မြဝတီမြို့မှ LP Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်များကို PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်၊ မီးရှို့ဖျက်ဆီး

 

နေပြည်တော်     ဇန်နဝါရီ     ၁၆


ကရင်ပြည်နယ်      မြဝတီမြို့မှ ထင်းအစားထိုး    လောင်စာဆီ အဖြစ်    အသုံးပြုသည့်     ရေနံ ဓာတ်ငွေ့ရည်    (LP    Gas)    များ သယ်ဆောင်လာသည့် မော်တော် ယာဉ်များကို ယနေ့မွန်းလွဲပိုင်း တွင် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များ ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ 

 


ဖြစ်စဉ်မှာ         ဩရကုမ္ပဏီမှ Fuso    အမျိုးအစား   ၁၂   ဘီး မော်တော်ယာဉ်သည် ရေးမြို့သို့ လည်းကောင်း၊    ချစ်လင်းမြိုင် ကုမ္ပဏီမှ    Fuso    အမျိုးအစား ၁၀     ဘီး   မော်တော်ယာဉ်သည် မော်လမြိုင်မြို့သို့လည်းကောင်း ထင်းအစားထိုး    လောင်စာဆီ အဖြစ်    အသုံးပြုသည့်       ရေနံ ဓာတ်ငွေ့ရည်   (LP Gas)    များ သယ်ဆောင်၍     မြဝတီမြို့မှ ထွက်ခွာလာစဉ်     ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မြဝတီ- ကော့ကရိတ် သွား          အာရှလမ်းမကြီးအနီး အပြင်ကွင်းကလေး      ကျေးရွာ၏ အနောက်ဘက်မီတာ  ၂၅၀၀  ခန့် အကွာသို့အရောက်၌             PDF အမည်ခံ     အကြမ်းဖက်သမား များက       လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများ          ပြုလုပ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်၊ မီးရှို့မှု များကြောင့်     ယာဉ်မောင်းများ ဖြစ်ကြသည့်      ဦးမင်းမင်း  တွင် မီးလောင်ဒဏ်ရာများဖြင့် လည်း ကောင်း၊    ဦးခင်မောင်သန်းတွင် လက်နက်ငယ်        ကျည်ထိမှန် ဒဏ်ရာများဖြင့်   လည်းကောင်း သေဆုံးခဲ့ပြီး    မော်တော်ယာဉ် တစ်စီး    မီးလောင်ပျက်စီးခဲ့ကာ ကျန်မော်တော်ယာဉ်  တစ်စီးမှာ လက်နက်ငယ်      ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ   ဆောင်ရွက်ကာ   မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ   မီးငြှိမ်း သတ်ခြင်းများ     ဆောင်ရွက်ခဲ့ ကြောင်းနှင့် အကြမ်းဖက်လုပ်ရပ် များကို        ကျူးလွန်ခဲ့သူများကို အမြန်ဆုံး   ဖော်ထုတ်ဖမ်းဆီးရမိ ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်