တပ်မတော်သားမျိုးဆက်လေးဆက်

Type

တပ်မတော်သားသုတေသီတစ်ဦး
[၁၉၉၁ အမျိုးသားစာပေဆုရ၊ စီမံထူးချွန် (ပထမအဆင့်)]
 

 

(ယမန်နေ့မှအဆက်)
ကျွန်တော် ကြည်း/သုတေသနဌာန သို့    ရောက်ချိန်တွင်   အကြီးအကဲက ဒုတိယဗိုလ်မှူးကြီးခင်မောင်ကြီးဖြစ်ပြီး လေတပ်မှဖြစ်ပါသည်။  သူသည်    စာ အလွန်ဖတ်သူဖြစ်ပြီး  အလွန်တော်သည့် အပြင်   အလွန်လည်းကောင်းသူဖြစ်ပါ သည်။ မျိုးချစ်ပီသသူ၊   ဖြူစင်သူဖြစ်ပါ သည်။  နောင်မကြာမီတွင်    ဗိုလ်မှူးကြီး၊ ကုန်သွယ်ရေးဝန်ကြီးဖြစ်ပြီး    “တစည ပါတီ” ၏အထွေထွေအတွင်းရေးမှူးချုပ် ဘဝဖြင့် အငြိမ်းစားယူခဲ့ပါသည်။ 
နိုင်ငံခြားသတင်းကောက်နုတ်ချက်-ပြည်ပ
သူ၏လက်အောက်၌           တာဝန် ထမ်းဆောင်ရသည်မှာ        မလွယ်ကူပါ။ တစ်နေ့လုံး စာရေး၊ စာဖတ်နေရပါသည်။ တစ်ညလုံးလည်း       ညနေပိုင်းထွက်လာ သည့် NAB နိုင်ငံခြားသတင်းများကို ဖတ်၊ နိုင်ငံခြားသတင်းစာများကိုဖတ်၊   ရေဒီယို လေးဖြင့်       နိုင်ငံခြားသတင်းများကို နားထောင်၊   မနက်ခင်းတွင်    သတင်း အသစ်များအား  ကောက်နုတ်ပြီးနောက် “နိုင်ငံခြားသတင်း  ကောက်နုတ်ချက်-ပြည်ပ”   စာစောင်အမည်ဖြင့်   စာစောင် (၄) မျက်နှာလောက်ကို copier စက်ဖြင့် ကူးပြီး ဗိုလ်ချုပ်ကြီးစန်းယုနှင့်  အခြား သောလူကြီးများထံသို့     နေ့စဉ်ပေးပို့ တင်ပြရပါသည်။ “အပတ်စဉ်” စာစောင် တစ်ခုအပြင်   အခြားသော   သုတေသန စာတမ်းများကိုလည်း        ရေးရသည်၊ ထုတ်ဝေတင်ပြရပါသည်။   ဌာနတွင် Hong  Kong  မှလာသော  သုတေသန စာစောင်များ၊ Keesing Archive သတင်း စာစောင်များ၊       နိုင်ငံခြားသတင်း မဂ္ဂဇင်းများ၊   အိမ်နီးချင်းနိုင်ငံများမှ သတင်းစာများအားလုံး ယူထားရသည်။ ကျွန်တော်၏   အဓိကတာဝန်ကို ဖော်ပြ ရမည်ဆိုလျှင် “တရုတ်ပြည်ကျွမ်းကျင် သူ” ပင်ဖြစ်ပါသည်။ ယင်းသည် အထက် အမိန့်ပင်ဖြစ်ပါသည်။ 
ကြည်း/        သုတေသနဌာနသို့ ကျွန်တော်         ပြောင်းရွှေ့ရခြင်းမှာ ကျွန်တော်သည် ဂျာမန်ဘာသာဒီပလိုမာ ဂုဏ်ထူး (Diploma in German Hons) အောင်ထားသည့်အတွက်ကြောင့် ဖြစ်ပါ သည်။ သို့သော် ထိုစဉ်က တရုတ်ပြည်၏ International Communist Movement အရ ဗကပတို့ကို အားပေးကူညီထောက်ပံ့ နေသည့်အတွက် တရုတ်ပြည်၏  အခြေ အနေနှင့်  ဆက်ဆံရေးက  အလွန်အရေးကြီးနေသည့်အချိန်ဖြစ်ပါသည်။ သို့ဖြစ်၍ Hong Kong ထုတ် သုတေသနစာစောင်၊ စာတမ်းများအား အဓိကထားလေ့လာပြီး တင်ပြနေရသည့်အချိန်ဖြစ်ပါသည်။  
ထူးခြားသည့်တိုက်ဆိုင်မှုလေးတစ်ခု
ကျွန်တော် ဗိုလ်မှူးကြီးဖြစ်ပြီးနောက် ကျွန်တော့်အား   ကြည်း/  သုတေသန ဌာနတွင်      ဆက်လက်တာဝန်ပေးထား သည့်အချက်က ကျွန်တော့်တစ်သက်မှာ ဂုဏ်ယူစရာအကောင်းဆုံးပင်    ဖြစ်ပါ သည်။  ယင်းကာလ   ၁၂   နှစ်အတွင်း “ကကမော်” အကြီးအကဲလည်းဖြစ်ပြီး  “နဝတသတင်းထုတ်ပြန်ရေးအဖွဲ့ဝင်” နှင့်     “အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်” အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ပေးအပ်ခြင်း       ခံခဲ့ရပါသည်။ ကျွန်တော့်တူအရင်းလေး မောင်ခိုင်လင်း ကလည်း  ကျွန်တော်တာဝန်ယူခဲ့သည့် ကြည်း/သုဌာနတွင် အကြီးအကဲဖြစ်လာ ခြင်းကလည်း ထူးခြားသည့်တိုက်ဆိုင်မှု လေးတစ်ခုပါပဲ။   သူကတော့    တတိယ မျိုးဆက်မှာ ပါဝင်သူပါ။ 
ကကမော်၏     အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့်    ၁၂    နှစ်တာကာလ အတွင်း တပ်မတော်သမိုင်းကို စတင်ချိန် ၁၉၄၁ ခုနှစ်မှ  “နဝတ”  ခေတ် ၁၉၉၀ ပြည့်နှစ်အထိ  အတွဲ  ကိုးတွဲ  ရေးသား ထုတ်ဝေဖြန့်ချိခဲ့ပါသည်။     တပ်မတော် အဆင့်မြင့်သင်တန်းအားလုံး၊ နိုင်ငံတော် ၏  အဆင့်မြင့်အထူးသင်တန်းအားလုံး၊ စည်ပင်  (မြို့တော်စည်ပင်) က  ပြုလုပ် သည့်  အဆင့်မြင့်သင်တန်းအားလုံးတွင် ကျွန်တော်သည်        “မြန်မာ့သမိုင်းနှင့် တပ်မတော်၏     အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ”   ကို  သင်တန်း အချိန် ရှစ်ကြိမ်၊   နာရီအားဖြင့်   ခြောက် နာရီ  ပို့ချပေးခဲ့ပါသည်။   ဆိုလိုသည်မှာ တစ်နေ့လုံးအချိန်ယူပြီး ပို့ချပေးခဲ့ရခြင်း ဖြစ်ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး/ဇီးပင်ကြီး)   တို့တွင်လည်း အထူးသင်တန်းပေါင်း  ရာချီပြီးပို့ချပေးခဲ့ ပါသည်။ ထို  ၁၂ နှစ်တာကာလအတွင်း သင်တန်းသား      ငါးသောင်းကျော်ရှိခဲ့ ပါသည်။    ကျွန်တော်၏ဆရာဖြစ်သူ “ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်” (တိုင်းမှူး/ ဝန်ကြီး)   ပြောသည့်    “တပည့်မရှား၊ တစ်ပြားမရှိ၊  ပီတိကိုစား၊  အားရှိပါ၏” ဆိုသည်မှာ ကျွန်တော်ပါပင်။ တပ်မတော် အတွက်  ထိုသို့တာဝန်ထမ်းဆောင်ပေးခဲ့ရ သည့်အတွက်လည်း  ဂုဏ်ယူမိပါသည်။ ကျွန်တော်နှင့်အတူ   ကြည်း/သုတွင် ဝိုင်းတော်သားများ     ဖြစ်ခဲ့ကြသည့် ကိုတင်ဦး၊ ကိုဝဏ္ဏမောင်လွင်၊ ကိုကိုကိုလှိုင်၊ ကိုခင်ရီ၊  ကိုဇာနည်ဝင်း၊  ကိုထွန်းထွန်းညီ တို့ဆိုလျှင်လည်း          ယခုအချိန်အထိ တိုင်းပြည်ကို      အကျိုးပြုဆဲပင်ဖြစ်ပါ သည်။ 
တော်လှန်ရေးကောင်စီခေတ်
ကျွန်တော့်လို    ဒုတိယမျိုးဆက်၊ ကျွန်တော့်ညီမ၏   ခင်ပွန်းသည်လည်း တပ်မတော်သား   ဒုတိယမျိုးဆက်ပင် ဖြစ်ပါသည်။    ကျွန်တော်၏ဖခင်က အိမ်ထောင်     သုံးဆက်ရှိသည်ဖြစ်ရာ ဒုတိယဇနီး၏သမီး၊    ကျွန်တော်နှင့် ဖအေတူမအေကွဲ ညီမလေးက ကျွန်တော့် အဖေ၏  ဦးနှောက်တစ်ခြမ်းကို  ရထား သူဖြစ်ပါသည်။   ဉာဏ်အလွန်ကောင်း သူဖြစ်ပြီး ၁၀ တန်းကို  ခြောက်ဘာသာ ဂုဏ်ထူးဖြင့်   အောင်သူ၊    တော်လှန်ရေး ကောင်စီခေတ်  “လူရည်ချွန်”    ခြောက် ထပ်ကွမ်း ခြောက်ကြိမ်ရရှိခဲ့သူ၊   နောင် တွင် MRCOG/FRCOG  မီးယပ်၊ ဝမ်းဆွဲ အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ သူ၏ ခင်ပွန်းဆရာဝန်လေးက  စစ်သားစိတ်၊ စစ်တပ်ထဲဝင်ပါသည်။   သူတို့ညားခါစ ဇနီးမောင်နှံနှင့်  ပဲခူးရှိအဖေ့အိမ်မှာ  ဆုံခဲ့ ကြပြီးနောက်    ကျွန်တော်     ညနေပိုင်း ရန်ကုန်သို့အပြန်တွင်  ယောက်ဖလေးကို ဗိုလ်သင်တန်းတက်ဖို့ မှော်ဘီသို့ဝင်ပြီး ဗိုလ်သင်တန်းကျောင်းသို့   ပို့ပေးခဲ့သည် ကို   အမှတ်ရမိပါသေးသည်။   သူသည် ပထမဆုံးလေထီးခုန်သည့်       ဆရာဝန်၊ တကယ့်ကို  စစ်သားဆရာဝန်ပီသလှသူ ဖြစ်ပါသည်။ 
သူ့ကို အကြီးအကဲများ     သဘောကျ သွားသည်က ကရင်ပြည်နယ်တွင် နဝတ အစိုးရခေတ် စစ်ဆင်ရေးကြီးများ  ဆင်နွှဲ ချိန်တွင်    ရန်သူများ   ဆုံးရှုံးမှုများခဲ့ပြီး မြန်မာ့နယ်နိမိတ်အတွင်း ရပ်တည်နိုင်မှု မရှိတော့သည့်    အခြေအနေဖြစ်သွားပါ သည်။ မိမိတို့တပ်မတော်သားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။        အထူး သဖြင့် မိုင်းဒဏ်ရာ (Mine Injury) ဖြစ် သည်။   ထိုလူနာများ    အသက်မဆုံးရှုံး လေရအောင်  ရှေ့တန်းကျကျနေရာတွင် ဆေးတပ်ဖွဲ့ကုသရေးစခန်း (စစ်မြေပြင် ကုသရေး)  ဖွင့်လှစ်၊  ပဏာမကုသမှုများ လုပ်ပြီးမှ  စိတ်ချရသည့်အချိန်ရောက်မှ သာ မင်္ဂလာဒုံဆေးရုံကြီးသို့ Air Lift ဖြင့် ပို့ပေးသည့်အတွက် များစွာသော ဒဏ်ရာ ရ တပ်မတော်သားများ  အသက်မဆုံးရှုံး စေရန်       စွမ်းဆောင်ပေးနိုင်ခဲ့ပါသည်။ ထိုသို့     ဆောင်ရွက်ပေးနိုင်ခြင်းကို တပ်မတော်       ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်    သဘောကျနှစ်ခြိုက်သည့် အတွက် ဦးစီးချုပ်၏ ကိုယ်ရေးဆရာဝန်၊ မိသားစုဆရာဝန်  ဖြစ်လာခဲ့ရပါသည်။ သူ   ဆေးတပ်ဖွဲ့၏အကြီးအကဲဖြစ်လာ တော့လည်း တပ်မတော်ဆေးတပ်ဖွဲ့ကြီး ခေတ်မီဖွံ့ဖြိုး        တိုးတက်စေရန်နှင့် ကျယ်ပြန့်ကြီးမားလာစေရန်   အထူးကု ဆေးရုံများ၊ အထွေထွေကုသရေးဆေးရုံ ကြီးများ  အသစ်တည်ဆောက်ပြီး   ကုသ နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဝန်ကြီးအဆင့်အထိ       ဖြစ်လာချိန်တွင် လည်း    ကျန်းမာရေးဝန်ကြီးဌာနကြီး တိုးတက်ကျယ်ပြန့်အောင်   နိုင်ငံတကာ အကူအညီ   ရယူဆောင်ရွက်ပေးနိုင်ခဲ့ သည်။ သူသည်ကား ကျွန်တော်နှင့်အတူ ဒုတိယမျိုးဆက်ပင်။ 
တပ်မတော်ရိက္ခာဖြည့်တင်းရေး
တတိယမျိုးဆက်မှာတော့ ညီမလေး ကဲ့သို့        ဉာဏ်ကောင်းသည့်တူ မောင်ခိုင်လင်းအကြောင်း      ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ မောင်ခိုင်လင်း အိမ်ထောင် ကျပြန်တော့လည်း   အချက်ပြဆက်သွယ် ရေးတပ်မှ   အငြိမ်းစားဗိုလ်မှူးကြီးလှမိုး ၏သမီးဖြစ်သူနှင့်   အကြောင်းပါပြန်ပါ သည်။   စစ်မျိုးချင်းပေါင်းဖက်ကြတော့ လည်း   သူတို့သားများလည်း   စစ်သည် တော်များ       ဖြစ်ကြမည်ဖြစ်ပါသည်။ တတိယမျိုးဆက်တွင်   ဒုတိယစစ်သား ကတော့   ကျွန်တော့်သမီး၏   ခင်ပွန်း၊ ကျွန်တော်၏   သမက်ပင်ဖြစ်ပါသည်။ သူက တိုက်ရည်ခိုက်ရည်ရှိသူ၊   အကြမ်း ဖက်နှိမ်နင်းရေးတပ်     လေထီးစစ်သား တစ်ဦး၊  တပ်ရင်းမှူး၊   ဦးစီးအရာရှိအဖြစ် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် နှစ်ပေါင်း များစွာလုပ်ကိုင်ခဲ့ပြီးနောက် တပ်မတော် မှ MEC သို့ ရောက်သွားပါသည်။ MYTEL တွင် အရာရှိ၊ ထို့နောက် စက်ရုံမှူး စသည့် အဆင့်များတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု MEC တွင် GM အထွေထွေမန်နေဂျာ ဖြစ်နေပါသည်။       တပ်မတော်ရိက္ခာ ဖြည့်တင်းရေးတွင်   များစွာအထောက် အကူပြု၊ အကျိုးပြုပေးနေသူဖြစ်ပါသည်။ 
သမီးနှင့်   သမက်တို့၏  ပထမဦး ဆုံးသမီး၊ ကျွန်တော်၏မြေးဦးကလေးက တက္ကသိုလ်မှာ  Industiral   Chemistry ဘွဲ့ကို Hons  ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မဟာတန်းဒုတိယနှစ်တက်ချိန်တွင် အရပ် အမောင်းကောင်း၊   သိပ္ပံပညာ ထူးချွန် သည့်အတွက်   သူက   လေသူရဲတစ်ဦး ဖြစ်ချင်ခဲ့ပါသည်။   G စာမျက်နှာ ၆ မှ
ဗိုလ်သင်တန်းတက်ရင်း    ကျန်းမာရေး ကိစ္စလေးတစ်ခုကြောင့်    အထူးစိစစ် ခေါ်ယူသောလေတပ်ကို မရောက်တော့ ဘဲ ကျောင်းဆင်း posting က ပြင်ဦးလွင် ရှိ      တပ်မတော်သိပ္ပံပညာနည်းပညာ သုတေသနတပ်ဖွဲ့ကို         ရောက်ရှိပြီး  တပ်မတော်အရာရှိအဖြစ်         တာဝန် ထမ်းဆောင်နေပြီဖြစ်ပါသည်။  သူသည် ကား   စတုတ္ထမျိုးဆက်၊   သုတေသန မျိုးဆက်ဟုလည်း ဆိုနိုင်ပါသည်။ 
ကျွန်တော်တို့    မျိုးဆက်လေးဆက် သည်   “ဒို့တာဝန်အရေးသုံးပါး”    ကို ဦးထိပ်ထားပြီး သစ္စာရှိရှိ၊ ဂုဏ်ရှိရှိတာဝန် ထမ်းရွက်ခဲ့ကြသည်။   တပ်မတော်တွင် သာ   တစိုက်မတ်မတ်ဖြင့်   သက်ပြည့် တာဝန်ယူခဲ့ကြသည်။  ပြင်ပဌာနများတွင် အခွင့်အလမ်းကောင်းများ    ရနိုင်သော် လည်း တပ်မတော်သည်သာ အမိ၊ အဖ၊ ကိုးကွယ်ရာဖြစ်ခဲ့ကြပါသည်။
“နေသူရိန်” လူထုထောက်ခံပွဲကြီး
တရုတ်ပြည်သူ့သမ္မတ  နိုင်ငံတော် ကြီးနှင့် တပ်မတော်ကြီးကို ထူထောင်ခဲ့ သည့်  ခေါင်းဆောင်ကြီး  မော်စီတုန်းက “The   Army   is   a   great  school” “တပ်မတော်သည်   မဟာကျောင်းကြီး ပါပဲ” ဟု  မိန့်ဆိုခဲ့ဖူးပါသည်။   “တကယ် တမ်းသာ        လိုက်နာနိုင်မယ်ဆိုရင် တပ်မတော်ဟာ လူတော်၊ လူကောင်းတွေ ကို   မွေးထုတ်ပေးတဲ့   ကျောင်းကြီး” ဟူသည့်  ဆိုရိုးလည်းရှိပါသည်။   မြန်မာ့ လွတ်လပ်ရေးဗိသုကာ          ဗိုလ်ချုပ် အောင်ဆန်းကလည်း    တပ်မတော်၏ အမျိုးသားနိုင်ငံရေး  ဦးဆောင်မှုကဏ္ဍကို “နေသူရိန်”   လူထုထောက်ခံပွဲကြီးတွင် ထုတ်ဖော်တင်ပြ အတည်ပြုပေးခဲ့သည်။ ၁၉၄၆ ခုနှစ်အတွင်း ကျင်းပခဲ့သော လူထု အစည်းအဝေးကြီးဖြစ်ပါသည်။   ဤသည် မှာ ဗိုလ်ချုပ်၏ တပ်မတော်အတွေ့အကြုံ က     ပေးခဲ့သည့်   သမိုင်းပေးတာဝန် ပင်ဖြစ်ပါသည်။ 
တပ်မတော်၏   ဒုတိယဖခင်ကြီး ဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်းကလည်း “ဒို့တပ်မတော်ဟာ  နိုင်ငံတကာ    ကမ္ဘာ့ တပ်မတော်တွေမှာရှိတဲ့   အရည်အချင်း အားလုံး  ဒို့တပ်မတော်မှာ    ရှိရမယ်။  အထူးသဖြင့် နှစ်မျိုးမှာ  ထူးချွန်ရမယ်။  (၁)    အမျိုးအစား        ပိုကောင်းရမယ်။ (၂)ပြည်သူလူထုနဲ့     တစ်ဆက်တည်းရှိ ရမယ်” ဟု မိန့်ဆိုခဲ့ဖူးပါသည်။ 
ကျွန်တော်တို့     အရာရှိငယ်ဘဝက တပ်မတော်ကို     သမားရိုးကျဘဝမှ “ပြည်သူ့တပ်မတော်”         အဆင့်သို့ တက်လှမ်းခဲ့ပါသည်။   တပ်မတော်၏ တတိယဖခင်ကြီး ဗိုလ်ချုပ်ကြီးစန်းယု က  “တပ်မတော်ဟာ   (၁)    ‘တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်းတိုက်’၊ (၂) ‘တိုက်ရင်း လေ့ကျင့်၊                  လေ့ကျင့်ရင်းတိုက်’၊ (၃) ‘တိုက်ရင်းကုန်ထုတ်၊ ကုန်ထုတ်ရင်း တိုက်’ ဟူသည့်ဩဝါဒကို ပေးထားသည့် အတွက်       ကျွန်တော်တို့ကိုယ်တိုင် ကျောပိုးအိတ်ဖြင့်      ကောက်စိုက်၊ ကောက်သိမ်း စသည့်စိုက်ပျိုးရေးလုပ်ငန်း များတွင် ပါဝင်ခဲ့ကြဖူးပါသည်။ စစ်ဆင် ရေး      ကာလများအတွင်းဖြစ်ပါသည်။ ထိုသို့  ဆောင်ရွက်ခဲ့ကြသည့်အတွက် လည်း    ပြည်သူနှင့်တစ်ဆက်တည်း၊ တစ်သားတည်းဖြစ်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း     အမိန့်ရှိခဲ့ဖူး သော   အမျိုးသားနိုင်ငံရေး   ဦးဆောင်မှု အခန်းကဏ္ဍဆိုတာဘာလဲ။   “အမျိုးသား နိုင်ငံရေးဆိုတာက အချိန်ကာလတစ်ခုမှာ အခြေအနေတွေအရ ပြည်သူတွေကြားမှာ ဖြစ်ပေါ်လာရတဲ့  လိုအင်ဆန္ဒ”    ပါပဲ။ ပါတီနိုင်ငံရေးနှင့်       ကွဲပြားပါသည်။ လွတ်လပ်ရေးမရမီက   “လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည်  တတိယ” ဖြစ်ခဲ့ကာ ယင်းကို   ပြည်သူများက တောင့်တခြင်း ပင်ဖြစ်သည်။    လွတ်လပ်ရေးရခါနီး လာတော့ “လွတ်လပ်ရေးသည်  ပထမ၊ ဒီမိုကရေစီအရေးသည် ဒုတိယ၊ ဆိုရှယ် လစ်အရေးသည်   တတိယ”     ဟူ၍ နောက်တစ်ဆင့်ဖြစ်လာပါသည်။ 
ဖက်ဆစ်တော်လှန်ရေးနှင့်  ကိုလိုနီ အဆုံးသတ်ရေးတိုက်ပွဲတွင်  တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ် ပါတီ)၊   ကွန်မြူနစ်ပါတီနှင့်    ပြည်သူ တစ်ရပ်လုံး      တစည်းတလုံးတည်း ဗိုလ်ချုပ်အောင်ဆန်း၊      သခင်မြနှင့် သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်နု     စသည့်ပုဂ္ဂိုလ်ကြီးများ၏ ခေါင်းဆောင်မှုအောက်တွင်         ပြည်သူ တစ်ရပ်လုံး    စည်းလုံးစွာပါဝင်ခဲ့ကြ သော်လည်း  လွတ်လပ်ရေးရပြီဆိုသည် နှင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကြောင့် လွတ်လပ်ရေးပြန်လည်ဆုံးရှုံးနိုင်သည်အထိ   ပြင်းထန် သော ပြည်တွင်းသောင်းကျန်းမှု ဖြစ်လာ ခဲ့ရပါသည်။ 
နှစ်ပေါင်း ၇၅  နှစ်
၁၉၄၈   ခုနှစ်   မတ်လ  ကွန်မြူနစ် တော်လှန်ရေးက    စတင်လိုက်သော ပြည်တွင်းသောင်းကျန်းမှု   စစ်မီးသည် ယခုအချိန်အထိ  တောက်လောင်နေဆဲ ပင်။ နှစ်ပေါင်း ၇၅  နှစ်အထိ ရှည်ကြာခဲ့ ပါပြီ။   တိုင်းပြည်   မပြိုကွဲရလေအောင် ထိန်းသိမ်းခဲ့ရသူက     ပြည်သူတွင်းမှ ပေါက်ဖွားလာသည့်   တပ်မတော်ပင်။ ထိုစဉ်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အစဉ်အလာအရ   ငြိမ်းချမ်းရေးကိုပါ အတော်အတန်  တည်မြဲစေခဲ့ပါသည်။ ငြိမ်းချမ်းရေး    အပြည့်အဝရဖို့ကတော့ ပါးစပ်အလုပ်တစ်ခုတည်းဖြင့်    မရနိုင် ကြောင်း     ခေတ်အဆက်ဆက်တွင် သင်ခန်းစာပေးခဲ့ပြီး          ဖြစ်ပါသည်။ Ho Chi Minh (ဗီယက်နမ် ခေါင်းဆောင် ကြီး) ပြောကြားခဲ့သကဲ့သို့ “Talk၊ Talk၊ Fight၊ Fight” လုပ်ရပါမည်။ 
ယနေ့ဆိုလျှင် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုး စွဲ သောင်းကျန်းသူအကြမ်းဖက်အဖွဲ့များ တိုး၍သာ ပေါ်ပေါက်နေသည်။ ဦးရေအား ဖြင့် ၂၀ ဝန်းကျင်တွင်ရှိနေသည်။ အကြမ်း ဖက်အနိုင်ကျင့်ပြီး ဥပဒေပြင်ပစီးပွားရေး များဖြင့် ရှင်သန်နေကြသည်။ အမေရိကန် လက်ရှိသမ္မတ   Biden    (ဘိုင်ဒင်)   က သမ္မတဟောင်း Trump (ထရမ့်) အရေး တော်ပုံကို ရည်ညွှန်းပြီးပြောသွားသည် မှာ   “အကြမ်းဖက်မှုဟာ    ဒီမိုကရေစီ အတွက် အကြီးဆုံးခြိမ်းခြောက်မှုပါပဲ” ဟူ၍ဖြစ်ပါသည်။   ခြိမ်းခြောက်မှုများ ဆက်လက်တိုးပွားနေဦးမည်ဟုလည်း အမေရိကန်ပြည်သူအများစုက  ယုံကြည် နေကြပါသည်။     ငြိမ်းချမ်းရေးသည် သော့ချက်ဖြစ်ပြီး                သူမရှိလျှင် ဒီမိုကရေစီရော၊  ဖက်ဒရယ်ပုံစံစနစ်ရော  မရနိုင်ပါ။ 
ယနေ့ဖြစ်ပေါ်နေသည့်   အမျိုးသား ရေးတောင့်တချက်မှာ    ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်များဖြစ်ပါ သည်။  ငြိမ်းချမ်းရေးမရှိလျှင် စစ်မှန်သည့် ဒီမိုကရေစီမရှိနိုင်ပါ။     စစ်မှန်သည့် ဒီမိုကရေစီမရှိပြန်လျှင်လည်း ဖက်ဒရယ် စနစ်မရှိနိုင်ဆိုသည်ကို ကမ္ဘာ့သမိုင်းက သက်သေခံနေပါသည်။      ထို့ကြောင့် အမျိုးသားနိုင်ငံရေး    လိုလားချက်ကို မည်သို့ကိုင်တွယ်သင့်ပါသလဲ။ ဤသည် မှာ အကြီးမားဆုံးသောပဟေဠိပင်ဖြစ်ပါ သည်။ 
လူမျိုးပေါင်း ၁၀၀ ကျော်
မြန်မာနိုင်ငံကဲ့သို့   ဝိသေသထူးခြား ပြီး လူမျိုးပေါင်း ၁၀၀ ကျော်၊ နိုင်ငံရေး ပါတီပေါင်း   မြောက်မြားစွာကွဲပြားနေ သည့် အခြေအနေမျိုးတွင် ငြိမ်းချမ်းရေး အတွက် ပုံဖော်ရန် ဒေါက်တိုင်သုံးတိုင် လိုအပ်ပါလိမ့်မည်။  ပထမ အမျိုးသား နိုင်ငံရေးကိုယ်စားပြုတပ်မတော်၊ ဒုတိယ နိုင်ငံရေးပါတီများအတွင်းမှ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို အများဆုံးရှိသည့် ပါတီ နှင့်   အထိုက်အလျောက်မဲဆန္ဒများကို ရရှိသည့်ပါတီများကို PR စနစ်ဖြင့် ရွေးပြီး အစိုးရဖွဲ့ပေးမည့် လွှတ်တော်၊ တတိယ လူမျိုးစုများကို       အချိုးကျထည့်သွင်း ဖွဲ့စည်းမည့်      ဖက်ဒရယ်ကိုယ်စားပြု လွှတ်တော်တို့ပင်ဖြစ်သည်။ ဤသုံးခုက အာဏာကို မျှမျှတတခွဲဝေကျင့်သုံးမည် ဆိုလျှင်   တန်းတူရည်တူအာဏာရှိမည် ဖြစ်ပါသည်။ 
သို့မှသာ  ပြည်သူ၏လိုအင်ဆန္ဒကို ထင်ဟပ်နိုင်မည်၊  ငြိမ်းချမ်းရေးထာဝရ တည်မြဲစေရန် အလုပ်လုပ်နိုင်လိမ့်မည် ဖြစ်ပါသည်။ အဓိကအကျဆုံးအချက်က တပ်မတော်၏       အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍအဓွန့်ရှည်ဖို့ပင် ဖြစ်ပါ သည်။ 
တပ်မတော်ခေါင်းဆောင်အားလုံးကို အလေးပြုလျက်          ဤဆောင်းပါးဖြင့် တပ်မတော်နေ့ကို        ဂုဏ်ပြုကြိုဆိုအပ် ပါသည်။        ။
n