အိမ်တွင် အိမ်စည်းကမ်း၊ လမ်းတွင် လမ်းစည်းကမ်း၊ မြို့ရွာတွင် မြို့ရွာစည်းကမ်း၊ နိုင်ငံတွင် နိုင်ငံစည်းကမ်းဥပဒေတို့ရှိသည်။ စည်းကမ်းဥပဒေတို့သည် လိုက်နာ ဆောင်ရွက်ရန်ဖြစ်သည်။ စည်းကမ်းဥပဒေတို့ကို လိုက်နာမှသာ အေးချမ်းသာယာ ဝပြောသော ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိတို့မကျေနပ်ချက်ဖြင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးရန်မသင့်ပေ။ လောကဝန်းကျင်ကို အကျည်းတန်အရုပ်ဆိုး အောင် မပြုလုပ်သင့်ပေ။ သို့သော် လောကတွင် အကောင်းနှင့်အဆိုးတို့ရှိရာ မကောင်း သောအမှုကို ပြုလုပ်ပါက စည်းကမ်းဥပဒေအရ အရေးယူခြင်းခံကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်သည်ကို အကြောင်းပြု၍ မြို့ရွာတိုင်းပြည်ပျက်စီးရေးပြုလုပ်နေကြသူများကို တွေ့ရမည်ဖြစ်သည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုပျက်ပြားရေး၊ မြို့ရွာရှိ အဆောက်အအုံများ၊ လူအများ ထိခိုက် ပျက်စီးရေးတို့ကို တစိုက်မတ်မတ်ပြုလုပ်နေကြသည်။ နိုင်ငံပျက်စီးရေး ပြုလုပ်ရာ၌ အကြမ်းဖက်သမားများက လက်နက်ဖြင့် တိုက်ခိုက်ဖျက်ဆီးလေ့ရှိပြီး အဖျက်သမား များက လေလှိုင်းပေါ်မှ လက်နက်များဖြင့် ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ် သည်။ နိုင်ငံကို နည်းမျိုးစုံဖြင့် ဤသို့ပျက်စီးရေး လုပ်ကိုင်မှုများအား မည်သည့်နိုင်ငံ ကမျှ လက်ခံမည်မဟုတ်ပေ။
ယခုအခါတွင် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ သွေးထိုးလှုံ့ဆော်ပေးသော ယင်းတို့နှင့် ဆက်နွှယ်သည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ တည်ငြိမ်နေသော ပြည်သူလူထုကို ဖြိုဖျက်၍ ဆူပူမှုများဖြစ်လာစေရန်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထု စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ မှုဖြစ်စေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သွေးထိုးလှုံ့ဆော် မှုများပြုလုပ်နေကြသည်ကို မကြာခဏမြင်တွေ့ရမည်ဖြစ်သည်။
အကြမ်းဖက်အဖျက်သမားများ၏ လူမှုကွန်ရက်ပေါ်တွင် နှတ်ကြောင်းပေး သည့်အတိုင်း မြို့ရွာများအတွင်း ဆူပူအော်ဟစ်ခြင်း၊ သံပုံးတီးခြင်း၊ လက်ခုပ်တီး ခြင်း၊ ကားဟွန်းတီးခြင်းစသည့် အသံထွက်သပိတ်၊ Silence Strike (အသံတိတ် သပိတ်)တို့ မျိုးစုံပြုလုပ်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ အစောပိုင်းက ပြည်သူ အချို့အနေဖြင့် သွေးထိုးလှုံ့ဆော်သည့်အတိုင်း လိုက်ပါလုပ်ဆောင်ခဲ့ကြ၍ အရေးယူ မှုအချို့လည်းရှိခဲ့သည်။ ယခုအခါ အကြမ်းဖက်အဖျက်သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်ပေါ်မှ နည်းမျိုးစုံဆက်လက် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ပြည်တွင်း/ပြည်ပမှ အကြမ်းဖက်အဖျက်သမားများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် စိတ်ခံစားချက်ကြောင့်ဖြစ်စေ၊ မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းမပြုလုပ်မိရန် အရေးကြီး သည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရန်ဖြစ်စေ၊ အုပ်ချုပ်ရေးယန္တရားကို ဖီဆန်ရန် ဖြစ်စေ နိုင်ငံတော်နှင့် အများပြည်သူ အနှောင့်အယှက်ဖြစ်စေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူခြင်းခံရမည်ကို သတိပြုရမည်ဖြစ် သည်။ ယခင်က လူမှုကွန်ရက်စာမျက်နှာများပေါ်မှ လှုံ့ဆော်မှုများအား အရေးယူ မှုရှိခဲ့ရာ ယခုအခါ တည်ငြိမ်အေးချမ်းမှု ပိုမိုကောင်းမွန်ရေးအတွက် လှုံ့ဆော်ဝါဒဖြန့် မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးခြင်း၊ ကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က တို့အပြင် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် ထိရောက်စွာအရေးယူခြင်းခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ထို့အပြင် တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရပါက ပြစ်မှုနှင့်သက်ဆိုင် သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါသည်။ အကြမ်းဖက်သမားများနှင့် မီဒီယာ များ၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် ပြည်သူများမှာ ထင်ယောင်ထင်မှား အဟုတ် ထင်မှတ်ကြပြီး ဥပဒေနှင့်ငြိစွန်းသည့်အလုပ်များကို အားပေးခဲ့ကြသည်။ အကြမ်းဖက် အဖျက်သမားများမှာ ပြည်သူများကြားတွင်ရှိနေ၍ အထက်ပါ ဥပဒေဖောက်ဖျက်မှု များကို ပြည်သူများအနေဖြင့် သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ ပြုလုပ်မိပါက အရေးယူခြင်းခံရနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုလုပ်ကြပါရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်သည်ကို အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။