တရားမဝင် ကုန်သွယ်မှုနှင့်အတူ အကျင့်ပျက်မှုကိုလည်း ဖော်ထုတ်

 

တရားမဝင် ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍လည်းကောင်း၊  ကုန်သွယ်မှုဆောင်ရွက်ရာတွင်  ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှုသတင်းများနှင့် ပတ်သက်၍လည်းကောင်း လုံခြုံစိတ်ချစွာ  တိုင်ကြားနိုင်ရန်  တယ်လီဖုန်း၊  ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး ကြေညာလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့သည့်     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီသည် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် သတင်းများရရှိရေးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၏ အကျင့်ပျက်မှုများကိုပါ ဖော်ထုတ်နိုင်ရေးတို့အတွက် ယင်းကဲ့သို့ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းပင်ဖြစ်သည်။

 


တရားမဝင်       ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန် အခများ မဆုံးရှုံးစေရေး၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင် များ၏  ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ပေးရေး၊ စားသုံးသူပြည်သူလူထု အန္တရာယ်ကင်းရှင်းစေရေး၊ အမျိုးသားလုံခြုံရေးနှင့် ကျန်းမာရေး တို့ကို ဦးတည်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၄ နိုင်ငံတွင်  တရားမဝင်ကုန်သွယ်မှုများကို  တားဆီးနေမှုနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့ (TRACIT)က ကမ္ဘာလုံးချီ တရားမဝင်ကုန်သွယ်မှု ကိန်းညွှန်း မြန်မာနိုင်ငံအစီရင်ခံစာတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွား လျက်ရှိသည့်   တရားမဝင်ကုန်သွယ်မှုများသည်  တိုင်းပြည်၏ စီးပွားရေး         ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်သာမက ဒေသတွင်းနှင့်   ပေါင်းစည်းဆက်သွယ်ရေးကိုလည်း   သိသိသာသာ စိန်ခေါ်လျက်ရှိသည်။ ယင်းအပြင် မြန်မာ့သဘာဝ ပတ်ဝန်းကျင် ကြံ့ခိုင်မှု (ဥပမာ-တရားမဝင်သစ်ခုတ်ခြင်း)နှင့် စားသုံးသူများ ဘေးကင်းရေး (အရက်တရားမဝင်ကုန်သွယ်မှု)၊   ကျန်းမာရေး အပေါ်တွင်လည်း ကြီးစွာသော အန္တရာယ်ပေးလျက်ရှိသည်ဟူ၍ သုံးသပ်ခဲ့သည်။

 


တရားမဝင်ကုန်စည်များ   မြန်မာနိုင်ငံအတွင်းသို့    ဝင်လာ ခြင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် အခြားဒေသများသို့ ဖြတ်ကျော်သွား ခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြစ်ဒဏ်ပေးမှု နည်းပါးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ စောင့်ကြည့်မှုနှင့် အကျင့် ပျက်မှုကို စောင့်ကြည့်သည့် လုပ်ဆောင်ချက်များ အားနည်းခြင်း တို့က မြန်မာနိုင်ငံအတွင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး မူဝါဒများ အကောင်အထည်ဖော်ရေးကို နှောင့်နှေးစေကြောင်း ဖြင့်လည်း ဖော်ပြထားသည်။ တရားမဝင်ကုန်သွယ်ခြင်းသည် နိုင်ငံတော်ကိုရော ပြည်သူလူထုကိုပါ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် စေသည်။ ထိခိုက်ဆုံးရှုံးမှုဟုဆိုရာတွင် သာမန်မျှသာမဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တားဆီးပိတ်ဆို့သွားစေသည့် အဆင့်၊ ပြည်သူလူထုအပေါ်တွင်လည်း ကျန်းမာရေးထိခိုက်စေမှု၊ အလုပ် အကိုင်အခွင့်အလမ်း ဆုံးရှုံးစေမှုမှသည် ဆင်းရဲနွမ်းပါးစေသည့် အဆင့်ထိ ထိခိုက်ဆုံးရှုံးမှုမျိုးကို ဆိုလိုသည်။

 


မြန်မာနိုင်ငံတွင်   တရားမဝင်ကုန်သွယ်မှုများကို   ထိထိ ရောက်ရောက် တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရာတွင် တရားမဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင်ကော်မတီ ၏    ကြီးကြပ်မှုဖြင့်     ပြည်ထောင်စုဝန်ကြီးဌာနများအကြား၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအကြား    ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်လျက်ရှိရာ တိုးတက်မှုများရှိသော်လည်း အားရကျေနပ်ဖွယ်မရှိသေးကြောင်း နှင့် လိုအပ်ချက်များရှိသေးကြောင်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ က  ပြောကြားထားရာ  မြေပြင်တွင်  ဆောင်ရွက်လျက်ရှိသည့် အမြဲတမ်းစစ်ဆေးရေးစခန်းများ၊      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် ထိရောက်စွာ ဆောင်ရွက် ရေး၊ မိမိတို့၏ ဝန်ထမ်းများနှင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်း များ ပတ်သက်ဆက်နွှယ်မှုမရှိအောင် အလေးထား၍ ကြီးကြပ် ကွပ်ကဲရေးတို့   ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်   သတင်းရယူ ဖော်ထုတ်ရာတွင်လည်း    ပြည်သူလူထု၏    ပူးပေါင်းပါဝင်မှု ကို   ယခုထက်   ကျယ်ကျယ်ပြန့်ပြန့်   ပိုမိုဆောင်ရွက်နိုင်ကြပါ စေကြောင်း။          ။