မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

 

နေပြည်တော်   ဇန်နဝါရီ    ၉


ရှမ်းပြည်နယ်  အရှေ့ပိုင်း  မိုင်းပျဉ်းမြို့နယ် တုံတာနယ်မြေရဲစခန်းမှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် နံနက် ၇ နာရီတွင် ပါထားကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း ၃ ဒသမ ၅ ဧကခန့်နှင့် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်  တောင်ပိုင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည်  ပင်လောင်း မြို့နယ်     စင်းတောင်ကျေးရွာအုပ်စု   ထီတလီကျေးရွာအနီးရှိ   ဘိန်း စိုက်ခင်းဧက ၃၀ ခန့်ကို ဖျက်ဆီးခဲ့သည်။

 


အလားတူ မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များပါဝင်သော     ပူးပေါင်းအဖွဲ့သည် နောင်ကျေးရွာ၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ တောင်ကမ်းပါးယံ ၌ ၂ ဧကခန့်ရှိ ဘိန်းစိုက်ခင်း တစ်ခင်း၊ တောင်ကျောပေါ်၌ ၂ ဒသမ ၅ ဧကခန့်ရှိ  ဘိန်းစိုက်ခင်း  တစ်ခင်းနှင့်  သုံးဧက ခန့်ရှိ ဘိန်းစိုက်ခင်း တစ်ခင်း တို့ကို ဖျက်ဆီးခဲ့သည်။

 


ထို့ပြင်  ဇန်နဝါရီ ၈ ရက်  နံနက် ၈ နာရီတွင်  ရှမ်းပြည်နယ် တောင်ပိုင်း  ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်သာကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ ဘိန်းစိုက်ခင်းဧက ၃၀ ခန့် နှင့် နံနက် ၉ နာရီ မိနစ် ၅၀ တွင် မိုင်းခက် မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဝမ်ကျောင်းကျေးရွာ၏   အရှေ့မြောက်ဘက်   သုံးဖာလုံခန့်အကွာရှိ ဘိန်းစိုက်ခင်း ၂ ဒသမ ၅ ဧကခန့်တို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 


ရဲပြန်ကြား