
စပိန်လာလီဂါပွဲစဉ်(၃၂) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ဆီဗီလာ အသင်းနှင့် ဦးဆောင်သူ ရီးရဲမက်ဒရစ်အသင်းတို့ ပွဲစဉ်ကို ဧပြီ ၁၈ ရက် နံနက်ပိုင်းက ဆီဗီလာအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲ မက်ဒရစ်အသင်းက တိုက်စစ်မှူး ဘင်ဇီမာ၏ နောက်ကျဂိုးနှင့်အတူ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဖလားဆွတ်ခူးရန် နီးစပ်လာ ပြီဖြစ်သည်။
ဦးဆောင်ဂိုးကို ဆီဗီလာအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၂၁ မိနစ် တွင် ရာကီတစ်က သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၅ မိနစ် တွင် လာမယ်လာက သွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၅၀ တွင် ရီးရဲမက် ဒရစ်တို့ ချေပဂိုးရရှိကာ လူစားဝင်ကစားသမား ရိုဒရီဂိုက သွင်းယူပေး ခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် ဒုတိယချေပဂိုးကို ရရှိခဲ့ပြီး နာချိုက သွင်းယူ ပေးခဲ့သည်။
ရီးရဲမက်ဒရစ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ရိုဒရီဂို၏ ဖန်တီးမှုမှ တိုက်စစ်မှူး ဘင်ဇီမာက သွင်းယူပေးနိုင်ခဲ့သည့် အတွက် ရီးရဲမက်ဒရစ်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရီးရဲမက်ဒရစ်အသင်းသည် ယခုအနိုင်ပွဲကြောင့် လာလီဂါ ၃၂ ပွဲကစား ပြီးချိန်တွင် ရမှတ် ၇၅ မှတ်အထိ ရရှိလာပြီဖြစ်သည်။ အောင်ဇော်