
တပ်ကုန်း
ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ် ထန်းတောကြီး ကျေးရွာတွင် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ဦးမြဝင်းနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား သည်။
အဆိုပါ မီးလောင်မှုဖြစ်သည့်နေအိမ်နှင့်အတူ ကပ်လျက်ရှိ ဦးညွန့်ဝင်း၏ နေအိမ်တစ်လုံးနှင့် ဦးကျော်ဝင်း၏ နေအိမ်များသို့ မီးကူး စက်လောင်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
ဟင်္သာတ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပခန်းရပ်ကွက်နေ အောင်ငြိမ်းချမ်း (၂၁)နှစ်၏ နေအိမ် မီးဖိုဆောင်၌ တပ်ဆင်ထားသော လျှပ်စစ်ဝိုင်ယာကြိုးများ ရှော့ခ် ဖြစ်ရာကတစ်ဆင့် ဇန်နဝါရီ ၁၉ ရက် နံနက် ၂ နာရီ ၅၅ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မိနစ် ၂၀ ခန့် အကြာတွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေ အိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ၎င်းအား ဟင်္သာတ မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
ရဲပြန်ကြား