သာစည်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၇ 


မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်း ရေး   ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီ တွင်    သာစည်မြို့နယ်   ဘုရား ငါးဆူ(တောင်)ကျေးရွာ  တောင် ကြီး- မိတ္ထီလာသွားကားလမ်းတွင် စန်းလွင်(ခ)ကာကာ   မောင်းနှင် ပြီး   စိုးမိုးအောင်(ခ)ကုလားကြီး (ခ)သွာစင်    လိုက်ပါလာသည့် ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၀  ကို       လည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၃ နာရီ ခွဲတွင်    မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်     လုံခုတ်ကျေးရွာ အုပ်စု ဟိုနမ့်ကျေးရွာအနီး ဟိုပုံး-လွိုင်လင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၃၄/၀) တွင်  ပရိုဘောက် အမျိုးအစား ခရီးသည်တင်ယာဉ် ကို     ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည်  မနန်းမိုခမ်း(ခ)မိုလင်း ထံမှ      စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀  ကို       လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်    ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။    

ရဲပြန်ကြား