
နေပြည်တော် ဖေဖော်ဝါရီ ၂၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီ ခွဲတွင် မံစီမြို့နယ် ကုန်းတိန် ကျေးရွာအုပ်စု မန်ဝိန်းကျေးရွာ အနီး ဗန်းမော်- ရွှေကူသွား ကားလမ်းတွင် ကိုနိုင်(ခ)အိုက်ရှန်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၅၈၅၀ တို့ကို လည်း ကောင်း၊ အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ကျန်စစ်သားလမ်းတွင် နိုင်လင်း အောင် မောင်းနှင်ပြီး ဝေယံစိုး လိုက်ပါလာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀၀ ၊ ဆေးခြောက် သုည ဒသမ ၀၁ ကီလို၊ အိုက်စ် သုည ဒသမ ၀၀၂ ကီလိုနှင့် မြန်မာငွေကျပ် သုံးသိန်း တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၃ နာရီ ၂၅ မိနစ်တွင် အင်းစိန်မြို့နယ် ကမ်းနား (အနောက်)ရပ်ကွက် ဓနသိဒ္ဓိလမ်းနေ ဝင်းပြည့်ကျော် နှင့် ထက်ရှိန်းတို့ နှစ်ဦးအား ၎င်းတို့၏ နေအိမ်၌လည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ် တုံကျက်ကျေးရွာ အုပ်စု ရှောက်စင်စူးကျေးရွာအနီး တွင် ဟော်စီးကို မသင်္ကာဖွယ်တွေ့ ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ တို့ ကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား