ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၁ ခုနှစ် အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များ ထုတ်ပြန်

 

နေပြည်တော်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ - တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) အရ ၂၀၂၁ ခုနှစ်၏ အဓိကဆောင်ရွက်မှုများနှင့် ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ယနေ့ထုတ်ပြန်လိုက်သည်။  

 


၂၀၂၁ ခုနှစ်၏ အဓိကဆောင်ရွက်မှုများ

 


တရားရုံးအဆင့်ဆင့်သို့ စွဲဆိုသည့်စုစုပေါင်းအမှုများ၏ ၁၁၄% ပြီးပြတ်အောင် ဆောင်ရွက် ခြင်း၊
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၂၂) ရုံး၊ မြို့နယ်တရားရုံး (၈၃) ရုံး တွင် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ 
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံးအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအမှုစီရင်ချက်များ ထုတ်ပြန်ခြင်းစနစ် စတင်ဆောင်ရွက်ခြင်း၊
တရားမမှုများကို စေ့စပ်ဖြေရှင်းရေးအတွက် တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊
ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြားဆက်သွယ်မှုဖြင့် တရားရုံးသက်သေခံချက်ရယူရာတွင် လိုက်နာရမည့်သတ်မှတ်ချက်များ ထုတ်ပြန်ခြင်း၊
၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များ
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ခရိုင်တရားရုံး (၁၀) ရုံး၊ မြို့နယ်တရားရုံး (၅၈) ရုံး တွင် အပြီးသတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ 
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအစီအစဉ်ကို နိုင်ငံတစ်ဝန်းအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ 
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အီလက်ထရောနစ် စာကြည့်တိုက်စနစ် တည်ဆောက် ရန်၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမှုတွဲများ၊ စာရွက်စာတမ်းများ Digitization ပြုလုပ် သိမ်းဆည်းသည့် Database စနစ် ဆောင်ရွက်ရန်၊ 
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၁ ခုနှစ် အဓိကဆောင်ရွက်မှုများကို ၂၀၂၁ ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာနှင့် ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ်များကို တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း ပဉ္စမနှစ်အစီအစဉ် (၂၀၂၂) တို့တွင် ကြည့်ရှုနိုင်ပါသည်။ 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်