ပရီမီယာလိဂ်ပွဲစဉ် (၃၁)တွင် ပဲလေ့စ်ကို  အာဆင်နယ် ဂိုးပြတ်ရှုံးနိမ့်

 

 

ခရစ္စတယ်ပဲလေ့စ်နှင့် အာဆင် နယ်အသင်းတို့၏    ပရီမီယာလိဂ် ပွဲစဉ်(၃၁)ကို ဧပြီ ၅ ရက် နံနက် ပိုင်းက ပဲလေ့စ်အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ  ပဲလေ့စ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်    အနိုင်ရရှိခဲ့ သည်။ 
ပဲလေ့စ်အသင်းသည်   ယခု အနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် (၉) အထိ    တက်လှမ်းလာ နိုင်ခဲ့သည်။ 
အာဆင်နယ်အသင်းက ယခု ပွဲ ရှုံးနိမ့်မှုကြောင့် စပါးအသင်းနှင့် ၅၄  မှတ်တူ  ဂိုးကွာခြားချက်ဖြင့် အဆင့်(၅)နေရာတွင် ရပ်တည်နိုင် ခဲ့သည်။ ထို့အပြင် အာဆင်နယ် အသင်းသည် နောက်ဆုံးသုံးပွဲတွင် နှစ်ပွဲမြောက်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ ခဲ့ခြင်းလည်း ဖြစ်သည်။ 
အာဆင်နယ်   အသင်းသည် ဂိုးကန်သွင်းခွင့်အသာ၊ ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့်    ပဲလေ့စ် အသင်းကို ဖိအားပေးကစားနိုင်ခဲ့ သော်လည်း ပွဲချိန် ၁၆ မိနစ်တွင် ပဲလေ့စ်မှ မာတီတာက ဂိုးသွင်းယူ နိုင်ခဲ့သည်။ 
ပဲလေ့စ်     အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် အန်ဒါဆင်၏ ဖန်တီးမှုမှတစ်ဆင့် အယူးက သွင်းယူရရှိခဲ့သည်။ 
ပဲလေ့စ်     အသင်းအတွက် အနိုင်သေချာစေမည့်   တတိယ ဂိုးကို   ပွဲချိန်   ၇၄   မိနစ်တွင်   ဇာဟာက   ပယ်နယ်တီမှ တစ်ဆင့် သွင်းယူရရှိခဲ့သည်။                                                                                          
အောင်ဇော်