ဆူဇူကီးဖလားပြိုင်ပွဲ ယခုနှစ် ဆက်လက်ကျင်းပဖွယ်ရှိနေ

 

ရန်ကုန် မတ် ၃


အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ယခုနှစ်တွင် ဆက်လက်ကျင်းပဖွယ်ရှိနေသည်။

 


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပ လျက်ရှိပြီး  ပုံမှန်အရ ယခုနှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို  ကိုဗစ်-၁၉  ကပ် ရောဂါကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းမှ ကျင်းပခဲ့ရသဖြင့် ယခုနှစ် တွင် ဆက်လက်ကျင်းပခြင်း ရှိ မရှိ ပြန်လည်အတည်ပြုသွား မည် ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ပထမဆုံးပြိုင်ပွဲ အဖြစ် အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီး အာဆီယံဖူဆယ်ပြိုင်ပွဲကို ဧပြီတွင် ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပမည်ဖြစ်သည်။  

 


ယင်းပြိုင်ပွဲအပြီးတွင် အာဆီယံအဆင့်  လူငယ်အမျိုးသား နှင့်  အမျိုးသမီးပြိုင်ပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပြီး လက်ရွေးစင်အဆင့် အမျိုးသမီးပြိုင်ပွဲလည်း    ပြုလုပ်သွားမည် ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ပြိုင်ပွဲအားလုံး ပုံမှန်အတိုင်းကျင်းပရန် စီစဉ်ထားသဖြင့် ဆူဇူ ကီးဖလားပြိုင်ပွဲကိုလည်း ကျင်းပဖွယ်ရှိနေသည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ တစ်လျှောက် အမြင့်ဆုံးရပ်တည်မှုအဖြစ် ဆီမီးဖိုင်နယ် နှစ်ကြိမ်သာ တက်ရောက်ဖူးပြီး နောက်ဆုံးကျင်းပသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင်လည်း   အုပ်စုအဆင့် မှ  ထွက်ခဲ့ရသည်။  


ရဲရင့်လွင်