အားထားရသည့် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း ရောင်းချဖွယ်ရှိ

 

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းမှအားထားရသည့် တိုက်စစ်မှူး လီဝမ်ဒေါစကီး ကို သက်တမ်းတိုးစာချုပ်မချုပ်ဆိုပါက နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားဖွယ်ရှိ နေသည်။ ဘိုင်ယန်မြူးနစ်အသင်းနှင့် လီဝမ်ဒေါစကီးတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

 


ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိလုပ်ခလစာအတိုင်း အဆိုပါတိုက်စစ်ကစားသမားကို တစ်နှစ်သက်တမ်းတိုးလိုနေသလို ကစားသမားဘက်မှ လုပ်ခလစာ လျှော့ယူရန် သဘောတူညီမှု ရရှိပါက နှစ်နှစ်သက်တမ်းတိုး လိုနေသည်။ ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် အဆိုပါ တိုက်စစ်ကစားသမား၏  အနာဂတ်နှင့်ပတ်သက်ပြီး  မကြာမီ  ဆုံးဖြတ်သွားဖွယ်ရှိနေသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် လီဝမ်ဒေါစကီးအနေဖြင့်  နွေရာသီတွင် အသင်းမှ ထွက်ခွာသွားပါက အဆိုပါ တိုက်စစ်ကစားသမား၏ နေရာအား ဒေါ့မွန်တိုက်စစ်ကစားသမား ဟာလန်းကို အစားထိုး ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ အသက် ၃၃ နှစ်အရွယ် လီဝမ်ဒေါစကီးသည် မကြာသေးမီက ဖီဖာမှ ပေးအပ်ချီးမြှင့်သည့် ၂၀၂၁ခုနှစ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားသူ ဖြစ်သည်။ 

 

မိုးဇက်