
မန်ကန် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းခရိုင် မန်ကန်မြို့၌ ယမန်နေ့ ည ၁၁ နာရီက မိုးသည်းထန်မှုနှင့်အတူ မိုးသီးများကြွေကျ၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
အဆိုပါ မိုးသီးများကြွေကျမှုတွင် မန်ကန်မြို့ရှိ လူနေအိမ်အချို့ ပျက်စီး ခြင်း၊ စိုက်ခင်းများပျက်စီးခြင်းနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း၏ မီးဖိုချောင် ခေါင်မိုးပေါက်ပြဲခြင်းများဖြစ်ကာ မန်ပန်ရွာတွင် သွပ်မိုးဝါးညှပ် နေအိမ် နှစ်လုံး၊ သက်ငယ်အိမ် တစ်လုံးနှင့် မိုးကာမိုးထားသော စျေးဆိုင် တစ်လုံး စုစုပေါင်း လူနေအိမ် လေးလုံး ခေါင်မိုးပေါက်ပြဲပျက်စီးခဲ့သည်။
ထိုသဘာဝဘေးအန္တရာယ်တွင် ရွာသူရွာသားများ အချင်းချင်း ကူညီမှုဖြင့် ပျက်စီးသောအိမ်များကို ဝိုင်းဝန်းကာ ပြန်လည်ပြုပြင် ခဲ့ကြပြီး (၂၀၂၂) ခုနှစ်၏ ပထမဆုံးအကြိမ် ပျက်စီးဆုံးရှုံးမှု ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
မန်ကန်(ပြန်/ဆက်)