
နေပြည်တော် ဇန်နဝါရီ ၁၃
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္ဂလာမန္တလေးအိမ်ရာဝင်း၊ တိုက် (၃)၊ အခန်း (၃) မြေညီထပ်ရှိ ရွှေလွယ်အင်း (ငွေအပ်နှံ/ထုတ် ပေး) ကုမ္ပဏီသို့ Mask တပ်ဆင် လျက် လက်နက်ကိုင်ဆောင်ထား သည့် လူလေးဦး ဝင်ရောက်လာ ကာ ဝန်ထမ်းများအား ခြိမ်းခြောက် ၍ ကုမ္ပဏီရှိ ငွေကျပ်သိန်း ၃၀၀၀ ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေး သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည်။
အထက်ပါဖြစ်စဉ်မှ လုယက်မှု ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များက အချိန်နှင့်တစ်ပြေး ညီ စုံစမ်းပိတ်ဆို့ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျူးလမ်း အတွင်းရှိ ကန္တာရခြုံများကြား၌ ပြစ်မှုကျူးလွန်သူများ ရပ်ထား ခဲ့သော MDY/9C-4145 နံပါတ်ပါ ESTIMA အမျိုးအစား အဖြူရောင် ယာဉ်နှင့် ၎င်းယာဉ်ပေါ်၌ ကျပ် သိန်း ၃၀၀ ထည့်ထားသော ဆာလာအိတ်ဖြူ တစ်အိတ်၊ သေနတ်အတု အရှည် သုံးလက်၊ အတို နှစ်လက်၊ ပြောက်ကျား အနက်ရောင် ကျည်ကာအင်္ကျီ ငါးထည်၊ နိုင်ငံတော်တံဆိပ် တပ်ဆင်ထားသော ဦးထုပ်လေးလုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်း ရမိသော မော်တော်ယာဉ်ကို စိစစ်ခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အဆိုပါ ယာဉ်ကို မန္တလေးတိုင်းဒေသ ကြီး၊ အောင်မြေသာစံမြို့နယ်နေ သက်ပိုင်စိုး ဆိုသူ ပိုင်ဆိုင်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက် တွင် သက်ပိုင်စိုး (၂၈) နှစ်ကို ငွေကျပ်သိန်း ၇၆၀၊ မော်တော် ယာဉ် နှစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ကျောက်ပန်း တောင်းမြို့နယ်၊ တက်မရေနံမှော်၊ လုပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ပိုင်စိုး ၏ ထွက်ဆိုချက်အရ “ရွှေလွယ်အင်း” ကုမ္ပဏီ (ငွေအပ်နှံ/ထုတ်ပေးဌာန) အား လုယက်မှုကို ၎င်းကဦးဆောင် ၍ သန့်ဇင်၊ မျိုးကိုကိုဝင်း (ခ)ကုလား၊ သန်းဇော်ထွန်း (ခ)လင်းလင်းကို နှင့် ဇင်မျိုးဦး (ခ)သားကြီး တို့အပါအဝင် ငါးဦးက ပူးပေါင်း ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် တရားခံ များ တိမ်းရှောင်လျက်ရှိသည့် ဒေသအသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် သန့်ဇင် (၂၈) နှစ် (ဘ) ဦးခင်ဇော် ကို မော်တော်ဆိုင်ကယ် တစ်စီး နှင့်အတူ စစ်ကိုင်းမြို့၊ ထုံးဘို ရပ်ကွက်၊ ရွှေဒုံးရပ်ရှိ ၎င်း၏နေအိမ် တွင်လည်းကောင်း၊ မျိုးကိုကို ဝင်း (ခ) ကုလား (၁၉) နှစ် (ဘ) ဦးဝင်းမြင့်အား ငွေကျပ် ၄၅ သိန်း ဖြင့် ဝယ်ယူထားသော မြေကွက် ၂ ကွက်၊ ဆိုင်ကယ်တစ်စီးတို့ နှင့်အတူ စစ်ကိုင်းမြို့၊ အထက် တကောင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် သန်းဇော် ထွန်း (ခ) လင်းလင်းကို (၃၂)နှစ် (ဘ) ဦးဘိုဖြူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ၊ ကျောင်းစုရပ်နေသူအား ငွေကျပ်သိန်း ၁၀၀ နှင့်အတူ မွန်ပြည်နယ်၊ သထုံမြို့၌လည်း ကောင်း၊ ဇင်မျိုးဦး (၃၂) နှစ် (ဘ) ဦးမြင့်တင် နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ မရမ်းခုံကျေးရွာနေသူ အား ငွေကျပ် ၁၄ သိန်း၊ မော်တော် ယာဉ် တစ်စီး၊ ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုသည့် မော်တော် ဆိုင်ကယ် တစ်စီးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့််ကူး မြို့နယ်၊ ပျဉ်းပင်ကျေးရွာ၌ လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ငါးဦးနှင့် အတူ ချမ်းမြသာစည်မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်း ကြား၊ က-၇၊ အုန်းအင်းကျူး လမ်းအတွင်း၌ ရပ်ထားခဲ့သည့် ယာဉ်ပေါ်မှ တွေ့ရှိငွေကျပ်သိန်း ၃၀၀၊ တရားခံများထံမှ ပြန်လည် သိမ်းဆည်းရမိ ငွေကျပ် ၈၇၄ သိန်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် မော်တော်ယာဉ် သုံးစီး ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၅၄၀ ခန့်၊ ဆိုင်ကယ် နှစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ခုနစ်သိန်းခန့်နှင့် ၎င်းတို့ ဝယ်ယူထားသည့် မြေနှင့်အခြား ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆၀ ခန့် စုစုပေါင်းငွေကျပ် ၁၇၈၁ သိန်းခန့်အား ပြန်လည် သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ လုယက်မှု ကျူးလွန်ရန်အတွက် သက်ပိုင်စိုး (ခ) စည်သူက ဦးဆောင်ကာ ဇင်မျိုးဦး (ခ) သားကြီး၊ သန်းဇော် ထွန်း (ခ) လင်းလင်းကို၊ သန့်ဇင် နှင့် မျိုးကိုကိုဝင်း (ခ) ကုလား တို့သည် စစ်ကိုင်းမြို့၊ မန္တလေးမြို့ တို့၌ တွေ့ဆုံ၍ လုယက်ရာ၌ အသုံးပြုမည့် လိုင်စင်မဲ့မော်တော် ယာဉ်ဝယ်ယူခြင်း၊ လုံခြုံရေး တပ်ဖွဲ့သုံးပစ္စည်းများနှင့် သေနတ် အတုတို့အား ဝယ်ယူခြင်း၊ လုယက် မည့် “ရွှေလွယ်အင်း” ကုမ္ပဏီအနီး နေရာပတ်ဝန်းကျင်အား လေ့လာ စောင့်ကြည့်ခြင်းတို့ကို ကြိုတင် ပြင်ဆင်ခဲ့ပြီးမှသာ လုယက်မှု ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်ကို ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်း တွင် MDY/9C-4145 ESTIMA အမျိုးအစား အဖြူရောင်ယာဉ်အား သန်းဇော်ထွန်း မောင်းနှင်၍ သက်ပိုင်စိုး (ခ) စည်သူ၊ သန့်ဇင်၊ မျိုးကိုကိုဝင်း (ခ) ကုလားနှင့် ဇင်မျိုးဦး (ခ) သားကြီးတို့ လေးဦး သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသွင် ဝတ်ဆင်၍ စီးနင်းလိုက်ပါ လာခဲ့ကြောင်း၊ လုယက်မည့်နေရာ ရောက်ရှိချိန်၌ သက်ပိုင်စိုး (ခ)စည်သူ၊ ဇင်မျိုးဦး (ခ) သားကြီး၊ မျိုးကိုကိုဝင်း (ခ) ကုလားနှင့် သန့်ဇင်တို့ လေးဦးသည် ကုမ္ပဏီ အတွင်း ဝင်ရောက်လုယက်ခဲ့ကြ ပြီး ရရှိလာသည့် ငွေများအား ဆာလာအိတ်များ အတွင်း ထည့်သွင်း၍ မော်တော်ယာဉ် ပေါ်သို့ တင်ဆောင်ကာမောင်းနှင် ခဲ့ကြကြောင်းနှင့် ချမ်းမြသာစည် မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျူး လမ်းအတွင်းရှိ ကန္တာရခြုံများ ကြားအရောက်တွင် ကားအား ရပ်တန့်ထားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအနေဖြင့် ပြည်သူလူထု၏ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အကြမ်း ဖက်ဖောက်ခွဲခြင်း၊ လုပ်ကြံသတ် ဖြတ်ခြင်းများကြောင့် ဖြစ်ပေါ် နေသော စိုးရိမ်ထိတ်လန့်မှုအပေါ် အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် ငွေကြေး လိုအပ်ချက်များအရ လုယက်မှု ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း၊ လုယက်မှုကျူးလွန် ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်အသုံးပြုသည့် ကျည်ကာ အင်္ကျီ၊ ဦးထုပ်၊ နံပါတ်တုတ်၊ သေနတ်အတုနှင့် စကားပြောစက် အတုများ ကိုင်ဆောင်အသုံးပြု၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် အသွင် ယူကာ လုယက်မှုအား ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
သို့ဖြစ်ပါ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ပူးပေါင်းချိတ်ဆက် ဖော်ထုတ်မှုနှင့် ဒုစရိုက်မှုကိုမလို လားသည့် တာဝန်သိပြည်သူ များ၏ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှုများ ကြောင့် “ရွှေလွယ်အင်း” ကုမ္ပဏီ လုယက် မှုကျူးလွန်ခဲ့သူများကို ကျူးလွန် ရာတွင် အသုံးပြုခဲ့သော သက်သေခံ ပစ္စည်းများ၊ ကျူးလွန်ရာမှ ရရှိ သည့် ငွေကြေးများ၊ ဝယ်ယူထား သည့် ယာဉ်၊ မြေ၊ အခြားပစ္စည်း များနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများ ကို ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်