
ပရီမီယာလိဂ်ပွဲစဉ် (၂၂) အဖြစ် ဇန်နဝါရီ ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် လီဗာပူးနှင့် ဘရန့်ဖို့ဒ်တို့ပွဲတွင် လီဗာပူးတို့ သုံးဂိုး-ဂိုးမရှိဖြင့် အနိုင် ရသည်။ လီဗာပူးတို့ လူမစုံသော်လည်း ဖိအားပေးကစားနိုင်ခဲ့ရာ ၄၄ မိနစ် တွင် နောက်တန်းလူ ဟာမီနို၏ ဂိုးဖြင့် အဖွင့်ဂိုးရရှိခဲ့သည်။ ဘရန့်ဖို့ဒ် တို့ကလည်း တစ်ခါတစ်ရံ ပြန်လည်ထိုးဖောက်ကစားခဲ့သည်။
လီဗာပူးအတွက် ဒုတိယဂိုးနှင့် တတိယဂိုးများကို ဒုတိယပိုင်း ၆၉ မိနစ်နှင့် ၇၇ မိနစ်တွင် ချန်ဘာလိန်နှင့် မီနာမီနိုတို့က သွင်းယူပေးခဲ့ သည်။ လီဗာပူးတို့ ယခုပွဲအပြီး ရမှတ် ၄၅ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။ ဝက်စ်ဟမ်းက အိမ်ကွင်း၌ လိဒ်ကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်သည်။ ယင်းပွဲတွင် လိဒ်မှ ဟာရစ်ဆင်ကဟက်ထရစ်သွင်းယူခဲ့သည်။
အက်စ်တွန်ဗီလာနှင့် မန်ယူတို့ပွဲတွင် မန်ယူတို့ ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင်သော်လည်း အက်စ်တွန်ဗီလာ၏ ချေပဂိုးများကြောင့် နှစ်ဂိုးစီ သရေကျခဲ့သည်။ ယင်းပွဲတွင် လီဗာပူးမှ အသစ်ခေါ်ယူထားသော ဒစ်ဂ်နေးနှင့် ကော်တင်ဟိုတို့ ပါဝင်ကစားခဲ့သည်။
အောင်ဇော်