ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

 

နေပြည်တော်   ဇန်နဝါရီ    ၁၃


ပဲခူးတိုင်းဒေသကြီး   ဖြူးမြို့နယ်၌    ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကို      မလိုလားသူ       ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား  မီးရှို့ဖျက်ဆီးခြင်းများ    ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဒိုင်းတရာကျေးရွာရှိ   အခြေခံပညာ  မူလတန်းလွန် ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား    အကြမ်းဖက်သူများက    မီးရှို့ ဖျက်ဆီးသွားကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ  မီးလောင်မှု ကြောင့် အဆိုပါကျောင်းဝင်းအတွင်းရှိ (၉၀x၃၀)  ပေ  ကွန်ကရစ်ခင်း၊    အုတ်ကာ၊   သွပ်မိုး  သုံးခန်းတွဲ   ကျောင်းဆောင်၏   အစွန်ဆုံးအခန်း အတွင်းရှိ   ကော်ထိုင်ခုံ  လေးခုံ၊  အမှိုက်ပုံး   နှစ်ပုံး၊ စာသင်ခုံ ၂၅ ခုံ၊ White Board တစ်ခုနှင့် ကော်ပုံး တစ်ခုတို့ မီးလောင်ပျက်စီးကာ   မှန်ပြတင်းပေါက်    သုံးချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

 


ထိုကဲ့သို့ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ  ကျောင်းပိုင်ပစ္စည်းများအား    မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို  ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ   အရေးယူနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                          

သတင်းစဉ်