
ဒေါက်တာမောင်ကျော်(ပါမောက္ခချုပ်-ငြိမ်း)
===========================
မြင်ကွင်း (၁)
ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို နိုင်ငံ ပေါင်း ၁၁၀၊ ၅၄ ဒသမ ၈ ရာခိုင်နှုန်းက ကြိုက်နှစ် သက်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ဖြစ်ကြောင်း တွေ့ရ ပါတယ်။ ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီကြည့်ရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့ မဟုတ်သေးပါ။ ကမ္ဘာ့နိုင်ငံအချို့ဟာ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကို အမျိုးမျိုးသော အခက်အခဲ အကျပ်အတည်း ကြားမှ တည်ဆောက်ကြရပါတယ်။
ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်လို့ပဲ ပြောပြော၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် ကျင့်သုံး နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေတတ်ပါတယ်။ ဒီမို ကရေစီနဲ့အတူ နိုင်ငံရေးစိတ်သဘောထားတွေ၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတွေနဲ့ အကျင့်စရိုက် တွေနဲ့လည်း ပွတ်တိုက်မှုရှိလာပြီး အကြီးအကျယ် ရှုပ်ထွေးလှတဲ့ လူမှုစီးပွားရေး၊ စျေးကွက်စီးပွားရေး ကြီးတွေနဲ့ ကိုယ်ကျင့်သိက္ခာတွေကအစ ပြောင်းလဲ ရမယ့်လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်းတစ်ရာကြာပြီဖြစ်တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို မြန်မာတို့အဖို့ လက်လှမ်း မီ၊ အဆင့်မီ စစ်မှန်တဲ့ ဒီမိုကရေစီကို ဆွတ်ချူရန် ခဲယဉ်းလျက်ရှိနေသေးတာကို တွေ့ရပါတယ်။
မြန်မာဝေါဟာရတွေအရ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ လွတ်လပ်ရေး၊ လွတ်မြောက်မှု၊ လူ့အခွင့်အရေး၊ အတိုက်အခံပါတီ၊ ပြည်သူ့ ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း စသည်တို့ရဲ့ ဆိုလိုရင်းအဓိပ္ပာယ် တွေကို နားလည်သူတွေဟာ သာမန်မြန်မာလူထု ထဲမှာ ရှုပ်ထွေးနေတတ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ကျင့်သုံးကြသော်လည်း အကျိုးဆက် ရလဒ်မှာတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာကို တွေ့ရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရ၊ ဥရောပသမဂ္ဂ၊ ဆိုဗီယက်ယူနီယံဆိုတဲ့ ဝေါဟာရတွေဟာ အပေါင်းလက္ခဏာ၊ အပေါင်း လက္ခဏာတွေ ဆောင်ရွက်နိုင်ဖို့ ပေါ်ပေါက်ခဲ့ပါ တယ်။ အတိုက်အခံပါတီဆိုတိုင်း အစိုးရလုပ်သမျှ၊ စီမံသမျှ တိုက်ထုတ်ဆန့်ကျင်နေဖို့မဟုတ်။ ဒီမိုကရေစီကျင့်စဉ်အရ ကောင်းဖို့နည်းလမ်း၊ ကောင်းဖို့အတွက် အကျိုးအကြောင်းနဲ့ ဝေဖန် သုံးသပ်ခြင်း၊ ညှိနှိုင်းခြင်းသည်သာ အတိုက်အခံရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။
ဆန့်ကျင်တိုက်ပွဲဝင်ခြင်းဟာ ဒီမိုကရေစီရဲ့ အစွန်းတရားပဲ ဖြစ်တယ်လို့မြင်ပါတယ်။ အကျပ် အတည်း အခက်အခဲ၊ အစိုးမရလောက်တဲ့ အခြေအနေမျိုးတွေ ကြုံတဲ့အခါ တွေးခေါ် မြော်မြင်မှု အတွေ့အကြုံတွေအရ ဝေဖန်ပိုင်းခြား နိုင်တဲ့ အရည်အချင်းတွေကို အခြေပြုပြီး အပြောင်းအလဲလုပ်နိုင်ဖို့ ဒီမိုကရေစီဟာ ဖွင့်ထား တဲ့ သဘောရှိပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးကြရာ မှာ စဉ်းစားတွေးခေါ် မြော်မြင်နိုင်တဲ့ လူထု လူတန်းစား၊ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိအမြင်ကြွယ်ဝမှု အလွန်လိုအပ်နေ တာကို တွေ့ရပါတယ်။
မြင်ကွင်း (၂)
“ယနေ့ မျိုးဆက်အသီးသီးဟာ လွတ်လပ်မှု ဆိုတာဘာလဲ၊ လွတ်လပ်မှုဆိုသည် ကျွန်တော်တို့လုပ်ချင်တာလုပ်ဖို့မဟုတ်၊ လုပ်သင့်တာကို လုပ်နိုင် ဖို့ အခွင့်အလမ်းရှိဖို့ လိုပါတယ်” လို့ ပုပ်ရဟန်း မင်းကြီး ဂျွန်ပေါ (၂ ) John Paul (II) က လူထုကို ရှင်းပြတာကို ဖတ်ရှုရပါတယ်။ လွတ်လွတ် လပ်လပ်နေဖို့၊ လုပ်ဖို့ကြံရွယ်တယ်ဆိုရင် ပြည်သူ့ နီတိကို စတင်ဆည်းပူးရလိမ့်မယ်။ စာသင်ကျောင်း တွေက အစပြုလိုက်တဲ့ လောကနီတိကျင့်ဝတ် တွေကသာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထား လေးစားမှု၊ နားလည်ပေးမှု၊ ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်း တွေကို မွေးထုတ်ပေးရာရောက်ပြီး ထိုနိုင်ငံသား ကောင်းတွေကသာ တန်ဖိုးမြင့် ဒီမိုကရေစီကျင့်စဉ် ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ တို့ရဲ့ ပြည်သူ့နီတိဟာ ဒီမိုကရေစီကိုထွန်းကား စေပါတယ်။
လေးစားခြင်းဆိုရာမှာ မိမိ၊ အခြားသူတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းတို့ကို ဆိုလိုပါတယ်။
၁။ မိမိကိုယ်ကိုလေးစားခြင်းဆိုသည်မှာ -
- မကြာခဏ ကိုယ်စိတ်လေ့ကျင့်ခန်း လုပ်ရ မယ်။
- ဒေါသကိုထိန်းနိုင်ရမယ်။
- အန္တရာယ်ဖြစ်စေနိုင်ခြေ ရှိသည်တို့ကို လျှော့ချနိုင်ရမယ်။
- အမှားမှ သင်ခန်းစာယူ သင်ယူရမယ်။
- အပေါင်းလက္ခဏာ အကောင်းမြင်ဝါဒ ရှိရမယ်။
- စည်းကမ်းဥပဒေကို လေးစားလိုက်နာရပါ မယ်။
- ရိုးသားရပါမယ်
၂။ အခြားသူကိုလေးစားရမယ်ဆိုသည်မှာ -
- ကိုယ်နှုတ် ယဉ်ကျေးသိမ်မွေ့ရမယ်။
- အကူအညီပေးနိုင်သမျှ ပေးရမယ်။
- အများအကျိုး သယ်ပိုးကြရမယ်၊ မျှဝေ တတ်ရမယ်။
- လိုအပ်သူတို့ကို ကူညီထောက်ပံ့ရတယ်။
- ချီးမွမ်းထောမနာပြုရမယ်။ သည်းခံ နိုင်စွမ်းရှိရမယ်။
၃။ သဘာဝပတ်ဝန်းကျင်ကို လေးစားခြင်း ဆိုသည်မှာ-
- မိမိရဲ့ အိမ်ရာအဝန်းအဝိုင်းမှာ သန့်ရှင်းမှု ရှိစေရမယ်။
- တစ်ကျော့ပြန်သုံး၊ ပြန်သုံး၊ လျှော့သုံး ပြုလုပ်နိုင်ရမယ်။
- လျှပ်စစ်နဲ့ ရေကို ချွေတာသုံးစွဲရမယ်။
- ရုက္ခသတ္တ လောကကို စောင့်ရှောက်ရတယ်၊ ညှဉ်းဆဲမှုမပြုရ။
၄။ လူ့အသိုင်းအဝိုင်းကို လေးစားရမယ်ဆိုသည်မှာ-
- ကိုယ်နှုတ်အမူအရာကောင်းရပါမယ်။
- တာဝန်ရှိသူတို့ကို လေးစားရပါမယ်။
- အသင်းအဖွဲ့ပုံစံလုပ်ရမယ်။
- ကြင်နာမှုပြ၊ ကြင်နာမှု ပြုရမယ်။
- အသုံးတည့်၊ အကျိုးပြုသူဖြစ်ရပါမယ်။
- ကာကွယ်စောင့်ရှောက်သူဖြစ်ရပါမယ်။
စာတတ်ပေတတ်၊ ဗဟုသုတ၊ ကြွယ်ဝသူ၊ ပညာတတ်တို့ဟာ သူ့အတွက်နဲ့ အများကောင်းကျိုး လုပ်ဆောင်ဖို့ဆန္ဒရှိရမယ်။ သူ့အတွက် ကောင်းကျိုး ကို မလုပ်နိုင်ရင် သူ့ကိစ္စပဲ။ သို့ရာတွင် အများအတွက် စိုးစဉ်းမျှ မလုပ်နိုင်ရင်တော့ ထိုသူဟာ မကောင်းမှု ပြုလုပ်ရန် ရှောင်ရှားရလိမ့်မယ်။ လောကနီတိလာ ပညာရှိတို့စကားဟာ ပြည်သူ့နီတိပါပဲ။ ဒီမိုကရေစီ ဆိုတဲ့ အဓိပ္ပာယ်ကို ထင်ဟပ်စေပါတယ်။
လွတ်လပ်မှုနဲ့ တာဝန်ရှိမှုဟာ ငွေဒင်္ဂါးတစ်ခု ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ “ကိုယ့်မှာလည်း တာဝန်ရှိပါ လား” ဆိုတဲ့ ခံယူချက်နဲ့ ပြည်သူတစ်ယောက်ဟာ ကိုယ်တိုင်ပြောဆို၊ ရေးသား၊ လက်တွေ့ကျင့်ကြံ ကျင့်သုံးမယ်ဆိုရင် ပြည်သူကိုအကျိုးပြုစေပါတယ်။ လွတ်လပ်စွာဆိုသည့် ဝေါဟာရအောက်တွင် ပရမ်း ပတာလွတ်လပ်မှုကြောင့် ဒီမိုကရေစီဟာ တန်ဖိုး ကျနိုင်လို့ သတိထားရန်လိုပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ တွေ့နေမြင်နေရတဲ့ ဒီမိုကရေစီဟာ မျက်နှာပန်းမလှသလိုပါပဲ။ ဒီမိုကရေစီကို ပျစ်ပျစ် နှစ်နှစ် ကျင့်သုံးနေတဲ့ နိုင်ငံကြီးတွေဟာ ယနေ့ မြန်မာနိုင်ငံရဲ့အဖြစ်သနစ်ကို ကြည့်ပြီး ဒီမိုကရေစီ ရဲ့တန်ဖိုးဟာ ကျဆင်းလာတယ်လို့ သုံးသပ်ကောင်း သုံးသပ်ပေလိမ့်မယ်။
မြင်ကွင်း (၃)
“သိပ္ပံပညာ၊ ခရစ်ယာန်၊ လွတ်လပ်မှု၊ ဒီမို ကရေစီတို့ဟာ စိတ်ဝင်စားဖွယ် လေ့လာစရာ တွေပဲ။ လူဂုဏ်တန်တွေနဲ့ ပို၍ထိုက်တန်ပေလိမ့် မယ်။ ဒါသည်ပင် သတိထား ရွေးချယ်ပြီး သင်ယူ သင့်ပါတယ်။ ဒီလိုအတွေးအခေါ် စိတ်ကူးစိတ်သန်း တွေဟာ ခေတ်မီဖွံ့ဖြိုးအင်အားကြီးတဲ့နိုင်ငံ တည်ဆောက်ဖို့ အသုံးဝင်တဲ့ ကိရိယာတွေပဲဖြစ် ပါတယ်။ သို့ရာတွင် မှားယွင်းတဲ့ လူတွေရဲ့လက်ထဲ မှာ ဒီအတွေးအခေါ်ပညာရပ်တွေနဲ့ ကျင့်စဉ်တွေ ဟာ ကြီးမားတဲ့အန္တရာယ်ကို ပေါ်ပေါက်စေပါတယ်” လို့ ၂၀၀၁ ခုနှစ် ဧပြီလ ၃၀ ရက်ထုတ် Time မဂ္ဂဇင်းမှာ ဂျပန်ရဲ့ စူးစမ်းလိုစိတ်၊ သင်ယူလိုစိတ်၊ နောက်ကျမကျန်ရစ်ဖို့ စိုးရိမ်စိတ်၊ ဂျပန်ရဲ့ ကြွယ်ဝ ချမ်းသာမှု၊ အာရှမှာ နည်းပညာအရာမှာ ခေတ် အမီဆုံး နှစ်ပေါင်း ၃၀၀ တိုင် တည်တံ့ခိုင်ခံ့မှာ ဖြစ်ခြင်းအကြောင်းနဲ့စပ်လျဉ်းပြီး အယ်ဒီတာက ရှုမြင်သုံးသပ်တာကို ဖတ်ရှုရပါတယ်။ ဂျပန်တို့ဟာ ဒီမိုကရေစီအရေးကိုပင် လွယ်လွယ်ကူကူ လက်မခံ ဘဲ တွေးပူတဲ့သဘောကို တွေ့ရပါတယ်။
ဂျပန်လူမျိုးတို့ရဲ့ စိတ်ဓာတ်ဟာ အံ့မခန်းစရာ ကောင်းလှပါတယ်။ ဂျပန် စိတ်ဓာတ်၊ အနောက်တိုင်း ပညာ၊ အနောက်ယဉ်ကျေးမှုနဲ့သင်ယူမှု၊ ဒီနှစ်ချက် ဟာ ဦးနှောက်အတွက်ပဲ၊ နှလုံးသားက ဂျပန်ပဲ၊ အပြောင်းအလဲမရှိ၊ ပကတိအတိုင်း ဂျပန်ပါပဲ။ ဒါကြောင့်ပဲဖြစ်မယ်။ ဂျပန်အရာရှိကြီးများဟာ နိုင်ငံခြား အတွေးအခေါ် တွေကြောင့် သာမန်ဂျပန်တို့ရဲ့ ဦးနှောက်ကို ပုန်ကန်ထကြွ အကြမ်းဖက်မှုဖြစ်မှာကို စိုးရိမ်ပူပန် ကြတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီဟာ ၁၉၆၃ ဇွန်လ ၂၆ ရက်နေ့မှာ “လွတ်လပ်ခွင့်ဆိုတဲ့ ကိစ္စမှာ အခက်အခဲတွေရှိတယ်။ ဒီမိုကရေစီဆိုတိုင်း လည်း ပြီးပြည့်စုံ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ် ဆိုတဲ့အကြောင်း လူထုကို ပြောကြားခဲ့ပါတယ်။
မြင်ကွင်း (၄)
“ကျွန်တော်တို့ဟာ ချီးမွမ်းခံချင်ကြတယ်။ ချီးမွမ်းသမှုကို တမ်းတကြတယ်။ လေးစားမှုကို လိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လူ့အခွင့်အရေး လေးစားခြင်းသည်သာ ဒီမိုကရေစီ အရေးရဲ့ရှေ့မှာ လာသင့်တယ်။ ဒီမိုကရေစီရဲ့ ရှေ့မှာ လူရဲ့ မူလအခွင့်အရေး လာသင့်တယ်လို့ ယုံကြည် ပါတယ်။” လို့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူက ၂၀၀၁ ခုနှစ် အောက်တိုဘာလ Reader’s Digest မှာ ပြောကြားတာကို ဖတ်ရှုရပါတယ်။
ကိုယ်တွေ့ လူ့အခွင့်အရေး ဥပမာတစ်ခုက- မန်ချက်စတာမြို့ ည ၁၀ နာရီ ထိုးခါနီးမှာ ကျွန်တော်နဲ့ အင်္ဂလိပ်အဘွားကြီး နှစ်ဦးဟာ ဘတ်စ်ကား စီးလာကြပါတယ်။ နောက်မှတ်တိုင် ရောက်ရင် ၁၀ နာရီထိုးမှာ၊ လမ်းပလက်ဖောင်း ပေါ်မှာ လူကြီးတစ်ယောက်ဟာ ဒယီးဒယိုင်နဲ့ ဘတ်စ်ကားမီဖို့ ကြိုးစားပြေးလာပါတယ်။ ဘတ်စ်ကားဆရာက မစောင့်ဘဲ မောင်းထွက်တော့ အမူးသမားဟာ မမီဘဲ ကျန်ရစ်ခဲ့ပါတယ်။ နောက် ကားကို နာရီဝက်လောက် ချမ်းချမ်းစီးစီး စောင့်ရ မယ်။ ဒါ့အပြင် ကားခ နှစ်ဆပေးရမှာဖြစ်တော့ အင်္ဂလိပ်အဘွားကြီးက ဒီမိုကရေစီနည်းလမ်းကျကျ ဆဲတော့ ဒရိုင်ဘာနဲ့ စပယ်ယာဟာ ငုံ့ခံနေရတာ ကို တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ အခွင့်အရေး အတွက် မင်းတို့တစ်တွေဟာ ဘာပဲလုပ်လုပ် ပြည်သူ့ဝန်ထမ်းတွေပဲ။ မင်းတို့ ငမူးနေရာမှာ နေကြည့်၊ ကိုယ်ချင်းစာပါကွလို့ အဘွားကြီးက စပယ်ယာအင်္ကျီဆွဲပြီး ပြောခွင့်ရှိတာ၊ မှန်မှန် ကန်ကန် ပြောဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။
စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင် က လူငယ်များအား အနာဂတ်စိန်ခေါ်မှုတွေ ကို ကျော်လွှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း ၂၀၀၂ ခုနှစ် မေလက သတင်းဌာနတွေက တစ်ဆင့် ပြောကြားခဲ့ပါတယ်။ (၁၀) ကြိမ်မြောက် အမျိုးသား လူငယ်ထူးချွန်အောင်မြင်ခြင်း ဆုပေးပွဲ အခမ်းအနားမှာ “ကျွန်တော်တို့ဟာ ဒေသတွင်း ဈေးကွက်တွေမှာ ယှဉ်ပြိုင်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရကြောင်း၊ တန်ဖိုးနိမ့် အလုပ်အကိုင် (lower valued added jobs) တွေဟာ စင်ကာပူ ပြင်ပသို့ ရောက်သွားဖွယ်ရှိကြောင်း၊ ဂလိုဘယ် လိုက်ဇေးရှင်းရဲ့ အဟုန်နဲ့ နည်းပညာမြင့်မား သည်ထက်မြင့်မားလာမှုဟာ ဆက်လက်အရှိန်ရနေ မှာ” ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လူမှုရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် နေတဲ့ အခြေအနေကို မိန်းမောနေရင် တဖြည်းဖြည်း နောက်ကောက်ကျနိုင်တယ်။ လူငယ်တို့အား ပခုံး ပြောင်း တာဝန်တွေကိုယူတဲ့အခါ နိုင်ငံရဲ့ပေါ်လစီ နဲ့ နည်းလမ်းတွေအတိုင်း ဆောင်ရွက်ကြဖို့ ဂိုချောက်တောင်က တိုက်တွန်းခဲ့ပါတယ်။ လူငယ် တို့ရဲ့စွမ်းပကား အရည်အသွေးကို အမြင့်ဆုံးအမှတ် သို့ရောက်အောင် အားထုတ်ဖို့ လူမှုဘဝပြည်သူ တွေရဲ့ အနာဂတ်အရေး တာဝန်ယူနိုင်ဖို့ ဒုက္ခ ရောက်နေသူ သို့မဟုတ် လေလွင့်ဘဝပျက်နေသူ တွေကို ကူညီကြဖို့ ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
“ကျွန်တော်တို့ အရှေ့တောင်အာရှမှာတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေရှိရာ လူကြီး သူမတွေ၊ ထေကြီးဝါကြီး ဆရာတော်တွေ၊ ရှေးရှေး က ပညာရှင် ဆရာကြီးတွေဟာ တိုင်းပြည်ရဲ့တန်ဖိုး အနဂ္ဃထိုက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ပဲလို့ ခံယူပါတယ်။ ဒီသာပါမောက္ခ၊ ပရောဟိတ်တွေရဲ့ ပညာဗဟုသုတ၊ ကျွမ်းကျင်မှုအတွေ့အကြုံ အမြော်အမြင်လို့ခေါ်တဲ့ ဉာဏစွမ်းပကားတွေဟာ လူ့အသိုင်းအဝိုင်းကို ဖွံ့ဖြိုးတိုးတက်ရာ တိုးတက် ကြောင်း အကြောင်းတရားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခေါင်းဆောင်တွေဟာ သူတို့ကို စောင့်ရှောက်ရမယ်။ မေတ္တာတွေပေး လေးစားကြ ရမယ်။ ဂုဏ်ပြုထောမနာပြုကြရမယ်။” လို့ ၁၅-၄-၂၀၀၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်စင်ရှင်နာဝါထရာ ပြောဆိုခဲ့ပါတယ်။ မြင်ကွင်း (၅)
၁၉၆၀ ပြည့်နှစ်မှာ အမေရိကန် ဆီးနိတ်တာ ဂျွန်အက်ဖ်ကနေဒီဟာ ဒုတိယသမ္မတဖြစ်တဲ့ နစ်ဆင်နဲ့ သမ္မတလောင်း ရွေးချယ်ရေး စကားရည် ထိုးပွဲမှာ ယခင်အစိုးရက ဆောင်ရွက်ရန် လိုအပ် ခဲ့ပုံတွေကို ထောက်ပြခဲ့ပါတယ်။ ဂျွန်အက်ဖ်ကနေဒီ ဟာ တိုင်းပြည်ရဲ့ အဓိကလိုအပ်ချက်ကို ပြည်သူကို နိုးကြားအောင် အသိပေးပြီး သူသမ္မတဖြစ်လာတဲ့ အခါ ဆောင်ရွက်မယ့်အစီအစဉ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ စစ်ပြီးကာလ စစ်အေးကာလ စစ်လက် နက်ထုတ်လုပ်ရေး ပြိုင်ပွဲခေတ် ဖြစ်ခဲ့ပါတယ်။
“အမေရိကန်တို့ဟာ ဆိုဗီယက်ရုရှား၊ ကရင် မလင်က လူတွေနဲ့ယှဉ်ပြိုင်နေရတာသာမကတော့ ဘူး။ ပီကင်းက လူတွေနဲ့လည်း ယှဉ်ပြိုင်နေရကြောင်း၊ ဆိုဗီယက်တို့ဟာ တိုင်းပြည်အတွက် လျှပ်စစ် ဓာတ်အားတွေ ထုတ်လုပ်သုံးစွဲနေသော်လည်း အမေရိကန်နိုင်ငံရဲ့စွမ်းအင်ကဏ္ဍ အားမရကြောင်း၊ မကျေနပ်ကြောင်း၊ ကောလိပ်တက္ကသိုလ်တွေက ဆရာ ဆရာမတွေရဲ့ လစာဟာလည်း လုံလောက်မှု မရှိကြောင်း၊ နီဂရိုးတွေရဲ့ ပညာရေးကိုကြည့်ရင် နီဂရိုးလူထု တစ်ဝက်ဟာ တက္ကသိုလ်ပညာကို လက်လှမ်းမမီကြောင်း၊ အိုးပိုင်အိမ်ပိုင်ဆိုလို့ နီဂရိုး တစ်ဝက်သာ ပိုင်ဆိုင်နိုင်တဲ့ အခြေအနေရှိကြောင်း၊ ပြီးခဲ့တဲ့အစိုးရ (ဒုတိယသမ္မတနစ်ဆင်အစိုးရ) လက်ထက်မှာ သဘာဝသယံဇာတတွေ ဖော်ထုတ် သုံးစွဲရေးမှာ မဆောင်ရွက်နိုင်တာတွေရှိကြောင်း၊ အချို့လုပ်ငန်းခွင် ဝန်ထမ်းတွေနဲ့ အလုပ်သမား တွေဟာ အလုပ်လက်မဲ့တွေဖြစ်နေခြင်း၊ ဆင်းရဲ မွဲတေခြင်း၊ မျှော်လင့်ချက်တွေ ကင်းမဲ့၊ အကြမ်း ဖက်မှုတွေပင် ကြုံနေရခြင်း၊ သယံဇာတ၊ စွမ်းအား အရင်းအမြစ်တွေကို အကျိုးရှိစွာ အသုံးပြုရေး အစီအစဉ်တွေ ရှိရမယ်။ အာဟာရပြည့်ဝတဲ့ အစား အသောက်တွေ ပို၍ ထုတ်နေရမယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေပို၍ အလေးပေးရမယ်၊၊ Hearth Insurance တွေ လုပ်ပေးရမယ်။
ကလေးတွေ ကျောင်းသွားတဲ့အခါမှာ မူးယစ် ဆေးဝါးနဲ့ လက်နက်စွဲကိုင်ပစ်ခတ်မှုတွေကို ကင်းစင်အောင် လုပ်ရမယ်။
ဆရာ ဆရာမတွေ ဘဝရှေ့ရေးတွေ သင်ကြားမှု မြှင့်တင်ရေး၊ သူတို့ရဲ့ ဘဝသာယာဝပြောရေးကို ပို၍ ရှေးရှုကြရမယ်။ အလုပ်အကိုင်အခွင့်အလမ်း တွေ ပိုမိုပေါ်ထွန်းရေး လုပ်ပေးရမယ်ဆိုတဲ့ အချက် အလက်အထောက်အထားတွေနဲ့ သမ္မတလောင်း ပြိုင်ပွဲဝင်တာကို တွေ့ရပါတယ်။ ပြိုင်ဘက်ပါတီ ကို အပုပ်ချ၊ ငယ်ကျိုးငယ်နာ အပြစ်တင် ပုတ်ခတ် ဟောပြောခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့အင်အား ကြီးနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ ထွန်းကားသောနိုင်ငံ ဖြစ်သော်လည်း အမေရိကန်အစိုးရနဲ့ ဖက်ဒရယ် အစိုးရတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ရှိနေဆဲ ဖြစ်ပါတယ်။ အခြားသော နိုင်ငံကြီးတွေနဲ့လည်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးယှဉ်ပြိုင်နေရဆဲဖြစ်လို့ စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူတို့ဟာ ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။
ဂျွန်အက်ဖ်ကနေဒီ သမ္မတ ဖြစ်လာတဲ့အခါ ကျမ်းသစ္စာခံယူအပြီး တိုင်းပြည်ကို နှုတ်ဆက် မိန့်ခွန်းပြောကြားရာမှာ “အမေရိကန်နိုင်ငံက ဘာလုပ်ပေးနိုင်သလဲဆိုတာ မမေးပါနဲ့။ အမေရိကန် နိုင်ငံအတွက် ခင်ဗျား ဘာလုပ်ပေးနိုင်မလဲ” ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါဆိုတာပါပဲ။ “Ask not what the country can do for you, ask what you can do for the country” တိုင်းပြည်က ခင်ဗျားအတွက် ဘာလုပ်ပေးမလဲဆိုတာ မမေး ပါနဲ့” အစိုးရကို မတောင်းဆိုပါနဲ့ ဆိုတဲ့အဓိပ္ပာယ် ပါပဲ။ ခင်ဗျားက တိုင်းပြည်အတွက် ဘာလုပ်ပေး နိုင်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးပါ”။ အမေရိက ကိုချစ်ရင် အမေရိကန်တို့ဟာ လွတ်လပ်ခွင့်ရှိရှိနဲ့ လုပ်ပေးဖို့ တိုက်တွန်းခြင်းသာဖြစ်ကြောင်း တွေ့ရ ပါတယ်။
၁၉၅၆-၁၉၅၇ ခုနှစ်တွေမှာ ဆိုဗီယက်တို့ဟာ အာကာသကို ဂြိုဟ်တုတွေ လွှတ်တင်ပြီး လကမ္ဘာ ကို လူမဲ့ဂြိုဟ်တုတွေ လွှတ်တင်နိုင်တာကို ကမ္ဘာက သိသွားတဲ့အခါ အမေရိကန်တို့ စိတ်ပူ၊ တုန်လှုပ် ချောက်ချားစရာဖြစ်မှာ အမှန်ပါပဲ။ အာကာသ စိုးမိုးရေးဟာ စစ်ရေးမျက်စိဖြင့်ကြည့်ရင် ပင်လယ် ရေထု စိုးမိုးရေးထက် ပို၍အရေးကြီးတာသိလေ တော့ စစ်လက်နက်ထုတ်လုပ်ရေးအတွက် အမေ ရိကန်အစိုးရနဲ့ လွှတ်တော်ကိစ္စ ဖြစ်လာပါတယ်။
သမ္မတ ဂျွန်အက်ဖ်ကနေဒီ (J.F Kennedy ) ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး “Rice University” ရိုက်စ်တက္ကသိုလ်သို့ သွားရောက်ပြီး အစိုးရရဲ့လုပ်ငန်း စဉ်တွေကို ဟောပြောခဲ့ပါတယ်။ တက္ကသိုလ် ပညာရှင်တွေ နည်းပညာရှင်တွေ ပူးပေါင်းပါဝင်ရေး နိုင်ငံရဲ့အရေးအတွက် ဟောပြောခဲ့ပါတယ်။
လကမ္ဘာသို့ လူဆင်းစူးစမ်းဖို့ကိစ္စ ဒီကြိုးပမ်းမှု ဟာ ခက်ခဲမယ်၊ ကုန်ကျစရိတ်မြင့်မယ်၊ စွန့်စားမှု လုပ်ရမယ့်ကိစ္စဖြစ်ကြောင်း၊ စောင့်ကြည့်၊ ငြိမ်သက် နေမယ်ဆိုတဲ့သူတွေဟာ နောက်ကျန်ခဲ့မယ်။ ရှေ့ကို သွားတဲ့သူတွေနဲ့ အာကာသစိုးမိုးရေးဟာ အောင်မြင်မှာဖြစ်ကြောင်း ကြီးမားပြီး အံ့သြရမယ့် ကိစ္စဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဖြစ်ပေါ်လာမယ့် အခြေအနေကို ပြည်သူက မီးစင်ကြည့်ကကြပေ လိမ့်မယ်လို့ သဘောမထားဘဲ “ကောလိပ်တို့ဟာ ပညာရှာ၊ နည်းပညာရှာဖွေဖို့၊ မြို့ရွာ မြို့တော်တွေ ဟာ တိုးတက်ဖို့နဲ့ နိုင်ငံတော်ဟာ အင်အားတောင့် တင်းဖို့ ဒီသုံးချက်အတွက် အမေရိကန်တို့ဟာ ဦးတည် ဖို့” တိုက်တွန်းခဲ့ပါတယ်။ ဂျွန်အက်ဖ်ကနေဒီဟာ အသက်အငယ်ဆုံး သမ္မတ၊ သမ္မတရဲ့ မှတ်ချက်တွေ ဟာ အမေရိကန်တို့အတွက် အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments