မြိတ်နှင့် ဟိုပုံးမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်     ဇန်နဝါရီ    ၁၉  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇန်နဝါရီ ၁၇ ရက် ည ၁၀ နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင် (၅) ရပ် ရွှေပြည်တန်လမ်းမကြီးတွင် နေမျိုးအောင် မောင်းနှင်ပြီး ထက်ဇော်ထွန်း  လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း။

 


အလားတူ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့ ကန်ကြီးရပ်ကွက်တွင် လွင်မျိုး မောင်းနှင်ပြီး ရဲထွဋ်အောင် လိုက်ပါ လာသည့် ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ထို့အတူ  ယင်းနေ့  ညနေ ၄ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည်  ဟိုပုံးမြို့နယ်  ဖက်ရမ်းကျေးရွာအုပ်စု လွယ်ဝိုးတုတ်ကျေးရွာအနီး ဟိုပုံး-လွိုင်လင်သွားကားလမ်းတွင်     လင်းဝေဦး   မောင်းနှင်လာသည့် ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ  ဥပဒေအရ   အရေးယူထား ကြောင်း သိရသည်။                                                    

ရဲပြန်ကြား