အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်  ဆမ်ဒက်  အာခါ  မိုဟာ  ဆီနာ  ပါတိုင်း  တဲ့ချို ဟွန်ဆင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာ နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ကောင်းသောအကျိုး ရလဒ်များကို ဆောင်ကြဉ်းခဲ့သည်။


ခရီးစဉ်အတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း များဆောင်ရွက်နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယား နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်နိုင်မည့်အခြေအနေ၊ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်အညီ  မြန်မာနိုင်ငံမှဆောင်ရွက်နေမှုအခြေအနေ၊     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  အကူအညီပေးရေး ကိစ္စများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့်ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေ အနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည်။


အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့် ကာလတွင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင် စေမည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စဉ်များ၌  ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများကို   မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများသည်  မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ကာလ စိန်ခေါ်မှုများကြားတွင် အကောင်းမြင်အပြုသဘောဆောင်သော မိတ်ဆွေ ကောင်းပီသသည့် ပြင်းပြသောစိတ်ဆန္ဒများကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ 


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်၍ အာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်၌ ကမ္ဘော ဒီးယားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့်အခါ မြန်မာနိုင်ငံနှင့် ထိတွေ့ဆောင်ရွက်မှုများသည် အပေါင်းလက္ခဏာဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးအား   အာဆီယံဥက္ကဋ္ဌ၏    အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းကို ကြိုဆိုခဲ့သည်။ 


မြန်မာနိုင်ငံအနေဖြင့်    အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ     အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အား အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝပံ့ပိုးသွားမည် ဖြစ်ကြောင်းနှင့် အာဆီယံ၏တူညီဆန္ဒ(၅)ချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူပြုသင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အလေးအနက် ထားပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ရရှိရန် အတွက် ကမ္ဘောဒီးယားနိုင်ငံ၏ နှစ်ဦးနှစ်ဖက်အကျိုးရှိသောမူဝါဒကို ရှင်းလင်း မျှဝေခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)များနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်အကုန်အထိ ထပ်မံတိုးမြှင့် သွားရန် အသိပေးခဲ့သည်။


ကမ္ဘောဒီးယားဝန်ကြီးချုပ်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် သက်ဆိုင်သူများအကြား အပြုသဘောဆောင် သည့်ဆွေးနွေးမှုများပြုလုပ်ရေးနှင့် တင်းမာမှုများ လျှော့ချရေးတို့ကိုရည်ရွယ် သည့်  တောင်းဆိုခဲ့မှုအပေါ်  ခိုင်မာစွာထောက်ခံခဲ့သည်။    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စား လှယ်၏ပါဝင်မှုကို ကြိုဆိုခဲ့သည်။ ထို့အပြင် မြန်မာပြည်သားများအတွက် လူသားချင်း စာနာကူညီပံ့ပိုးမှုများပေးအပ်ရာတွင် အမှန်တကယ်လိုအပ်သည့် ပြည်သူများထံသို့ အကူအညီများ ခွဲခြားမှုမရှိဘဲ ပေးအပ်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် လူ့အသက် ကယ်ဆယ်ရေးသည် အရေးအကြီးဆုံးကိစ္စဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များ အသိအမှတ်ပြုခဲ့သည်။


သို့ဖြစ်ရာ ကမ္ဘောဒီးယား-မြန်မာ ထိတွေ့ဆက်ဆံနိုင်မှုသည် အာဆီယံ၏ တူညီဆန္ဒများနှင့်ထင်ဟပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန်အထောက်အကူပြုမည့် အာဆီယံ၏တူညီဆန္ဒ (၅) ချက် အကောင် အထည်ဖော်နိုင်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။    ။