မိုးညှင်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ တာမွေနှင့် ပြည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၆  


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ  ၅ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မိုးညှင်း မြို့နယ် လုံးတုံကျေးရွာအုပ်စု လုံးတုံကျေးရွာ  အနီးတွင်     မသန်းသန်းနွယ်  (ခ)   မနွယ်ကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ  သုည  ဒသမ  ၉၉  ကီလို  ကိုလည်းကောင်း၊  ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီတွင်  မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  လှိုင်သာယာ  (အနောက်ပိုင်း) မြို့နယ်  အမှတ် (၉) ရပ်ကွက် ဘားအံလမ်းတွင် ဇော်ကိုကိုလတ် (ခ) ဇော်ကို  နှင့်  ဇော်ဇော်ထက်  တို့  နှစ်ဦးကို  မော်တော် ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေ ရာ ၎င်းတို့ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၁၄၅ ပြားကိုလည်းကောင်း။

 


 ထို့အတူ  ယင်းနေ့  မွန်းလွဲ  ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် များ   ပါဝင်သော   ပူးပေါင်းအဖွဲ့သည်  တာမွေ မြို့နယ်    မေတ္တာညွန့်ရပ်ကွက်   စက်မှု  (၁)လမ်းတွင်    ဟွန်ဒါဖစ်အမျိုးအစားမော်တော် ယာဉ်မှာ    မသင်္ကာဖွယ်   ရပ်တန့်ထားသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၀၀ ကိုလည်း ကောင်း၊ အလားတူ  ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည် ပြည်မြို့  ခေတ္တရာမြို့သစ်ရပ်ကွက်  ဘုရင့် နောင်လမ်းနှင့်   မြို့သစ်  (၈)  လမ်းဆုံတွင် ရဲဝင်းနိုင် (ခ) ဝေယံဦး (ခ) ကောင်းကောင်း  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ    စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀   သိမ်းဆည်းရမိခဲ့ပြီး   ကွင်းဆက်အရ ည ၈ နာရီတွင်  ရွှေတံခါးရပ်ကွက်တွင် မဇင်မာ လွင်ကို  စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ  ဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။


 ရဲပြန်ကြား