အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများကြောင့် ဓာတ်အားလိုင်းတာဝါတိုင်များ ပျက်စီးဆုံးရှုံးခဲ့ရ

 

နေပြည်တော်  ဇန်နဝါရီ  ၈


CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံ များနှင့် တာဝါတိုင်များအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

 


ထိုသို့       အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲ  ဖျက်ဆီးခြင်းကြောင့် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်းရှိ  တကောင်း နီကယ်စက်ရုံ၏ အရှေ့ဘက် တွင် ပေါက်ကွဲသံကြားခဲ့ရပြီး လျှပ်စစ် မီးလိုင်းများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါစက်ရုံသို့     လုံခြုံရေးတပ်ဖွဲ့ ဝင်များက    သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံအနီးတစ်ဝိုက်တွင်      ပေါက်ကွဲ ပျက်စီးမှု  မတွေ့ရှိရဘဲ  ၂၂၀  ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက်ရှိ   တာဝါ တိုင်များအား  စစ်ဆေးမှုများ  ဆက်လက် ဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၃ နာရီခန့် တွင်    မိုင်းခွဲဖျက်ဆီးခြင်းခံထားရသည့် တိုင်အမှတ် T-၂၄၅ နှင့် T-၂၄၄ တို့တွင် အောက်ခြေမှ ကျိုး၍ လဲကျနေကြောင်းနှင့် တိုင်အမှတ်  T-၂၄၃  တွင်  အောက်ခြေ တိုင်များ  တိမ်းစောင်းပြတ်ထွက်ပျက်စီး နေကြောင်း တွေ့ရှိရသည်။

 


PDF  အမည်ခံအကြမ်းဖက်သမား များ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်များ  ပျက်စီးခဲ့ရပြီး   လျှပ်စစ်မီးများ   ပြတ် တောက်ခဲ့ကြောင်း၊  စက်ရုံလည်ပတ်မှု မရပ်တန့်စေရေးနှင့် လျှပ်စစ်မီးလိုင်းများ  ပြန်လည်    ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာမှ      တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲ   ထွက်ပြေးလျက် ရှိသော    PDFအမည်ခံ   အကြမ်းဖက် သမားများအား        ဖမ်းဆီးရမိနိုင်ရေး စစ်ဆေး    ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                    

သတင်းစဉ်