
ပရီမီယာလိဂ်ပွဲစဉ် (၁၈) လက်ကျန်မှ မန်ယူအသင်းနှင့် ဘရိုက်တန် အသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက အိုးထရက်ဖို့ဒ် ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ် အနိုင်ရရှိမှုကြောင့် မန်ယူအသင်းသည် ပရီမီယာလိဂ် ၂၅ ပွဲကစားပြီး ရမှတ် ၄၃ မှတ်ဖြင့် အဆင့် (၄) သို့ တက်လှမ်းနိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် တိုက်စစ်မှူး စီရော်နယ်ဒိုလည်း ပရီမီယာလိဂ် ကိုးဂိုးမြောက်ကို သွင်းယူရရှိခဲ့ပြီး ခြောက်ပွဲဆက် ဂိုးပေါက်ပျောက် ဆုံးမှုကို အဆုံးသတ်ခဲ့သည်။ ပထမပိုင်းတွင် အပြန်အလှန်ဂိုးသွင်းခွင့်ရရှိခဲ့သော်လည်း အဆုံးသတ် မသေချာမှုကြောင့် ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် မန်ယူအသင်းအဖွင့်ဂိုးရရှိခဲ့ပြီး တွန်မီနေး၏ ဖန်တီးမှုမှ စီရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၅၄ မိနစ်တွင် ဘရိုက်တန်အသင်းမှ ဒွန့်ခ်ပြိုင်ဘက်ကစားသမားအပေါ် ကစားပုံကြမ်းတမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ ပွဲချိန်ပြည့်ခါနီးတွင် မန်ယူအသင်း ဒုတိယဂိုးရရှိ ခဲ့ပြီး ဖာနန်ဒက်စ်က သွင်းယူပေးခဲ့သည်။
အောင်ဇော်