
ဆောင်းပါး
=======
ရှေ့နေနှင့် အသိပညာပေးခြင်း
====================
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ် ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့်အသိပညာပေးခြင်းပါတဲ့”
“ဘာကိုဆိုလိုတာလဲ ဆရာ”
“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆောင်ရွက်နေတဲ့ အသိပညာ ပေးခြင်းလုပ်ငန်းတွေအကြောင်း ရှင်းလင်းတင်ပြချင်တာပါ။”
“စိတ်ဝင်စားပါတယ်ဆရာ”
“ဒါဖြင့် ၊ ဖတ်ကြည့်ကြစို့”
ACC Against COVID-19
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အသိပညာပေးခြင်းလုပ်ငန်း နှင့် စပ်လျဉ်း၍ ACC Against COVID-19 အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ အသိ ပညာပေးကဏ္ဍတစ်ရပ်အဖြစ် ACC Myanmar Facebook Page (ACC Myanmar) တွင် ACC Against COVID-19 အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ဆောင်ရွက်လျက် ရှိသည်။ (ပုံ-၁)
ဆောင်းပါးရှင်များ
ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း များရှိ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအဖွဲ့များ အနေဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ကော်မရှင်၏ ACC Against COVID-19 အစီ အစဉ်တွင် ဆောင်းပါးများပါဝင်ရေးသားနိုင် ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဆောင်းပါးရှင်များမှာ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ခင်မောင်ညို(ဘောဂဗေဒ)၊ ဒေါက်တာမိုမိုတင်၊ ဒေါက်တာသီတာအောင်၊ ဒေါက်တာမြင့်ကြည်၊ ဒေါက်တာဆွေဇင်ဝင်းနှင့် ဒေါက်တာ သန်းနိုင်ဦး၊ ဦးအောင်နိုင်ဦး၊ ဒေါ်ခိုင်ခိုင်နွယ် အစရှိသည့် ဌာနဆိုင်ရာအသီးသီးမှ ပညာရှင် များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ရုံးဝန်ထမ်းများ၊ စိတ်ပါဝင်စားသူများက ယနေ့တိုင်ရေးသား ချီးမြှင့်ပေးလျက်ရှိပါသည်။ အလွှာအသီးသီး က ထင်မြင်ချက်များ၊ မှတ်ချက်များရေးသား တင်ပြလျက်ရှိပါသည်။ အားနည်းချက်များ ကိုလည်း ဝေဖန်ထောက်ပြပေးနေသဖြင့် ကြိုဆိုရပါသည်။
Media Campaign ဆောင်ရွက်ခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သည် အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာ အကူအညီဖြင့် ပြည်သူလူထုကဏ္ဍဆိုင်ရာ အသိပညာပေးမှု ၊ ပြည်သူ့ဝန်ထမ်းများကဏ္ဍ ဆိုင်ရာအသိပညာပေးမှု၊ စီးပွားရေး ကဏ္ဍ ဆိုင်ရာ အသိပညာပေးမှုဟူ၍ ကဏ္ဍရပ်များ အလိုက် ဆောင်ရွက်လျက်ရှိပါသည်-
(က) ရုပ်မြင်သံကြားတွင် ကြော်ငြာများနှင့်ဇာတ်လမ်းတိုများ ထုတ်လွှင့် ခြင်း၊ ရေဒီယို Channel များတွင် ကြော်ငြာများနှင့် ဇာတ်လမ်းတို များ ထုတ်လွှင့်ခြင်း၊
(ခ) လူမှုကွန်ရက်၊ Facebook Page မှတစ်ဆင့် အသိပညာပေးခြင်းများ ထုတ်လွှင့်ခဲ့ပါသည်။
သာဓကအနေဖြင့် ကော်မရှင်၊ UNDP နှင့် Azuri Creative Company တို့ပူးပေါင်း ဆောင်ရွက်သည့် Media Campaign အား လူမှုကွန်ရက်စာမျက်နှာ Facebook Page တွင် “တက်ညီလက်ညီ” ဟူသည့် Page အသစ်ကို ၂၈-၇-၂၀၂၀ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ 5 PLUS, DVB TV Channel တို့ကလည်း အစီအစဉ်များကို ထုတ်လွှင့် လျက်ရှိပါသည်။ (ပုံ-၂)
အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ
ကျင်းပခြင်း
ကုလသမဂ္ဂထူထောင်သည့်(၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အနာဂတ်ကို စုပေါင်း ရုပ်လုံးဖော်ရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲများကို ကျင်းပနိုင်ရန် UN 75 Initiative ကို စတင်မိတ်ဆက်ခဲ့သည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှလည်း UN 75 Initiative တွင် ပူးပေါင်းပါဝင်ရန် ပြည်ထောင်စုဝန်ကြီးဌာန ၁၇ ခု၊ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခု၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းသုံးခု၊ လူငယ် ကိုယ်စားလှယ်အဖွဲ့ တစ်ခုတို့ဖြင့် ၂၆-၈-၂၀၂၀ ရက်နေ့တွင် “အစိုးရနှင့်ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။
သတင်းထုတ်ပြန်ခြင်း
ကော်မရှင်သည်ဘက်လိုက်ခြင်းကင်းမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် မျှတမှုစံနှုန်းကို အမြင့်မားဆုံးထိန်းသိမ်းရန်အတွက် ကော်မရှင် ၏လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက် အလက်များမှအပ လုပ်ငန်းစဉ်များ၊ လုပ်ထုံး လုပ်နည်းများ၊ ဆောင်ရွက်ချက်များအား အများပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိ နိုင်စေရန်အတွက် ကော်မရှင် Website ၊ Facebook Page နှင့် နိုင်ငံပိုင် သတင်းစာများ တွင် စဉ်ဆက်မပြတ် ထည့်သွင်းဖော်ပြခဲ့ပါ သည်။
အမေးများသောမေးခွန်းများ
အထူးသဖြင့် အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ မည်သည့်လိပ်စာဖြင့် လိပ်မူ တိုင်ကြားရမည်ကို ပြည်သူများကသိရှိလိုကြ ပါသည်။ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် (နေပြည်တော်) ၏ ရုံး လိပ်စာ၊ ရန်ကုန်ရုံးခွဲရုံးလိပ်စာ၊ မန္တလေးရုံးခွဲ ၏ ရုံးလိပ်စာတို့ကိုအများပြည်သူသိရှိနိုင်ရန် အကြိမ်များစွာ ကြေညာချက်များကို ဆီလျော် သလို ဖော်ပြပေးလျက်ရှိပါသည်။
e.mail နှင့် တယ်လီဖုန်းအမှတ်များကို လည်း အခွင့် သင့်တိုင်း မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှဖြစ်စေ၊ အခြားသောရုပ်မြင်သံကြား အစီအစဉ်များမှဖြစ်စေ စဉ်ဆက်မပြတ်
သိရှိရေး အလေး ပေး ဆောင်ရွက်နေပါသည်။ (ပုံ-၃)
တိုင်စာမည်သို့ပေးပို့ရမည်လဲ
အများပြည်သူများက အများဆုံးမေးသော မေးခွန်းမှာ အဂတိလိုက်စားမှုအကြောင်း ဘယ်လို တိုင်ကြားရမည်လဲဆိုသည့် အချက် ဖြစ်ပါသည်။ အဆိုပါအချက်ကို ဥပဒေနှင့် အညီ တိုင်ကြားနိုင်ရန်နှင့် တိုင်ကြားမှုပြည့်စုံ စေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ Website ဖြစ်သော www.accm. gov.mm တွင် “Online” မှ တိုင်ကြားရန် ကဏ္ဍ အား ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင်စာတိုက်မှ တစ်ဆင့်လည်း ပေးပို့တိုင်ကြားနိုင်ပါသည်။
မိမိကစ ပြောင်းလဲစို့
သူတစ်ပါးကိုအပြစ်ပြောနေမည့်အစား
“မိမိကစ ပြောင်းလဲစို့”။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ နှစ်စဉ်နှစ်တိုင်း တိုင်ကြားစာများ ရောက်ရှိ ပါသည်။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်န ဝါရီလမှ စက်တင်ဘာလအတွင်း တိုင်ကြားစာ စုစုပေါင်း ၅၇၄၁ စောင် လက်ခံရရှိခဲ့ပါသည်။ လက်ခံရရှိသည့် တိုင်စာများကို အဂတိ လိုက်စားကြောင်း ဖော်ပြတိုင်တန်းမှု၊ စီမံ ခန့်ခွဲရေး/အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင် ရွက်မှု၊ လယ်ယာမြေ စီမံခန့်ခွဲမှု၊ တရားစီရင်မှု၊ ဌာနတွင်းပုဂ္ဂိုလ်ရေးမမှန်မကန်ဆောင်ရွက်မှု၊ တိုင်ကြားစာပြန်လည် ရုပ်သိမ်းမှု၊ အထွေ ထွေ၊ စိစစ်ဆဲ စသည်ဖြင့်ခွဲခြား၍ သာဓက အနေနှင့် ဖော်ပြလိုက်ပါသည်။
အဂတိပယ်ခွာပြည်သာယာ
“အဂတိလိုက်စားမှုကို တားဆီးကြဖို့ မိမိကိုယ်တိုင်ကစပြီး အားပေးအားမြှောက် မပြုလုပ်သင့်ပါ”။ “အဂတိပယ်ခွာ ပြည် သာယာ”ဆိုသည့်အတိုင်း မိမိကစတင်၍ ပြောင်းလဲလိုက်ကြရအောင်ပါ။ အဆိုပါ ပညာပေးအစီအစဉ်အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက ထုတ်လွှင့်ခဲ့သော “တက်ညီလက်ညီ” အစီအစဉ်ပုံ ကို ပူးတွဲ တင်ပြအပ်ပါသည်။ (ပုံ-၄)
နိဂုံး
အသိပညာပေးခြင်းသည် အရေးယူခြင်း ထက် ပိုမိုထိရောက်ပါသည်။ ထို့ကြောင့် အသိပညာ ကြွယ်ဝစွာဖြင့် အဂတိလိုက်စားမှု ကို တိုက်ဖျက်ကြပါစို့ . . . ။ ။
- Log in to post comments