မိုင်းခတ်မြို့နယ်၌ သီးပွင့်ဆဲဘိန်းခင်း ခြောက်ဧက ဖျက်ဆီး

 

မိုင်းခတ်  ဇန်နဝါရီ   ၁၂


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်​  နောင်လုံးအုပ်စု   ဟိုလင်း အ​ပေါ်ရွာအ​ရှေ့ဘက်    လေးမိုင်ခန့်အကွာရှိ   သီးပွင့်ဆဲဘိန်းခင်း ခြောက်ဧကကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့ က  သွား​ရောက်ဖျက်ဆီးခဲ့သည်။

 


မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမြင့်စိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ‌စိုးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်လှုပ်ရှားတပ်ဖွဲ့မှ ဒုရဲအုပ်သိန်းထွန်း၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီး ဖြိုးလင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ က အပင်အမြင့် နှစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း  ခြောက်ဧကကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ  ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရန် စီမံချက်များ ရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းကိုရပ်တန့်ကာ  အခြားစီးပွားဖြစ် သီးနှံများ စိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။                                      

 မြို့နယ်(ပြန်/ဆက်)