
နေပြည်တော် ဇန်နဝါရီ ၈
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီတွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် နတ်စင် လမ်းနေ မြင့်ဝေ (ခ) ဝတုတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း၊ ထို့အတူယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သာကေတမြို့နယ် အမှတ်(၃) ရန်ပြေရပ်ကွက် ရန်အောင်လမ်းတွင် မိုးထက်နိုင် (ခ) မိုးလေး မောင်းနှင်ပြီး စိုးလင်းဖြိုး(ခ)ကိုဖြိုး လိုက်ပါလာ သည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ မိုးထက်နိုင်(ခ)မိုးလေး၏ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၀ ကို လည်းကောင်း။
ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် နမ့်စန် မြို့နယ် နောင်ဟီးကျေးရွာအုပ်စု ကုန်းဆာကျေးရွာနေ စိုင်းလှိုင်ခမ်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ကို လည်းကောင်း၊ အလားတူ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် အေးသာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် တောင်ကြီး မြို့နယ် အေးသာယာမြို့ အမှတ် (၁၂) ရပ်ကွက်တွင် မလှကီးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရ သည်။
ရဲပြန်ကြား