ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၁၆


ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရန်ကုန်တက္ကသိုလ်ရာပြည့်အခမ်းအနားကို ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ ရုပ်သံအစီအစဉ်များနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ သတင်းစာ များတွင် ဆောင်ရွက်နေသည့် အစီအစဉ်များလည်း ရှိပါကြောင်း၊ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်နေသည့် အစီ အစဉ်များလည်း ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်စေလိုသည့် အစီ အစဉ်များရှိပါကလည်း ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ဒီဇင်ဘာ ၁ ရက်တွင် သက်တမ်းနှစ် (၁၀၀)ပြည့်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သည်တက္ကသိုလ်အားလုံး၏ မိခင်တက္ကသိုလ် ကြီးဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်များ၏ စနစ်အတိုင်း ယခင်က ဖွဲ့စည်းထားခဲ့ ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကို ကိုဗစ်- ၁၉ အခြေအနေအရ မည်သို့ကျင်းပနိုင်မည်ဆိုသည်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြု ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်း အနားတွင် ထည့်သွင်းသင့်သည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီးစီးမှုနှင့် ဆက်လက်ထုတ်လွှင့်ရန် လျာထားဆောင် ရွက်ထားရှိမှုများကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီ အစဉ်တွင် ပါဝင်မည့်ဖျော်ဖြေရေး အစီအစဉ်များအတွက် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာန ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့အတူ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ထည့်သွင်းကျင်းပ သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်အဖြစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ကျင်းပနေမှုအခြေအနေနှင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း ပြိုင်ပွဲ များ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြ ကြပြီး တက်ရောက်လာကြ သည့် ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်တို့ က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ သတင်းစဉ်