
နေပြည်တော် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ်၌ ဇန်နဝါရီ ၁၅ ရက်က ကျောက်တွင်းဟောင်း ပြိုကျမှု ကြောင့် အမျိုးသား နှစ်ဦး သေဆုံး ပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိ သည်။
ဖြစ်စဉ်မှာ နံနက် ၄ နာရီတွင် မိုးကုတ်မြို့နယ် ဘောလုံးကြီး ကျေးရွာအဝင် “ဌေးပိုင်” ကုမ္ပဏီ ကျောက်မျက်တူးဖော်ရေး လုပ် ကွက်ဟောင်းရှိ ကျောက်တွင်း ဟောင်း၌ မိုးကုတ်မြို့ ရန်ကင်း ရပ်ကွက်နေ သိန်းဌေး(၃၈)နှစ်၊ ညောင်ပင်ကြီး ရပ်ကွက်နေ ဇင်မျိုးသူ (၂၆)နှစ်နှင့် ပန်းမ ပတ္တမြား သျှိုရပ်ကွက်နေ သိန်းလှိုင်(၃၃)နှစ်တို့ ကျောက် ရှာဖွေနေစဉ် မျက်နှာကြက်ပေါ်မှ ကျောက်တုံးများ ပြိုကျခဲ့သဖြင့် သိန်းဌေးနှင့် ဇင်မျိုးသူတို့ ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး သိန်းလှိုင်မှာ ဒဏ်ရများ ရရှိခဲ့ သောကြောင့် သိန်းဌေးနှင့် ဇင်မျိုးသူတို့ နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ကျပ်ပြင်နယ်မြေ ရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲပြန်ကြား