အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် အုပ်စုအဖွင့်ပွဲကစားရမည်

 

ရန်ကုန်    ဇန်နဝါရီ    ၁၉

 


ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အိန္ဒိယနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် အုပ်စုအဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။

 


အာရှဖလား      အမျိုးသမီး ပြိုင်ပွဲကို  အုပ်စု သုံးခုခွဲ၍ ပြုလုပ် မည်ဖြစ်ပြီး   အုပ်စု   (က)   တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ် (တိုင်ပေ)၊   အီရန်၊   အုပ်စု  (ခ) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ် ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ) တွင် ဂျပန်၊  တောင်ကိုရီးယား၊ ဗီယက် နမ်နှင့်   မြန်မာအသင်းတို့   ပါဝင် နေသည်။ အုပ်စုပထမပွဲစဉ်များ ကို ဇန်နဝါရီ  ၂၀၊ ၂၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး      ဇန်နဝါရီ ၂၀ ရက်တွင်  တရုတ်နှင့် တရုတ်  (တိုင်ပေ)၊   အိန္ဒိယနှင့်     အီရန်၊   ဇန်နဝါရီ  ၂၁ ရက်တွင် မြန်မာနှင့်    ဂျပန်၊       တောင်ကိုရီးယားနှင့်          ဗီယက်နမ်၊     သြစတြေးလျနှင့်  အင်ဒိုနီးရှား၊ ထိုင်းနှင့်      ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 


မြန်မာအသင်းသည်  အုပ်စု အဖွင့်ပွဲအဖြစ် ဇန်နဝါရီ ၂၁ ရက် မြန်မာစံတော်ချိန်          မွန်းလွဲ ၂    နာရီခွဲတွင်   လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့်     စတင်ကစား ရမည်ဖြစ်သည်။ မြန်မာအသင်း နှင့်   ဂျပန်အသင်းသည်  အာရှ ဖလားပြိုင်ပွဲ အုပ်စုအဆင့်တွင် တတိယအကြိမ်    တွေ့ဆုံခြင်း ဖြစ်ပြီး ပြီးခဲ့သည့်  နှစ်ကြိမ်စလုံး     ဂျပန်အသင်းက   ဂိုးပြတ်အနိုင် ရထားသည်။  ဂျပန်အသင်းသည် ၂၀၀၃  ပြိုင်ပွဲတွင်   ခုနစ်ဂိုးပြတ်၊   ၂၀၁၀    ပြိုင်ပွဲတွင်    ရှစ်ဂိုးပြတ် တို့ဖြင့် အနိုင်ရထားသည်။ ဂျပန် အမျိုးသမီးအသင်းသည် အမျိုး သမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပင် ချန်ပီယံဆုရထားသဖြင့်   မြန်မာ အသင်းနှင့် ခြေစွမ်းပိုင်းကွာခြား ဖွယ်ရှိနေပြီး ဂိုးပြတ်မရှုံးရန်သာ ကြိုးပမ်းရမည်ဖြစ်သည်။

 


မြန်မာအမျိုးသမီး    အသင်း သည် ယင်းပြိုင်ပွဲတွင် နိုဝင်ဘာ ဒုတိယပတ်တွင် စတင်လေ့ကျင့် ခဲ့ပြီး   ပြင်ဆင်ချိန်   နှစ်လကျော် ရှိနေသဖြင့်           ပြင်ဆင်ချိန်   လုံလောက်သော်လည်း       နိုင်ငံ တကာ ခြေစမ်းပွဲကစားခွင့်    မရရှိ ခြင်းကြောင့်  ပြင်ဆင်မှုအပိုင်းတွင် သက်ရောက်မှု    ရှိလာနိုင်သည်။    မြန်မာ   အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ  ထိုင်းနိုင်ငံ၌ သွား ရောက်  လေ့ကျင့်ကာ ခြေစမ်းပွဲ ကစားရန် စီစဉ်ထား သော်လည်း   ကိုဗစ်-၁၉  ရောဂါကြောင့်   ဖျက် သိမ်းခဲ့ရခြင်းဖြစ်သည်။   မြန်မာ အမျိုးသမီးအသင်း နည်းပြချုပ်   ဦးတင်မြင့်အောင်သည်    ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ၂၃ ဦးအနက် ၁၉ ဦး     ပြန်လည်ရွေးချယ်ထားပြီး    စီနီယာ     ကစားသမားများနှင့် လူငယ်        ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားခြင်း   ဖြစ်  သည်။ မြန်မာအမျိုးသမီးအသင်း သည်     အာရှဖလားအမျိုးသမီး ပြိုင်ပွဲ      နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိ ခြင်းဖြစ်သည်။

 

သတင်း- ရဲရင့်လွင်
ဓာတ်ပုံ- MFF