တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်   ဇန်နဝါရီ   ၈


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး      ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး   ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၆ ရက်တွင်ရခိုင်ပြည်နယ် အမ်းမြို့နယ်     မဲလက်မောင်း ကျေးရွာအနီး      စစ်တွေ-အမ်း ကားလမ်းတွင်   တရားမဝင်သစ် များ  သယ်ဆောင်လာကြောင်း သတင်းအရ     ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ   ယာဉ် နှစ်စီးပေါ်မှ တောင်သရက်ခွဲသား ၄ ဒသမ ၂၇ တန်အား  စစ်ဆေး တွေ့ရှိ သိမ်းဆည်းရမိသည်။

 


ထို့အတူ    ယနေ့တွင်   ရှမ်း ပြည်နယ် ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်း သွင်းကုန် ယာဉ်ငယ်စစ် နေရာတွင် ပူးပေါင်းအဖွဲ့မှစစ်ဆေး ခဲ့ရာ  မော်တော်ယာဉ်   အမှတ် 8J-8801 ပေါ်မှ စားသောက်ကုန် ပစ္စည်း နှစ်မျိုး   ၁၉၅ ဖာ၊ ခန့်မှန်း တန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။

 


အလားတူ     ပဲခူးတိုင်းဒေသ ကြီး   တရားမဝင်   ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်    ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များမှ     သတင်းအရ ပဲခူးခရိုင်နှင့်   သာယာဝတီခရိုင် အတွင်းရှိ သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင်သစ်ထုတ်လုပ် မှုများကို ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်းသစ်  ၂၄ တန်၊ သစ်မာ  ၆ တန်နှင့်   အခြားသစ် ၂၉ တန်   စုစုပေါင်း   သစ်မျိုးစုံ ၅၉ တန်ကို ဖမ်းဆီးရမိခဲ့သည်။

 


သို့ပါ၍ ဇန်နဝါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်မှ သစ် ၄ ဒသမ ၂၇ တန်၊ ယနေ့တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ    အမှုတွဲ တစ်မှု၊   ခန့်မှန်းတန်ဖိုး   ငွေကျပ် ၄,၀၀၀,၀၀၀ နှင့်  ပဲခူးတိုင်းဒေသ ကြီးမှ   သစ်မျိုးစုံ   ၅၉ တန်ကို ဖမ်းဆီးရမိ  သိမ်းဆည်းအမှုတွဲ ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူ   ဆောင်ရွက်လျက်ရှိ ကြောင်း   တရားမဝင်  ကုန်သွယ် မှု     တိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။  


သတင်းစဉ်