
ရန်ကုန် ဧပြီ ၁၁
ထိုင်းဘောလုံးအဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် ထိုင်းဖိတ်ခေါ် အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းအပါအဝင် ငါးသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ငါးသင်းသာရှိသဖြင့် ပတ်လည် စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်း၊ ထိုင်း All Stars အသင်း၊ မြန်မာ့ လက်ရွေးစင်အသင်း၊ အင်ဒိုနီးရှား လက်ရွေးစင် အသင်းနှင့် သြစတြေးလျကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ပြိုင်ပွဲကို ဧပြီ ၂၀ ရက်မှ ၂၆ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ် ရေးဆွဲထားမှုအရ မြန်မာအသင်း သည် ဧပြီ ၂၀ ရက်တွင် ထိုင်း လက်ရွေးစင်အသင်း၊ ဧပြီ ၂၃ ရက် တွင် ထိုင်း All Stars အသင်း၊ ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှား လက်ရွေးစင်အသင်း၊ ဧပြီ ၂၆ ရက်တွင် သြစတြေးလျကလပ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် မေလတွင် ယှဉ်ပြိုင်ရမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် ယခုပြိုင်ပွဲ ယှဉ်ပြိုင် ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီး ဖူဆယ်အသင်းကို ကစား သမား ၂၂ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးတင်မောင် ဌေးက ကိုင်တွယ်လျက်ရှိသည်။
ရဲရင့်လွင်
ဓာတ်ပုံ- MFF