အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ- ယူနီဆက်ညီလာခံ ကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၁၅


အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ- ယူနီဆက်ညီလာခံ (ASEAN- UNICEF Conference on Digital Transformation of the Education System throughout ASEAN) ကို ယနေ့နံနက် ၈ နာရီက Zoom Webinar စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကိုဗစ်- ၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပညာရေးစနစ်ကို ပြင်းထန်စွာ ထိခိုက် စေလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ယင်းကပ်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချနိုင်စေရန်နှင့် ပညာရေး စနစ်ပိုမိုကောင်းမွန်လာစေရန် အလေး ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပါမောက္ခချုပ်များ ကော်မတီက တည်ဆောက်ခဲ့သော မြန်မာဒီဂျစ် တယ်ပညာ‌ရေး ပလက်ဖောင်း (Myanmar Digital Education Platform - MDEP) ကို အသုံးပြုလျက် Grade 4,7,10 သင်ရိုးညွှန်းတမ်း အသစ်များကို မူလတန်းပြ၊ အလယ် တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမ များအားလုံးအား အွန်လိုင်းသင်တန်း များ ပို့ချခဲ့ပါကြောင်း၊ MDEP ၊ ပြည်သူပိုင် ပုဂ္ဂလိကပိုင် TV Channels များနှင့် ရေဒီယိုများမှ ထုတ်လွှင့်ရန် Audio နှင့် Video သင်ခန်းစာများကို ပြုစုတည်းဖြတ်လျက် ရှိပါကြောင်း၊ ဗီဒီယိုသင်ခန်းစာများကို Education Channel ရုပ်မြင်သံကြားမှ တစ်နေ့ လျှင် ၈ နာရီကြာ ထုတ်လွှင့်ပြသလျက် ရှိပါကြောင်း၊ အင်တာနက်မရရှိသော ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသများမှ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ DBE Box မှ သင်ယူမှုအခွင့် အလမ်း များရရှိစေရန်အတွက် DBE Stick များ တွင် ထည့်သွင်းရန် သင်ခန်းစာများကို ပြုစုလျက်ရှိပါကြောင်း၊ အတန်းတိုင်းမှ ကျောင်းသား ကျောင်းသူများ၊ မိဘ များ အပတ်စဉ်၊ လစဉ် ပုံမှန် download ပြုလုပ်နိုင်မည့်နေအိမ် အခြေပြု သင်ခန်းစာများကိုလည်း ပြုစုလျက်ရှိပါကြောင်း။
သင်ယူမှုအခွင့်အလမ်းများမြှင့်တင်
MDEP ကို အသုံးပြု၍ တက္ကသိုလ် များအတွက် အွန်လိုင်းသင်ယူမှုကို အကောင်အထည် ဖော်သွားမည် ဖြစ်သကဲ့သို့ အင်တာနက် မရရှိသော ‌ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသများမှ တက္ကသိုလ် ကျောင်းသားများအတွက် DHE Box နှင့် Data Stick များ ဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ပုံမှန် အဝေးသင်ပညာရေး စနစ်အပြင် အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်မည့် Myanmar National Open University ထူထောင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အခြေခံပညာ ဆရာ ဆရာမများ နှင့် တက္ကသိုလ် ဆရာ ဆရာမများ အတွက် သင်ယူမှု စီမံခန့်ခွဲရေးစနစ် (Learning Management System) နှင့် ဒီဂျစ်တယ် သင်ကြား သင်ယူမှု နည်းစနစ် (Digital Teaching- Learning Methodology) များ တိုးတက်ရေးကို အားပေးပြီး သင်တန်းများ စီစဉ်ဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊ စာသင်ခန်းတွင်း သင်ယူမှု (Face- to- face Learning)၊ အွန်လိုင်းသင်ယူမှု (Online Learning) နှင့် ပေါင်းစပ်သင်ယူမှု (Blended Learning) များမှတစ်ဆင့် ဒေသတွင်း လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် လူတိုင်းအတွက် ဘဝ တစ်သက်တာ သင်ယူမှုအခွင့်အလမ်း များကို မြှင့်တင်ပေးလိုပါကြောင်း၊ ထို့ကြောင့် ပါမောက္ခချုပ်များ ကော်မတီသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင် မိတ်ဖက်ပူးပေါင်းဆောင် ရွက်ရေး (University- Industry Partnership) အပါအဝင် တက္ကသိုလ် နှင့် ကောလိပ်အားလုံး လွတ်လပ်သော ကိုယ်ပိုင်စီမံခန်ခွဲခွင့်ဖြင့် ရပ်တည်ရေး ကို ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
သင်ယူမှုအခွင့်အလမ်းများ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးရာတွင် ပညာရေး စနစ်ကို ဒီဂျစ်တယ်ဖြင့် ပြုပြင် ပြောင်းလဲမှုသည် အဆင့်မြင့် နည်းပညာများနှင့် ကိရိယာများကို အသုံးပြု၍ သင်ယူမှု ပတ်ဝန်းကျင် ကောင်းကို ပုံဖော်ခြင်းပင် ဖြစ်ပါ ကြောင်း၊ လူသားအင် အားစုနေရာတွင် အလိုအလျောက်နည်းပညာများ၊ AI, Robots, IOT တို့က အစားထိုး ဝင်ရောက်လာလျက်ရှိသဖြင့် လုပ်သား အင်အားစုများအတွက် ယှဉ်ပြိုင်မှု ပိုမိုအားကောင်း လာပါကြောင်း၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက် လျက်ရှိသော ယနေ့ ကမ္ဘာကြီးတွင် လုပ်သားအင်အားစုများ အနေဖြင့် ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထားအမြင်နှင့် လူမှုရေး တန်ဖိုးများကို မြှင့်တင်ပေးရန် လိုအပ် လာပါကြောင်း၊ COVID- 19 ကပ်ရောဂါကာလတွင် အွန်လိုင်း သင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့ သည် သင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် အရေးပါသော် လည်း ယင်းတို့မှာ ၂၁ ရာစုကျွမ်း ကျင်မှုများအတွက် အရည်အချင်း ပြည့်ဝသော ဆရာ ဆရာမများ၏ စာသင်ခန်းတွင်း သင်ကြားမှု (Face-to-face Learning) ကိုမူ အစားထိုး နိုင်မည် မဟုတ်ပါကြောင်း၊ နိုင်ငံ သားကောင်း အရည်အသွေး၊ ဆက်သွယ်မှု အရည်အသွေး၊ အဖွဲ့ လိုက်ဆောင်ရွက်တတ်မှု၊ အပြု သဘောဆောင်သော အမြင်ရှိမှုနှင့် ပင်ကိုယ်စွမ်းရည် ကဲ့သို့သော Transferrable Skills များကို မြှင့်တင် ပေးသွားရန် အရေးပါလျက်ရှိနေ ပါကြောင်း။
အလားတူပင် High- tech Learning နှင့် High- touch Learning နှစ်မျိုးလုံးသည်လည်း နည်းပညာ ခေတ်တွင် ဒေသတွင်းအဆင့်နှင့် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်း လာစေရေးအတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင် ရေးတွင် အရေးပါလျက် ရှိပါကြောင်း၊ အနာဂတ်တွင် အဓိက စိန်ခေါ်မှု တစ်ရပ်မှာ စာသင်ကျောင်းများနှင့် တက္ကသိုလ် စာသင်ခန်းများသည် ကျောင်းသားများအတွက် ခေတ်မီ ဒီဂျစ်တယ် နည်းပညာများဖြင့် ပေါင်းစပ်ပံ့ပိုးပေးနိုင်‌ရေးပင် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နည်းပညာနှင့် အခြေခံအဆောက်အအုံပံ့ပိုးမှု၊ ပညာ ရေး အင်အားစု၏ ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်မှု၊ ဒီဂျစ်တယ် နည်းပညာဖြင့် သင်ကြားသင်ယူမှု၊ အရည်အသွေးအာမခံမှု၊ အာဆီယံ ဒေသတွင်း အရည်အသွေး အသိ အမှတ်ပြုမှုများကို အာမခံမည့် အသွင် ကူးပြောင်းခြင်းဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများနှင့် မူဝါဒများ တိုးတက် ရေးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်သွားကြရန် တိုက်တွန်း ပါကြောင်း၊ လုံခြုံစိတ်ချမှုရှိသော ဒီဂျစ်တယ်နည်းပညာဖြင့် သင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ရေးနှင့် အာဆီယံဒေသတွင်း ပညာရေးစနစ် တွင် ဒီဂျစ်တယ်ဖြင့် ပြောင်းလဲသွားရေး ဟူသော ဤညီလာခံ၏ ပူးတွဲကြေညာ ချက်ကိုအနာဂတ်ဒေသတွင် သာတူ ညီမျှမှု၊ အားလုံးပါဝင်မှုကို အားပေး လျက် ထောက်ခံကြောင်း ဆွေး‌နွေး ပြောကြားသည်။
ပူးတွဲကြေညာချက်ကို အတည်ပြု
ဆက်လက်၍ အာဆီယံပညာရေး ဝန်ကြီးများက မိမိတို့၏ သဘောထား အမြင်များကို အလှည့်ကျဆွေးနွေး ကြကာ အာဆီယံပညာရေးဝန်ကြီး များ၏ ပူးတွဲကြေညာချက်ကို အတည် ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်