အဲဗာတန်အသင်း နည်းပြသစ်အဖြစ် ရွန်းနီ သို့မဟုတ် လမ်းပတ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာ

 

ပရီမီယာလိဂ်ကလပ်      အဲဗာတန်အသင်းသည် အသင်းရလဒ်များ      ဆိုးရွားလာသည့်အတွက် ဘင်နီတက်ဇ်ကို နည်းပြအဖြစ်မှ        ထုတ်ပယ်လိုက် ပြီး ဘယ်လ်ဂျီယံအသင်း နည်းပြဖြစ်သူ ရော်ဘတ် တို မာတီနက်ဇ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော် လည်း    မအောင်မြင်ခဲ့သောကြောင့်   ယခုအခါ   ဝိန်းရွန်းနီ သို့မဟုတ် ဖရန့်လမ်းပတ်ကို  ခေါ်ယူရန် ပစ်မှတ်ထားလာသည်။ 

 


အသက်  ၄၃  နှစ်အရွယ်ရှိ  လမ်းပတ်သည် ၂၀၂၁ ခုနှစ်  ဇန်နဝါရီတွင်  ချယ်ဆီးအသင်းက ထုတ်ပယ်လိုက်ပြီးနောက် အသင်းလက်မဲ့နေသူ လည်း ဖြစ်သည်။ ၎င်းသည် ချယ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်စဉ်  ၈၄  ပွဲ  ကိုင်တွယ်ခဲ့ပြီး    ၄၄ ပွဲနိုင်၊ ၁၇ ပွဲသရေနှင့် ၂၃ ပွဲ ရှုံးနိမ့်ထားသည်။    မန်ယူနှင့် အဲဗာတန် တိုက်စစ်မှူးဟောင်း   ရွန်းနီ ၃၆ နှစ်သည်   လက်ရှိတွင်   ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို      တာဝန်ယူကိုင်တွယ်နေပြီး   လက်ရှိအချိန်အထိ   ၆၅  ပွဲ တာဝန်ယူ ကိုင်တွယ် ထားကာ ၁၈ ပွဲနိုင်၊ ပွဲ  ၂၀ သရေနှင့် ၂၇ ပွဲ   ရှုံးနိမ့် ထားသည်။ 

 


လက်ရှိတွင် အဲဗာတန်အသင်းသည် အသင်း ၏   ယာယီနည်းပြတာဝန်ကို ဒွန်ကန် ဖာဂူဆန်က တာဝန်ယူသွားဖွယ် ရှိနေသည်။ အဲဗာတန်အသင်း သည်   ပရီမီယာလိဂ်  နောက်ဆုံးယှဉ်ပြိုင်ကစား ထားသည့်  လေးပွဲတွင်  နိုင်ပွဲရရှိထားခြင်းမရှိဘဲ တစ်ပွဲသရေနှင့် သုံးပွဲ ရှုံးနိမ့်ထားသည်။ ထို့ကြောင့် အဲဗာတန်အသင်းသည်   ပရီမီယာလိဂ်   ၁၉  ပွဲ ကစားပြီး ရမှတ် ၁၉ မှတ်ဖြင့် တန်းဆင်းဇုန်နှင့်       ခြောက်မှတ်အကွာတွင် ရပ်တည်နေသည်။ 
အဲဗာတန်အသင်းသည် လာမည့် ပွဲစဉ်အဖြစ်  ဇန်နဝါရီ  ၂၂  ရက်တွင် အက်စ်တွန်ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                                                                                                           
အောင်ဇော်