(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့)
လတ်တလော လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြားတွင် လျှပ်စစ်စီမံကိန်းများကို အရှိန်မြှင့်ဆောင်ရွက်ရန်
စီးပွားရေးပိတ်ဆို့အရေးယူခြင်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းအလုပ်သမားများနှင့်
စီးပွားရေးလုပ်ငန်းများကို ထိခိုက်နစ်နာစေသည်ဟု အစိုးရက ပြောကြား
စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန် ရှာဖွေဆောင်ရွက်နေစဉ်၌ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အကြမ်းဖက်သမားများကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေပြီး ဟိုက်ဒရိုကာဗွန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်အောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ယနေ့ ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင် စွမ်းအင်ပြတ်လပ်မှုနှင့်စပ်လျဉ်း၍ မကြာသေးမီက မီဒီယာများတွင် ဖော်ပြမှုများ၊ ပြည်ပစွမ်းအင်ကုမ္ပဏီများ ထွက်ခွာမှု များနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ မကြာသေးမီများက ထုတ်ပြန်ခဲ့သည့် မီဒီယာများ၏ ဖော်ပြချက်များအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများအား ဖြေရှင်းဆောင်ရွက်ခြင်း
ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် တစ်ကမ္ဘာလုံး၌ သဘာဝ ဓာတ်ငွေ့ရည်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေကြေးပြတ်တောက်မှု ကြား၌ မြန်မာကျပ်ငွေအားနည်းခြင်းနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများနှင့် ဆက်စပ်နေသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတွင်း မကြာသေးမီက လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှု များ ဖြစ်ပွားရခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ကတည်းက ဓာတ်အားခ ပေးချေမှုများကို သပိတ်မှောက်ရန် လှုံ့ဆော်ခြင်းအပြင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်ရှိ လောပိတရေအား လျှပ်စစ်စက်ရုံမှ ဓာတ်အားလိုင်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အဆိုပါလုပ်ရပ်များသည် အထူးသဖြင့် ပြည်တွင်းရှိ သာမန်ပြည်သူများ နှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်စေခဲ့ သည်။
သို့သော်လည်း အစောပိုင်းက ပြည်တွင်းမငြိမ်သက်မှုများရှိနေသော်လည်း ၂၀၂၁ ခုနှစ် နှစ်ဝက်မှ စတင်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်း မှု တော်တော်များများ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံ၏ စွမ်းအင်အခြေအနေနှင့်စပ်လျဉ်း၍ အမျိုးမျိုးသော လုပ်ရပ် များကို လျော့ပါးသက်သာစေရန် အလေးထားကြိုးပမ်းဆောင်ရွက် လျက်ရှိသည် -
(၁) ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးနှုန်းများ တည်ငြိမ်မှုနှင့်အတူ အစိုးရသည် ပြည်တွင်းဓာတ်အားထုတ်လုပ်ရေးအတွက် သဘာဝ ဓာတ်ငွေ့ကို တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းနေပါသည်။
(၂) အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများကို အစိုးရက ပြုပြင်ပြီးနောက် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်သည်။
(၃) လက်ရှိစက်ရုံများကို ပြောင်းလဲအသုံးပြုခြင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းဆောင်ရွက်ချက် များမှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရင်းမြစ်များမှ လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်သည် -
- ရွှေဂတ်စ်ပိုက်လိုင်းအသစ်ကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ပုံမှန်ဓာတ်အား ၃၃၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည်ဖြစ်သည်။
- လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ချက်ချင်းထုတ်လုပ်ရန် အတွက် ဓာတ်မြေသြဇာ စက်ရုံအချို့ (ဓာတ်ငွေ့သုံး၍) အသွင်ပြောင်း ခြင်းနှင့် အခြားဓာတ်ငွေ့သုံးဓာတ်အားပေးစက်များ သို့မဟုတ် စွန့်ပစ် အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများတွင် အရှိန်ဟုန်မြှင့်လုပ်ဆောင် ခြင်း၊ လက်ရှိတွင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ကို အသုံးပြု၍ ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အား စုစုပေါင်း မဂ္ဂါဝပ် ၁၀၀ ခန့် ထုတ်ပေးလျက်ရှိသည်။ ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းပြီးပါက တစ်နေ့ လျှင် ကုဗပေ သန်း ၃၀ အထိ တိုးချဲ့ကာ ၁၉၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင် မည်ဖြစ်သည်။
(၄) တရုတ်နိုင်ငံနှင့် အဓိက စွမ်းအင်စီမံကိန်းများ
အကြီးဆုံးအိမ်နီးချင်းနိုင်ငံနှင့် မိတ်ဖက်စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။
- China National Petroleum Corporation (CNPC) ၏ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပိုင်းကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးပြီး ရေနံပိုက်လိုင်းအပိုင်းကို ၂၀၁၇ ခုနှစ် ဧပြီလတွင် အပြီးသတ်တည်ဆောက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံတွင် CNPC ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံ အတွင်း တရုတ်နိုင်ငံ၏ “ပိုးလမ်းမစီမံကိန်း - Belt and Road Initiative” ၏ အဓိကအချက်အချာဖြစ်သည်။
- တရုတ်ကုမ္ပဏီ သုံးခုဖြစ်သည့် Union Resources and Engineering Company (၄၁ ရာခိုင်နှုန်း)၊ Yunnan Energy Inves-tment (၃၉ ရာခိုင်နှုန်း) နှင့် Zhefu Holding Group (၁ ရာခိုင်နှုန်း) တို့သည် Myanmar's Supreme Group (၁၉ ရာခိုင်နှုန်း)နှင့် ပူးပေါင်း ပြီး ၁၃၉၀ မဂ္ဂါဝပ် LNG ထုတ်ပေးသည့် မီးလင်းချိုင် စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါစက်ရုံတွင် LNG ဓာတ်အားပေးစက်ရုံ၊ LNG သိုလှောင်ကန်၊ ဗို့အားမြင့်သွယ်တန်းခြင်းနှင့် ရန်ကုန်သို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများ ပါဝင်သည်။ အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးပြီး ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ် လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။
ထို့အပြင် မြန်မာအစိုးရသည် ၎င်း၏ တိုးတက်မှုကို အရှိန်မြှင့်တင် ရန် အလို့ငှာ ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိသည့် အဆိုပါ ဦးစားပေးစွမ်းအင်စီမံကိန်းကိုလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစောပိုင်း စီမံကိန်းများ စာရင်းတွင် ထည့်သွင်းရန် အဆိုပြုထားမည်ဖြစ်သည်။
(၅) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့် လာခြင်း
ဆိုလာစွမ်းအင် - မဂ္ဂါဝပ် ၄၀ ရှိမည့် လက်ပံလှနှင့် မဂ္ဂါဝပ် ၃၀ ရှိမည့် ညောင်ပင်ကြီး ဆိုလာစီမံကိန်းများသည် ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်သည်။ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရည်မှန်း ချက်အောင်မြင်ရေးအတွက် မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်မည့် နေရောင် ခြည်သုံးစွမ်းအင်စီမံကိန်း ၁၃ ခုကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
၃၉၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး နောက်ထပ် စီမံကိန်း သုံးခုကိုလည်း ရေးဆွဲထားသည်။ ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများ၊ ခေါင်မိုးပေါ်ရှိ ဆိုလာစီမံကိန်း များနှင့် အသေးစားနှင့် အလတ်စားစီမံကိန်းများကို တတ်နိုင်သရွေ့ မြှင့်တင်ရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၆၃၅ မဂ္ဂါဝပ်ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၈ ရုံကိုလည်း တင်ဒါခေါ်ယူထားသည်။ ဖိတ်ခေါ် ထားသည့် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်မည့် ဆိုလာစီမံကိန်း ၁၁ ခုအတွက် လည်း ဆက်လက်ညှိနှိုင်းမှုများအပြင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
ရေအားလျှပ်စစ် - ရေအားလျှပ်စစ်ဆည်ပေါင်း ၆၀ ကျော်နှင့်အတူ ရေအားလျှပ်စစ်သည် နိုင်ငံတစ်ဝန်း လျှပ်စစ်စွမ်းအင်၏ အဓိက အရင်းအမြစ်ဖြစ်သည်။ အစိုးရအနေဖြင့် မကြာမီတွင် တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့် ဝယ်ယူရန် ညှိနှိုင်းနေသည်။ အစိုးရအနေဖြင့် အတည်ပြုချက်မပေးမီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ခြင်းကို ဦးစွာအလေးထား ပြုလုပ်သွားမည်ဖြစ်သည်။ စီမံကိန်းဒီဇိုင်းများသည် အနာဂတ် စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ရန်အတွက် သက်ဆိုင်ရာ နယ်ပယ်များနှင့်ချိတ်ဆက်၍ ယင်းကဲ့သို့သော အကျိုးသက်ရောက်မှု များ၊ အစီအစဉ်များနှင့် အကျိုးကျေးဇူးများကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ် ဓာတ်အားရရှိရန် စီစဉ်နေပြီး ရေအားနှင့် ဆိုလာစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၉ ရာခိုင် နှုန်း ထုတ်လုပ်ရန် စီစဉ်ထားသည်။
နိုင်ငံခြားရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၏
ထွက်ခွာမှုကို အစီရင်ခံတင်ပြခြင်း
ပြင်သစ်နိုင်ငံမှ Total Energies ကုမ္ပဏီ၏ ရတနာလုပ်ကွက်နှင့် ဆက်စပ်ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးစီမံကိန်းတို့မှ နုတ်ထွက် ခြင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်မည်ဟု ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။ ယခင်အစုရှယ်ယာ၏ ၃၁.၂၄ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၏ PTTEP International Limited (PTTEPI) ကို ဆက်ခံသည့် အော်ပရေတာအဖြစ် လွှဲပြောင်းထားသည်။ Total Energies ကုမ္ပဏီ၏ နုတ်ထွက်မှု စတင်သက်ဝင်သည့်နေ့ နောက်ပိုင်းတွင် PTTEPI ကုမ္ပဏီသည် အစုရှယ်ယာ ၃၇.၀၈၄၂ ရာခိုင် နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး Chevron ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်သော Unocal Myanmar Offshore Company Limited သည် စီမံကိန်း၏ အစုရှယ်ယာအများဆုံးဖြစ်သည့် ၄၁.၁၀၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင် မည်ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ပထမဆုံး တင်ပို့မှုမှစတင်၍ ဤစီမံကိန်းမှ ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့် သို့မဟုတ် လက်ရှိတွင် တစ်နေ့လျှင် စံကုဗပေ ၇၆၈ သန်းခန့်အား ကျန်ရှိသည့် သတ်မှတ်ထားသော ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ထိုင်းနိုင်ငံသို့ ရောင်းချသည်။
“ဤသည်မှာ ပိုင်ဆိုင်မှုပြောင်းလဲမှုကြောင့် လုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိပါ။ ရတနာလုပ်ကွက်သည် မြန်မာနိုင်ငံတွင် လူသိများသော ကမ်းလွန်ပင်လယ်ပြင်တွင် အကြီးဆုံး ဟိုက်ဒရိုကာဗွန် သိုက်များ ရှိသည်။ သို့သော်လည်း နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှစ၍ ယင်းလုပ်ကွက်မှ ထုတ်လုပ်မှုသည် ကျဆင်း သွားခဲ့သည်။ ယနေ့အထိ ယင်းလုပ်ကွက်မှ ထုတ်လုပ်မှုသည် ၈၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိခဲ့သည်” ဟု ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။
Total Energies ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာမှုအတွက် လျော်ကြေးငွေ တောင်းခံခြင်းမရှိပေ။
အမေရိကန်ပြည်ထောင်စု Chevron ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Unocal Myanmar Offshore Co., Ltd. က မြန်မာ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ နုတ်ထွက်မည်ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိ အစိုးရအနေဖြင့် ကုမ္ပဏီထံမှ တရားဝင်အကြောင်း ကြားစာ မရရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးများက ပြောကြား သည်။
တတိယမြောက် နိုင်ငံခြားစွမ်းအင်ကုမ္ပဏီဖြစ်သည့် သြစတြေးလျ နိုင်ငံမှ Woodside Petroleum Ltd သည် ရခိုင်ပြည်နယ်ရှိ A6 သဘာဝဓာတ်ငွေ့စီမံကိန်းမှ မကြာသေးမီက နုတ်ထွက်ခဲ့သည်။ ၎င်း၏ ရှယ်ယာများကို ၎င်း၏ စီမံကိန်းလုပ်ဖော်ကိုင်ဖက် MPRL E&P Group of Companies မှ လွှဲပြောင်းရယူခဲ့သော်လည်း လုပ်ငန်း ပိုင်းဆောင်ရွက်မှုများ ထိခိုက်မှုမရှိပေ။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်
၁၈၅၃ ခုနှစ်တွင် စတင်၍ တင်ပို့ခဲ့သည့် ကမ္ဘာ့ဝါရင့်ရေနံ ထုတ်လုပ်သည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော်လည်း ပိတ်ဆို့ အရေးယူမှုများ၊ နားလည်ရန်ခက်ခဲသော မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု မလုံလောက်မှုများကြောင့် မြန်မာနိုင်ငံသည် ကနဦးအစပျိုးသည့် အဆင့်၌ပင် ရှိနေဆဲဖြစ်သည်။
“သက်သေပြထားသော စွမ်းအင်အရန်ပမာဏသည် အတော် အသင့်သာရှိသေးသော်လည်း အလွတ်သဘော ခန့်မှန်းချက်များသည် အလွန်အလားအလာကောင်းပါတယ်။ ထိုင်းနှင့် တရုတ်နိုင်ငံရှိ ကြီးမား သော ဝယ်လိုအားစင်တာများနှင့် နီးစပ်ပြီး အလားအလာကောင်း သော အဆိုပါလုပ်ကွက်များသည် စီးပွားရေးသမားအများအပြား၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်လျက်ရှိပါတယ်။ ဒါကြောင့် အစိုးရအနေ နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ဟိုက်ဒရိုကာဗွန် လုပ်ကွက်များအတွက် နိုင်ငံတကာလေလံပွဲတွေကို အောင်အောင်မြင်မြင်နဲ့ ကျင်းပခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး များက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို တုံ့ပြန်ခြင်း
မကြာသေးမီလများအတွင်း အနောက်နိုင်ငံအများအပြား၏ ပြင်ပဖိအားများနှင့် စီးပွားရေးပိတ်ဆို့အရေးယူမှုများသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအကြား စိုးရိမ်ပူပန်မှုများ တိုးလာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။
“စီးပွားရေး ပိတ်ဆို့မှုတွေက အစိုးရထက် ပုဂ္ဂလိကကဏ္ဍတွေကို ပိုပြီး အပျက်သဘော အကျိုးသက်ရောက်နိုင်တယ်။ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေ၊ ပြည်တွင်းအလုပ် သမားတွေ၊ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့ စားသုံးသူအများစုမှာ ဒုက္ခ ရောက်ကြရပါတယ်။”
“ခွင့်ပြုထားပြီးဖြစ်တဲ့ စီမံကိန်းကြီးတချို့က စတင်ဆောက်လုပ် နေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အချို့သော စီမံကိန်းအရှိန်မြှင့် ဆောင်ရွက်သူများသည် နိုင်ငံခြားငွေ လွှဲပြောင်းရာ၌ အတားအဆီး တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒါက စီမံကိန်းတွေရဲ့ တိုးတက်မှုကို ထိခိုက်ခဲ့ပါတယ်။”
“ပိတ်ဆို့အရေးယူမှုတွေကြောင့် အဆိုပါစီမံကိန်းတွေကို ရပ်လိုက် မယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ဖြစ်ပေါ်လာတဲ့ စီမံကိန်းကုန်ကျ စရိတ်တွေထက် သူတို့ခံစားခဲ့ရတဲ့ အခွန်ကင်းလွတ်ခွင့်တွေကို ပြန်ဆပ် ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေက ဆိုင်းငံ့ထားတဲ့အခြေအနေမှာပဲ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆင်မပြေတဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ကြောင့်မဟုတ်ဘဲ ပြင်ပဖိအားတွေကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာ သွားနိုင်ပါတယ်။”
“မြန်မာနိုင်ငံအနေနဲ့ လုံခြုံ၍ လက်လှမ်းမီနိုင်ပြီး အဆင်ပြေသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို ပံ့ပိုးပေးဖို့ ကတိပြုပါတယ်။ ကျွန်တော် တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နုတ်ထွက်သွားတာကို မမြင်တွေ့လိုပါ ဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပေါ်ပေါ်ထင်ထင် တားမြစ်ထားသော်လည်း မြန်မာ နိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက် ဆွဲဆောင် လျက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်အများ အပြားသည် ကျွန်ုပ်တို့နှင့် တိတ်တဆိတ်လက်တွဲလုပ်ကိုင်ရန် ရွေးချယ် ကြပြီး မြန်မာ့စီးပွားရေး အလားအလာနှင့် ၎င်းတို့ရဲ့ ထူးခြားသော စိန်ခေါ်မှုတွေကို အပြည့်အဝအသိအမှတ်ပြုပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီးများက ပြောကြားခဲ့သည်။
စွမ်းအင်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအားလုံးတွင်
ဦးစားပေးအဖြစ်တည်ရှိ
ပြည်ထောင်စုဝန်ကြီးများသည် ပြီးခဲ့သော ဘဏ္ဍာရေးနှစ် ၂ နှစ် အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ နောက်ဆုံးရအချက် အလက်များကိုပေးခဲ့သည်။ ဘဏ္ဍာရေးနှစ် ၂၀၂၀ - ၂၀၂၁ (ဘတ်ဂျက် ကာလ ၁၂ လကုန်ဆုံးသည့် အောက်တိုဘာလ) နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် (ဘတ်ဂျက်ကာလ ၆လ ကုန်ဆုံးသည့် မတ်လ) တွင် ကဏ္ဍ ၁၂ ခု၌ စုစုပေါင်းစီမံကိန်း ၈၂ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄.၃၂ ဘီလီယံ ရှိကြောင်း အတည်ပြုခဲ့သည်။ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်အမေရိကန်ဒေါ်လာ ၅၃၀.၇၇၅ သန်း)။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍ ၁၂ ခုအနက်မှ စီမံကိန်း အများစုသည် ကုန်ထုတ်လုပ်မှုဖြစ်သည်။ သို့သော်လည်း ဤကာလ အတွင်း စွမ်းအင်ကဏ္ဍသည် စီမံကိန်း ၆ ခုအတွက် ယခုဘတ်ဂျက် ကာလအတွင်း၌ စုစုပေါင်းခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃.၁၂ ဘီလီယံကို လက်ခံရရှိခဲ့ပြီး စွမ်းအင်ကဏ္ဍ၏ဆွဲဆောင်မှု ကို မီးမောင်းထိုးပြသခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအများစုမှာ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနှင့် တောင်ကိုရီးယားတို့ ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ၁၅ ခုမှာ တရုတ် နိုင်ငံမှ ဖြစ်ပြီး စီမံကိန်း ၁၄ ခုမှာ စင်ကာပူမှ ဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၈ ခုနှင့် ဟောင်ကောင်မှ စီမံကိန်း ၆ ခု ရှိသည်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂ နှစ်အတွင်း ကဏ္ဍ ၁၂ ခုတွင် ပြည်တွင်း စီမံကိန်း ၉၃ ခု (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၆၁ ခုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၃၂ ခု)၊ တန်ဖိုးငွေ ကျပ် ၂၂၄၈.၇ ဘီလီယံ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၁၇၁.၈ ဘီလီယံ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁ဝ၇၆.၉ ဘီလီယံ) အသီးသီး ရှိကြောင်း အတည်ပြုခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလကို ကာလတို ဘတ်ဂျက်ကာလအဖြစ် သတ်မှတ် ထားသည်။ ဘဏ္ဍာရေးနှစ်သည် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက် နေ့အထိ ပြောင်းလဲခဲ့သည်။
စုစုပေါင်းစီမံကိန်း ၅၀ သည် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဦးဆောင်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍမှဖြစ်ပြီး ထို့နောက်တွင် ဝန်ဆောင်မှုကဏ္ဍမှ အတည်ပြုထားသောစီမံကိန်း ၁၄ ခုနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှာ စီမံကိန်း ၁၁ ခုဖြင့် တတိယရရှိခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ချက်
သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါ လိပ်စာသို့ ဆက်သွယ်ပေးပါရန်
mediacontact@e-information.gov.mm or myintkyawmoi@gmail.com