ကျောက်တံခါးမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိ

 

ကျောက်တံခါး  ဇန်နဝါရီ   ၁၆


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင်   ရင်းတိုက်ကုန်း ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး(ကားလမ်း ဟောင်း) မိုင်တိုင်အမှတ် ၁၀၃/၃ နှင့်  ၄ အကြားတွင် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က   ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံးပြီး  နှစ်ဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

 


ယာဉ်တိုက်မှုဖြစ်ပွားကြောင်း  သတင်းအရ   တာဝန်မှူးဒုရဲအုပ် ကျော်ခိုင်ဦးနှင့်  ရဲတပ်ဖွဲ့ဝင်များသည်  အခင်းဖြစ်အရပ်သို့  ရောက်ရှိ စစ်ဆေးရာ  ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သက်ရှည်(၃၈နှစ်)  သူဌေး ကုန်းကျေးရွာ ကျောက်တံခါးမြို့နေသူ မောင်းနှင်လာသော   MDY-7M/-----နံပါတ်ပါ FORLAND ခြောက်ဘီးယာဉ်သည်  အရှိန်မထိန်း နိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့  ရောက်ရှိကာ မန္တလေးဘက်မှ ရန်ကုန် ဘက်သို့ မစောနန်းဝေ (၃၆နှစ်)  သူဌေးကုန်းကျေးရွာနေသူမောင်းနှင် ပြီး    နောက်တွင် မနွယ်နီ (၂၉နှစ် ) ကျွဲတဲရပ်ကွက် ရွှေကျင်မြို့နေသူ နှင့်   မောင်ထက်အာကာဝင်း(၈)နှစ် ခင်တိုကျေးရွာနေသူ လိုက်ပါလာ သော နံပါတ်မပါ DAYANG -110 ဆိုင်ကယ်ကို  ဝင်ရောက်တိုက်မိရာ မစောနန်းဝေသည်  ကိုယ်ဝန်ခုနစ်လခန့်ရှိပြီး ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးကာ    မနွယ်နီနှင့်   မောင်ထက်အာကာဝင်း  (အတွင်းလူနာ/စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။

 


ဖြစ်စဉ်နှင့်ပတ်သက်၍ လူများအား ထိခိုက်ဒဏ်ရာရရှိ၍    သေဆုံး အောင် မောင်းနှင်သူ  သက်ရှည်အား  ကျောက်တံခါးမြို့မရဲစခန်းက    စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      

   
  ခင်ကို(ကျောက်တံခါး)