ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချ၍ အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

 

နေပြည်တော်   ဇန်နဝါရီ   ၁၃


စစ်ကိုင်းတိုင်းဒေသကြီး     ထီးချိုင့်မြို့နယ်အတွင်း  အဖျက်အမှောင့်လုပ်ငန်းများ       လုပ်ဆောင်ရန် အတွက် PDF အမည်ခံ  အကြမ်းဖက်သမားများက မရသိမ်ကျေးရွာ   အခြေခံပညာမူလတန်းကျောင်း အတွင်း စခန်းချအခြေပြုလျက်ရှိကြောင်း သတင်း အရ      လုံခြုံရေးတပ်ဖွဲ့ဝင်များက   ယနေ့တွင် သွားရောက်ချေမှုန်းဖမ်းဆီးခဲ့သည်။

 


ဖြစ်စဉ်မှာ   PDF   အမည်ခံ အကြမ်းဖက်သမားသည် စစ်ကိုင်း တိုင်းဒေသကြီး    ထီးချိုင့်မြို့နယ်   မရသိမ်ကျေးရွာရှိ      အခြေခံ ပညာမူလတန်းကျောင်းအတွင်း                  စခန်းချ  အခြေပြုအကာအကွယ် ရယူ၍  အကြမ်းဖက်လုပ်ရပ်များ ကို   ဆောင်ရွက်ရန်   ပြင်ဆင်နေ ကြောင်း   ဆူပူအကြမ်းဖက်မှုကို မလိုလားသည့်         ကျေးရွာသား အချို့က ကျေးရွာအနီးဆုံးရှိ  လုံခြုံ ရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက် ဆက်သွယ်       အကြောင်းကြား သတင်းပို့လာသဖြင့်    လုံခြုံရေး တပ်ဖွဲ့ဝင်များက     ယနေ့နံနက် ၁၀ နာရီခန့်တွင်   အဆိုပါကျေးရွာ သို့    သွားရောက်၍  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ    ဆောင် ရွက်ခဲ့ရာ  PDF အမည်ခံ   အကြမ်း ဖက်သမားများက  ၎င်းတို့  အကာ အကွယ်ရယူထားသော    စာသင် ကျောင်းအတွင်းမှ လုံခြုံရေးတပ်ဖွဲ့ ဝင်များအား     လက်နက်ကြီး/ လက်နက်ငယ်များဖြင့်  ပစ်ခတ် တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ  အကြမ်းဖက်သမား များသည်    နေ့လယ် ၁၂ နာရီခန့် တွင်  ကျေးရွာ၏ တောင်ဘက်သို့    ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။

 


အဆိုပါ   အကြမ်းဖက်သမား များ     ပစ်ခတ်တိုက်ခိုက်ခဲ့သည့်   စာသင်ကျောင်းအား   လုံခြုံရေး တပ်ဖွဲ့ဝင်များက     ဝင်ရောက် စစ်ဆေးခဲ့ရာ   အကြမ်းဖက်သမား များသည်    စာသင်ကျောင်းအတွင်း/အပြင်၌        ခြံစည်းရိုးပတ်လည် သဲအိတ်များ ကာရံခြင်း၊   မိုင်းများ ထောင်ထားခြင်း၊       သဲအိတ် ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက်  လေ့ကျင့်ရေးကွင်း များ ဖောက်လုပ်ခြင်းများ ပြုလုပ်၍  စာသင်ကျောင်းအား   အခိုင်အမာ စခန်း  တည်ဆောက်ထားသည်ကို တွေ့ရှိရပြီး           ၎င်းတို့ထံမှ တစ်တောင့်ထိုး        သေနတ် တစ်လက်၊   တူမီးသေနတ် ခုနစ် လက်၊ လက်လုပ်သေနတ်   နှစ် လက်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၂၁ လုံး၊    လက်လုပ်သံကိုယ်ထည် ဆွဲမိုင်း ခုနစ်လုံး၊    လေ့ကျင့်ရေး သေနတ် ၃၂ လက်၊    အကြမ်းဖက် လက်နက်များပြုလုပ်ရန်  ပြင်ဆင် ထားသည့်      တွင်ခုံ      တစ်ခု၊ မော်တော်ဆိုင်ကယ်   ခြောက်စီး၊ TNT ယမ်းများ၊ ဖောက်ခွဲဖျက်ဆီး ရာတွင် အသုံးပြုသည့်  သံတိုသံစ များနှင့် သံပိုက်လုံးများ၊   ပြောက် ကျား ယူနီဖောင်းများနှင့်    အသုံး အဆောင်ပစ္စည်းများအား    သိမ်း ဆည်းရမိခဲ့သည်။

 


အရေးယူဆောင်ရွက်သွားမည်


အကြမ်းဖက်သမားများ အနေ ဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာ  အဆောက်အဦ များနှင့်    ကျေးရွာများအတွင်း လူနေအိမ်များကို အကာအကွယ် ရယူ   ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ကျောင်းသူ    ကျောင်းသားများ ပညာ       သင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်း များအား   သိမ်းပိုက်၍  ရည်ရွယ် ချက်ရှိစွာဖြင့်      စခန်းချအခြေပြု အကာအကွယ်ယူ    တိုက်ခိုက်ခြင်း များသည်   ဂျီနီဗာကွန်ဗန်းရှင်း များနှင့်      အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ  စစ်ရာဇဝတ်မှု(War Crime)     ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု          တိုက်ဖျက်ရေး ဥပဒေ၊         ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ     တည်ဆဲဥပဒေ များဖြင့်          ၎င်းတို့အပေါ်   ထိရောက်စွာ အရေးယူနိုင်ရေး     ဆက်လက်   ဆောင်ရွက် သွားမည် ဖြစ်သည်။

 


ပူးပေါင်းပါဝင်


အကြမ်းဖက်သမားများ အနေ ဖြင့်            ကျေးရွာအချို့အတွင်း ဝင်ရောက်၍  အကြမ်းဖက်လုပ်ရပ် များ        လုပ်ဆောင်လျက်ရှိခြင်း ကြောင့်      ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင် ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ က နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်      ဆောင်ရွက်လျက်ရှိ ကြောင်းနှင့်      အကြမ်းဖက်အဖွဲ့ များ၏       ဝင်ထွက်သွားလာမှု သတင်းများ  ရရှိပါက သက်ဆိုင်ရာ သို့   လျှို့ဝှက်စွာ     သတင်းပေး၍ နယ်မြေ    တည်ငြိမ်အေးချမ်းရေး အတွက်          ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားကြောင်း    သိရ သည်။


သတင်းစဉ်