
နေပြည်တော် ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ် ဆားတောင်မြို့ရှိ မြို့ စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင် တိုးဂိတ် အား PDF အမည်ခံအကြမ်းဖက် သမားများက ဖောက်ခွဲဖျက်ဆီး ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီတွင် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ရှိ မြို့နယ်စည်ပင် ရုံးအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဝင် ရောက်ဖျက်ဆီးခဲ့၍ အဆိုပါရုံး အဆောက်အအုံတွင် တပ်ဆင် ထားသည့် ပြတင်းတံခါးမှန် ကိုးချပ်၊ ဘေစင်တစ်ခုနှင့် Water Cooler တစ်လုံးတို့ ပျက်စီးသွားကြောင်း သိရ သည်။
အလားတူ ဖေဖော်ဝါရီ ၁ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် မြင်းမူ မြို့အဝင်၌ ရွှေတောင်ကုမ္ပဏီက တည်ဆောက်ထားပြီး လမ်း အသုံးပြုခများ ကောက်ခံလျက်ရှိ သည့် တိုးဂိတ်အား PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ခန့် Light Truck မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ် ငါးစီးတို့ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် အဆိုပါတိုးဂိတ် တွင် တပ်ဆင်ထားသည့် CCTV ၁၈ လုံး၊ Industrial Computer ခြောက်လုံး၊ Touch Monitor ခြောက်လုံး၊ Sever Reck တစ်လုံး၊ Line Station လေးလုံးနှင့် တိုးဂိတ်အဆောက်အဦ မျက်နှာ ကြက်အမိုးများ (စုစုပေါင်းခန့်မှန်း တန်ဖိုး သိန်း ၁,၀၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ အား ဖောက်ခွဲဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းကာ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်