လှည်းကူးမြို့နယ် ပညာရေးဒီဂရီကောလိပ်၌ ရိုးရာခြင်းလုံးအားကစားသင်တန်းဖွင့်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁၃


ပညာရေးဝန်ကြီးဌာန၊  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော် ဝါရီ ၁ဝ ရက်က   ရန်ကုန်တိုင်းဒေသကြီး   လှည်းကူးမြို့နယ်  ပညာရေးဒီဂရီကောလိပ် ပညာအားမာန်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ    မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးသက်လွင်က  အမှာစကား ပြောကြားပြီး   ဒုတိယဥက္ကဋ္ဌ  ဦး၀င်းတင့်က   မြန်မာ့ရိုးရာခြင်းလုံး   အားကစားသမိုင်း ကြောင်းနှင့်    ပတ်သက်၍   ရှင်းလင်း ပြောကြားသည်။  ထို့နောက်   မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက   လှည်းကူး မြို့နယ်          ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး      ဒေါ်အေးအေးလွင်ထံ  ခြင်းလုံးအားကစားပစ္စည်းများ     ပေးအပ် ပြီး   အဖွဲ့ချုပ်မှ    မခိုင်သဇင်ဖြိုးက  မြန်မာ့ ရိုးရာ    တစ်ပင်တိုင်ခြင်းအလှခတ်   ပြသသည်။

 


ယင်းသင်တန်းသို့    လှည်းကူးမြို့နယ်  ပညာရေးဒီဂရီကောလိပ်  လုပ်ငန်းခွင်အကြို   မူလတန်း   ဆရာအတတ်ပညာသင်တန်း မှ   ဆရာ ဆရာမ  ၃၀ ကျော်   တက်ရောက် ကြပြီး  သင်တန်းကာလမှာ    ရက်သတ္တ နှစ်ပတ်     ကြာမြင့်မည်ဖြစ်ကြောင်း    သိရ သည်။                        

                                                           
အာကာလင်း