
ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြစ်တွင်း၌ ဒလမြို့နယ်ဘက် ခြမ်းရှိ သမ္မတကမ်းခြေ စက်တပ် သမ္ဗန်ကူးတို့ဆိပ်နှင့် ဗိုလ်တထောင် ဆိပ်ကမ်းတို့သို့ ကူးတို့ပြေးဆွဲပေး နေသော စက်တပ်သမ္ဗန်တစ်စင်း နှင့် အနောက်မှ မောင်းနှင်လာ သည့် တွဲရေယာဉ်တို့ ယနေ့ နံနက် ၇ နာရီ မိနစ် ၄၀ က မြစ်အလယ် တွင် တိုက်မှုဖြစ်ပွားရာ စက်တပ် သမ္ဗန် တစ်စင်းနစ်မြုပ်ခဲ့သည်။
အဆိုပါ ရေယာဉ်နစ်မြုပ်မှု ကြောင့် တွဲရေယာဉ် အောက်သို့ ခရီးသည် အားလုံးနစ်မြုပ်သွားပြီး မကြာမီအချိန်တွင် ရေပေါ်သို့ ရောက်ရှိခဲ့ရာ သမ္မတကမ်းခြေ ကူးတို့ဆိပ်နှင့် ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြေးဆွဲနေသော စက်တပ်သမ္ဗန်ရေယာဉ်များ အနီး တွင် ကူးသန်းပို့ဆောင်နေခြင်း ကြောင့် ခရီးသည်များကို အသက် ရှင်လျက် အချိန်မီကယ်တင်နိုင်ခဲ့ ကြောင်း၊ သမ္ဗန်ပေါ်တွင် ရေယာဉ် မောင်းသူ အပါအဝင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၁၁ ဦး လိုက်ပါလာခဲ့ပြီး အားလုံးကို ပြန်လည်ကယ်ဆယ် နိုင်ခဲ့ကြောင်း၊ တွဲရေယာဉ်နှင့် ပွတ်တိုက်မှုအရှိန်ကြောင့် ခရီး သည်များ အနည်းငယ်ထိခိုက်မှု နှင့် အသုံးအဆောင် ပစ္စည်းအချို့ (လက်ကိုင်ဖုန်း၊ ငွေစက္ကူရောရာ) မြစ်ထဲကျသွားကြောင်း၊ စက်တပ် သမ္ဗန်မှာ တွဲရေယာဉ်နှင့်ပွတ်တိုက် မှုကြောင့် ကျိုးပဲ့၍ မြစ်အတွင်း နစ်မြုပ်သွားကြောင်း မြို့နယ် စက်တပ်ရေယာဉ် ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
စက်တပ်သမ္ဗန် နစ်မြုပ်မှု ဖြစ်စဉ်တွင် ပါဝင်သောခရီးသည် အမျိုးသမီးတစ်ဦးက “သမ္ဗန် ပေါ်မှာ အသက်ကယ်အင်္ကျီတွေ ပါတယ်။ မဝတ်ထားတဲ့အခါ ကျတော့ ဖြစ်လာတဲ့အချိန်မှာ ဆွဲထုတ်တယ်၊ ပြန်ပြီးတော့ မြုပ်သွားတယ်၊ သမ္ဗန်စီးရင် ဝတ်ထားမှ အဆင်ပြေမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ရန်ကုန်မြစ် အတွင်း၌ စက်တပ်သမ္ဗန်ရေယာဉ် တိမ်း မှောက်မှုနှင့် တိုက်မှုများ မကြာ ခဏဖြစ်ပွားလျက်ရှိရာ ဇန်နဝါရီ ၂ ရက်က မှော်စက် စက်တပ်သမ္ဗန် ကူးတို့ဆိပ်နှင့် မော်တင်ဆိပ်ကမ်း ဘက်သို့ ပြေးဆွဲသည့် စက်တပ် သမ္ဗန်တစ်စင်း တိမ်းမှောက်မှု ကြောင့် ရေယာဉ် မောင်းသူနှင့် ခရီးသည် ၁၁ ဦး တို့အနက် ခရီးသည်တစ်ဦး နစ်မြုပ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ယခု ၁၂ ရက် တွင် သမ္မတကမ်းခြေကူးတို့ဆိပ်မှ ရေယာဉ်မောင်းသူနှင့် ခရီးသည် ၁၀ ဦး လိုက်ပါသည့် စက်တပ် သမ္ဗန်ရေယာဉ် တစ်စင်း မြစ်လယ် တွင် တွဲရေယာဉ်တစ်စင်းနှင့် တိုက်မှုကြောင့် ခရီးသည်များ သေဆုံးမှုမရှိဘဲ ထိခိုက်မှုအချို့ ရှိခဲ့ပြီး အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရ သည်။
သုတ