မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ အကြမ်းဖက်သမားများက အခြေခံပညာအထက်တန်းကျောင်းခွဲမှ သင်ရိုးညွှန်းတမ်းစာအုပ်များအား မီးရှို့ဖျက်ဆီး

 

နေပြည်တော်  ဖေဖော်ဝါရီ   ၃

 


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လက်ကောင်း ကျေးရွာရှိ ကျောင်းသား   ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား  မလိုလားသူ အကြမ်းဖက်သမား များက အခြေခံပညာအထက်တန်းကျောင်းခွဲမှ သင်ရိုး ညွှန်းတမ်းစာအုပ်များအား      မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ   ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီ မိနစ် ၅၀ တွင်   ပုသိမ်ကြီးမြို့နယ်    လက်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း    (ခွဲ)  အတွင်း၌ သိမ်းဆည်းထားရှိသည့် သင်ရိုးညွှန်းတမ်းစာအုပ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း။  ထိုသို့ ဖျက်ဆီးမှုကြောင့် “အကယ်ဒမီရွှေစင်” နှစ်ထပ်ကျောင်း ဆောင်အတွင်းရှိ          စာသင်ခုံအဟောင်းနှစ်လုံးနှင့် ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်များ (တန်ဖိုးငွေ ၃ သိန်း ကျပ်ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ကျောင်းဆောင်အား မီးကူးစက် လောင်ကျွမ်းခဲ့မှု မရှိကြောင်း သိရသည်။ 

 


ထိုကဲ့သို့    ကလေးသူငယ်များ   အေးချမ်းစွာပညာ သင်ကြားလျက်ရှိသည့်  ကျောင်းအတွင်းရှိ  သင်ရိုးညွှန်း တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်