
အက်စ်တွန်ဗီလာအသင်းနှင့် အာဆင်နယ်အသင်းတို့၏ ပရီမီယာလိဂ် ပွဲစဉ် (၃၀) ကို မတ် ၁၉ ရက် ညပိုင်းက ဗီလာပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အက်စ်တွန်ဗီလာအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ ရှုံးနိမ့်မှုကို ယခုပွဲစဉ်တွင် ချေဖျက်ရန် ကြိုးစားသော်လည်း ရရှိလာသော ဂိုးရရှိနိုင်သည့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ သည့်အတွက် ချေပဂိုးနှင့် ဝေးကွာခဲ့ရပြီး ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အာဆင်နယ်သည် ယခုနိုင်ပွဲကြောင့် ရမှတ် ၅၄ မှတ်ဖြင့် အဆင့် (၄) နေရာတွင် ဆက်လက်ရပ်တည်နေသည်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၃၀ တွင် ဆာကာက သွင်းယူပေးခဲ့သည်။ အဆိုပါဂိုးမှာ အာဆင်နယ်အသင်း၏ ပရီမီယာလိဂ် သမိုင်းတစ်လျှောက် ၂၀၀၀ ပြည့် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အက်စ်တွန်ဗီလာသည် ယခုပွဲစဉ်တွင် အာဆင်နယ်ဘက်သို့ ဂိုးကန်သွင်း ခွင့် ခုနစ်ကြိမ်သာရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု မရှိသည်ကို တွေ့ရသည်။ အာဆင်နယ်က ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး ဂိုးပေါက် တည့်မတ်မှု ငါးကြိမ်အထိ ရှိခဲ့သည်။
အောင်ဇော်