အာဆီယံလူငယ်ဗီဒီယိုပြိုင်ပွဲ ၂၀၂၂ ကျင်းပမည်

 

နေပြည်တော်   ဧပြီ   ၂၂
အာဆီယံဖောင်ဒေးရှင်း (The ASEAN Foundation)၊ အတွင်းရေးမှူးချုပ်ရုံး၊  အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် ကမ္ဘောဒီးယားနိုင်ငံ   လူငယ်နှင့်  အားကစား ဝန်ကြီးဌာနတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် (၆) ကြိမ်မြောက် အာဆီယံ လူငယ်ဗီဒီယိုပြိုင်ပွဲ (၂၀၂၂) အား “ကပ်ရောဂါ ကာလအတွင်း လူငယ် များအားလုံး  တက်ကြွစွာဖြင့်   စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ 
(၆) ကြိမ်မြောက် အာဆီယံလူငယ် ဗီဒီယိုပြိုင်ပွဲ (၂၀၂၂) သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အသက် (၁၈)နှစ်မှ (၃၀)နှစ်အတွင်းရှိ အပျော်တမ်းလူငယ် ဗီဒီယိုရိုက်ကူးသူများ (လက်ရှိအချိန်တွင် ရုပ်ရှင် ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းများတွင်   လုပ်ကိုင် ဆောင်ရွက်နေခြင်းမရှိသူများ) ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပါဝင်ယှဉ်ပြိုင်လိုသည့် လူငယ်ကိုယ်စားလှယ်များ အနေဖြင့် bit.ly/AYVC2022 မှတစ်ဆင့် အမည် စာရင်းပေးသွင်း၍ ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက secretariat@ aseanfoundation.org သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အပြင်  https://asean.org/aseanyouth 2022-asean-declares-2022-as-the-year-of-asean-youth/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။ ပြိုင်ပွဲဝင်ဗီဒီယိုများကို ၂၀၂၂ ခုနှစ် မေ ၈ ရက် နောက်ဆုံးထားကာ http://www. aseanyouthvideocontest.com    သို့   ပေးပို့ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲနှင့်  ပတ်သက်၍   ဆက်သွယ် မေးမြန်းလိုပါက လူငယ်ရေးရာဦးစီးဌာန၊ တယ်လီ ဖုန်း အမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ များသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်