင်နောင် (ဘ) ဦးဇော်နိုင်သည်  အောက်တိုဘာလအတွင်း ဖောက် ခွဲဖျက်ဆီးရေး         လုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့်    လည်း ကောင်း၊ ညိုချော (ခ) ရာဇာ (ဘ)ဦးသန်းဌေးသည်    ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင်    တက်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊     ဖောက်ခွဲ ဖျက်ဆီးရေး    လုပ်ငန်းများနှင့် လုပ်ကြံ    သတ်ဖြတ်မှုများတွင် ပါဝင်   ဆောင်ရွက်ခြင်းကြောင့် လည်းကောင်း၊    ဖြိုးအောင်  (ခ)ကိုဖြိုး (ဘ) ဦးသောင်းထွန်းသည် ဆူပူဆန္ဒပြမှု     ဖြစ်စဉ်များတွင် တက်ကြွစွာ   ပါဝင်လှုပ်ရှားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌    သင်တန်း တက်ရောက်ခြင်း၊   မိုင်းထောင် ဖောက်ခွဲခြင်းတို့ကြောင့်   လည်း ကောင်း၊ ထက်လွင်ကို(ခ)ထက်ရှား (ခ)ရှားတင်(ဘ)ဦးဇော်ဝင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ်     သတ်မှတ် ကြေညာထားသည့်   အဖွဲ့အစည်း များနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ကောင်း၊ ဇင်မင်းထွန်း(ခ)ဒိုးလေး (ဘ)  ဦးထွန်းထွန်း    အပါအဝင် လေးဦးသည်      တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့      နယ်မြေ အတွင်း၌     ဖောက်ခွဲဖျက်ဆီးရေး သင်တန်း     တက်ရောက်ခြင်း ကြောင့်လည်းကောင်း စစ်အုပ်ချုပ် ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု      တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (ည)အရ ၂၀၂၂  ခုနှစ်    ဇန်နဝါရီ  ၆  ရက် တွင်   ၎င်းတို့အား      “ထောင်ဒဏ် တစ်သက်”  ပြစ်ဒဏ်အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

 


စစ်ခုံရုံးဖွဲ့၍ စစ်ဆေး


အလားတူ အောက်တိုဘာ ၁၃  ရက်တွင် ဇွဲဝေယံထွဋ်(ခ) အက်ဒီ ဇင်  (ဘ) ဦးနိုင်ဝင်း  အပါအဝင် လေးဦးသည် ရန်ကုန်တိုင်းဒေသ ကြီး  ရွှေပြည်သာမြို့နယ်  အမှတ် (၅/၁)ရပ်ကွက်   ယုဇနလမ်းနေ ရာအိမ်မှူးတစ်ဦးအား သေနတ် ဖြင့်   ဝိုင်းဝန်းလုပ်ကြံသတ်ဖြတ် ခဲ့ခြင်းကြောင့်   စစ်အုပ်ချုပ်ရေး (Martial   Law)  စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု    တိုက်ဖျက်ရေး ဥပဒေပုဒ်မ   ၅၀(က)/ ၅၄  အရ ဇန်နဝါရီ   ၆  ရက်တွင်  ၎င်းတို့ လေးဦးအား   “သေဒဏ်”  အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

 


ပြစ်ဒဏ်အမိန့်ချမှတ်


ထို့အတူ နိုဝင်ဘာ ၁၇ ရက် တွင် စိုးနိုင်(ဘ)ဦးမြအေး အပါ အဝင် အမျိုးသား ခုနစ်ဦးသည် မြောက်ဥက္ကလာပမြို့နယ်    (ဌ)ရပ်ကွက်အတွင်း၌ ရပ်ရွာအေးချမ်း သာယာရေးနှင့်    အများပြည်သူ လုံခြုံရေးတာဝန်    ထမ်းဆောင် လျက်ရှိသော   ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ဝင်များအား နှောင့်ယှက် တားဆီးခြင်းကြောင့်    လည်း ကောင်း၊ ထက်ရှား(ခ)ထက်လွင် ကို (ခ) ရှားတင်(ဘ)ဦးဇော်ဝင်း အပါအဝင် သုံးဦးသည် မြောက် ဥက္ကလာပမြို့နယ်   (ဌ)ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ ရာအိမ်မှူးတစ်ဦး ၏ နေအိမ်အား လက်လုပ်ချိန်ကိုက် ဗုံးတစ်လုံးဖြင့် ပေါက်ခွဲရန်ကြိုးစား ခဲ့သည့်အတွက်ကြောင့်   လည်း ကောင်း၊ စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ - ဂ အရ ဇန်နဝါရီ ၆ ရက်တွင်  ၎င်းတို့  ၁၀   ဦးအား  “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။

 


အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ များအနက်မှ    ထွက်ပြေးလွတ် မြောက်နေသူများအား   ၎င်းနှင့် စပ်လျဉ်း၍    ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန်    အမိန့်ချမှတ်ခဲ့ ကြောင်း သိရှိရသည်။

 


 မြန်မြန်ဆန်ဆန် အရေးယူ


စစ်အုပ်ချုပ်ရေးအမိန့်  ထုတ် ပြန်ကြေညာထားသည့်   မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကိုဖောက်ဖျက် ကျူးလွန်ပါက        စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ    ဆောင်ရွက်ကာ ထိထိရောက်ရောက်     မြန်မြန် ဆန်ဆန်  အရေးယူဆောင်ရွက် လျက်ရှိကြောင်း    သတင်းရရှိ သည်။


သတင်းစဉ်