မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၀  


မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်း ရေး    ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ ပါဝင်သော          ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက်  ညနေ ၄ နာရီ ၁၀ မိနစ်တွင်      ဗန်းမော်မြို့နယ် ကုန်းမဟတ် ကျေးရွာအုပ်စု ကုန်းမဟတ်ကျေးရွာ    အနီးတွင် မောင်တင့်    မောင်းနှင်လာသည့် ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၅ ပြားကို လည်းကောင်း။

 

 
ယင်းနေ့  ည ၇ နာရီ ၁၀ မိနစ် တွင်    မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော      ပူးပေါင်းအဖွဲ့ သည်    ဘားအံမြို့နယ် ဇာသပြင် (အနောက်) ကျေးရွာအုပ်စု သရက် ပင်ကျေးရွာအနီး  အိန္ဒု-ဇာသပြင် သွားကားလမ်းတွင်     နိုင်နိုင်ဦး မောင်းနှင်ပြီး     ကျော်ဝင်းထွန်း လိုက်ပါလာသည့်      Honda Fit အမျိုးအစား    မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ နှင့် မြန်မာ ငွေကျပ် ၂ ဒသမ ၁ သိန်းတို့ကို လည်းကောင်း။ 

 


ယင်းနေ့  မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ် မအူကုန်းရပ်ကွက် မအူကုန်းလမ်းထိပ်တွင်   ကျော်စိုး လှိုင်  မောင်းနှင်ပြီး  ဖြိုးမင်းကျော် (ခ) ကိုဖြိုး    လိုက်ပါလာသည့် Crown  အမျိုးအစား   မော်တော် ယာဉ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၃ သိန်းကို လည်းကောင်း။

 


ယင်းနေ့  နံနက် ၆ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ်    မိုင်းယုမြို့ တာကြန့်ကျေးရွာအုပ်စု ကော်ဆမ် မိန်း ကျေးရွာနေ စိုးဌေး၏နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေးပြား     ၅၂၀၀    ကို လည်းကောင်း    သိမ်းဆည်းရမိ ခဲ့သဖြင့်    ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေ သော  ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း  သိရ သည်။     


ရဲပြန်ကြား