တရားမဝင် သစ်မျိုးစုံ၊ လိုင်စင်မဲ့ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၃


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးဆောင်သည့်အဖွဲ့က ချင်းရွှေဟော် စခန်းအတွင်း လုံခြုံရေး ဂိတ်နှင့် ယာဉ်ငယ်စစ်အကြားနေရာ၌ စစ်ဆေးခဲ့ရာ ယာဉ်အထောက်အထား မှတ်တမ်းတင်ပြနိုင်ခြင်းမရှိသော ယာဉ်ငယ် ခုနစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ဖမ်းဆီးရမိခဲ့သည်။

 


ဇန်နဝါရီ    ၁၂     ရက်တွင် အကောက်ခွန်ဦးစီးဌာနက မြန်မာ စက်မှုဆိပ်ကမ်း       ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ဆိုင်ကယ်အပို ပစ္စည်းများကို     စစ်ဆေးခဲ့ရာ သွင်းကုန်       ကြေညာလွှာတွင် ကြေညာထားခြင်း    မရှိသော ဆိုင်ကယ်အပိုပစ္စည်း     ၁၃     မျိုး (ခန့်မှန်းတန်ဖိုး           ငွေကျပ် ၁၀၄၇၅၀၀၀၀)၊  လူသုံးကုန်နှင့် အထွေထွေပစ္စည်း ငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ်    ၁၆၅၁၃၀၀၀)၊ ခေါင်းလျှော်ရည်   ၄  ဒသမ  ၅ လီတာပါ   ခြောက်ပုံး   ခန့်မှန်း တန်ဖိုး   ငွေကျပ်     ၂၈၈၀၀၀၀ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၁၄၃၀၀၀) ကို သိမ်းဆည်းရမိ ခဲ့သည်။

 


ထို့အတူ အကောက်ခွန်ဦးစီး ဌာနက      ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်  ကုန်လှောင်ရုံ၌  စစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာ လွှာတွင် ဖော်ပြထားခြင်းမရှိသည့် စင်ကာပူနိုင်ငံမှ  တင်သွင်းလာ သော  Samsaung  Galaxy  4  Phone (Used) ၆၅ လုံးပါ သုံးဖာခန့်  မှန်းတန်ဖိုးငွေကျပ် ၅၅၃၁၀၇၈၀ ကို သိမ်းဆည်းရမိခဲ့သည်။

 


အလားတူ     ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံ ခန့်ခွဲမှုဖြင့်      တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍  ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ် မြို့နယ်     မကျီးဇင်ချောင်းဖျား နေရာတွင်    တရားမဝင်   တောင် သရက်ခွဲသား   ၂ ဒသမ ၇၅၅၂  တန်       (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၈၈၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

 


ထို့အတူ ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်       တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍  ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်း များ    အတွင်းရှိ     တရားမဝင် ကျွန်းသစ် ၄ ဒသမ ၂၆၄၆ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၇၃၈၀) ကို ဖမ်းဆီးရမိသည်။ 

 


ထို့ပြင် ဇန်နဝါရီ ၁၂ ရက်တွင်  မွန်ပြည်နယ်         တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  ပူးပေါင်း အဖွဲ့မှ သံလွင်တံတား (မော်လမြိုင်) စစ်ဆေးရေးဂိတ်နေရာတွင် ခရီး သည်တင်ယာဉ်များပေါ်မှ     ပိတ် ဖြတ်စ ကီလိုဂရမ် ၆၃၀ (ခန့်မှန်း တန်ဖိုးငွေကျပ်      ၆၃၀၀၀၀)၊ ကလေးဝတ်အင်္ကျီအထည် ၃၀၀ နှင့် အဝတ်အထည်ဟောင်း ကီလို ဂရမ် ၃၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ်    ၇၈၀၀၀၀)   စုစုပေါင်း    (ခန့်မှန်း တန်ဖိုးငွေကျပ်  ၁၄၁၀၀၀၀)  ကို ဖမ်းဆီးရမိခဲ့သည်။

 


ထပ်မံ၍ ယနေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး  အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရဲတပ်ဖွဲ့မှ  စစ်ဆေးခဲ့ရာ     မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် နံပါတ်မပါ LIFAN အမျိုးအစား ထော်လာဂျီ ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀) နှင့် Canter အမျိုးအစား    ခြောက်ဘီးယာဉ်   (ခန့်မှန်းတန်ဖိုး             ငွေကျပ် ၁၀၀၀၀၀၀)  စုစုပေါင်း  (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၂၀၀၀၀၀)   ကို ဖမ်းဆီးရမိသည်။

 


သို့ပါ၍ ဇန်နဝါရီ ၈ ရက်တွင်  ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း မှ လိုင်စင်မဲ့ယာဉ် ခုနစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်    ၂၅၀၀၀၀၀၀)၊ ဇန်နဝါရီ  ၁၂  ရက်တွင်   မြန်မာ စက်မှုဆိပ်ကမ်း    ကုန်သေတ္တာ စစ်ဆေးရေးစခန်းမှ     ဆိုင်ကယ် အပိုပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုး         ငွေကျပ် ၁၂၄၁၄၃၀၀၀)၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် ကုန်လှောင် ရုံမှ Samsaung Galaxy 4 Phone (Used) ၆၅  လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၅၅၃၁၀၇၈၀)   နှင့်  မွန်ပြည်နယ်မှ လူသုံးကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၅၈၆၃၇၈၀) တို့ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ  လည်း ကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးမှ တောင် သရက်ခွဲသား ၂ ဒသမ ၇၅၅၂  တန် (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၆၈၈၈၀၀) နှင့် ယနေ့တွင် ပဲခူး တိုင်းဒေသကြီးမှ     တရားမဝင် ကျွန်းသစ် ၄ ဒသမ ၂၆၄၆ တန် (ခန့်မှန်းတန်ဖိုး             ငွေကျပ် ၇၈၇၃၈၀)  စုစုပေါင်း (၇ ဒသမ ၀၁၉၈)  တန်    (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၄၇၆၁၈၀)     တို့ကို သစ်တောဦးစီးဌာန၏    လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လိုင်စင် မဲ့ ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရ    အရေးယူ ဆောင်ရွက်လျက်     ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး  ဦးဆောင်ကော်မတီမှ  သိရ သည်။                      

သတင်းစဉ်