ယူအေအီးခြေစမ်းခရီးစဉ်၌ မြန်မာအသင်း တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်

 

ရန်ကုန်    မေ    ၁
(၃၁)  ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲ အကြို  ပြင်ဆင်မှုအဖြစ် ယူအေအီး နိုင်ငံ၌  လေ့ကျင့်ခဲ့သည့်   မြန်မာ အမျိုးသား ဘောလုံးအသင်းသည် ခြေစမ်းပွဲလေးပွဲကစားရာ တစ်ပွဲ နိုင်၊   နှစ်ပွဲသရေ၊    တစ်ပွဲရှုံးနိမ့် ခဲ့သည်။
မြန်မာအသင်းသည် ယင်းခရီး စဉ်တွင် ယူအေအီးကလပ်အသင်း များနှင့်   ခြေစမ်းပွဲများ   ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်သည်။     မြန်မာ အသင်းသည်  ခြေစမ်းပွဲများတွင် ယူအေအီးကလပ်  FC   Shaja အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်၊ ယူအေအီးကလပ်   ဒူဘိုင်းစီးတီး အသင်းနှင့်     တစ်ဂိုးစီသရေ၊ ယူအေအီးကလပ် Fursan Hisp-ania အသင်းနှင့် တစ်ဂိုးစီသရေကျ ကာ ယူအေအီးကလပ် FC Ajman အသင်းကို   တစ်ဂိုး-ဂိုး  မရှိဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာအမျိုးသား   ဘောလုံး အသင်းသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ       ကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၁ ရက်က ရောက်ရှိခဲ့ကြောင်း   သိရသည်။ မြန်မာအသင်းသည် ပြိုင်ပွဲအကြို ခြေစမ်းပွဲများ     ကစားခဲ့သည့် ယူအေအီးနိုင်ငံသို့ ဗီယက်နမ်နိုင်ငံ သို့    တိုက်ရိုက်သွားရောက်ခြင်း ဖြစ်သည်။   မြန်မာအသင်းသည် ဧပြီ ၁၇ ရက်မှ  ၃၀  ရက်အထိ ယူအေအီးနိုင်ငံ        ဒူဘိုင်းမြို့၌ လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် မေ ၁ ရက်  နံနက်အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့  ထွက်ခွာခဲ့ခြင်း ဖြစ်သည်။   မြန်မာအသင်းသည် ကစားသမား ၂၉ ဦး ရွေးချယ်ထား ပြီး ပြည်ပကလပ်များတွင် ကစား နေသည့်   အသက်ကျော်ကစား သမားများမှာ  ဗီယက်နမ်နိုင်ငံသို့ လာရောက်       ပူးပေါင်းမည်ဖြစ် သည်။ မြန်မာအသင်းသည် အပြီး သတ်လူစာရင်းကို  မေ ၅ ရက် တွင်     ထုတ်ပြန်ကြေညာမည်ဖြစ် သည်။
ရဲရင့်လွင်