ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာဘောလုံးအသင်း အပြီးသတ်ကစားသမား ၂၀  ရွေးချယ်

 

ရန်ကုန်   မေ   ၆


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်   (၃၁)  ကြိမ် မြောက်    ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင် ရန်    မြန်မာဘောလုံးအသင်း၏ အပြီးသတ်ကစားသမား  ၂၀ ကို  မေ ၅ ရက်က  ထုတ်ပြန်လိုက်ပြီဖြစ် သည်။

 


မြန်မာအမျိုးသား  ဘောလုံး အသင်းနည်းပြချုပ်   ပိုပေါ့ဗ်သည် အသက်ကျော်ကစားသမား သုံးဦး အပါအဝင် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အသက် ကျော်      ကစားသမားများအဖြစ်  မောင်မောင်လွင်၊ အောင်ကောင်းမာန်နှင့်   ဝင်းမိုးကျော်တို့ကို    ရွေးချယ်ခဲ့ပြီး ဂိုးသမားနှစ်ဦးဖြစ်သည့်   အောင်ကိုလတ်နှင့်    သူရကျော်၊    တိုက်စစ် ကစားသမားများဖြစ်သည့်     ရဲရင့်အောင်နှင့်     ရာဇာအောင်တို့လေးဦးကို  အသင်းနှင့် အတူ   ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး  လိုအပ်ပါက လဲလှယ်အသုံးပြုသွားမည်ဖြစ်သည်။  ကိုဗစ်-၁၉ ကပ်ရောဂါကာလ ဖြစ်သောကြောင့် ကစားသမားများ ရောဂါကူးစက်ခံရပါက အဆင်သင့် အစားထိုးနိုင်ရန် ကစားသမားလေးဦးကို   တစ်ပေါင်းတည်း    လေ့ကျင့် ပေးလျက်ရှိသည်။ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့်မြန်မာအမျိုးသားဘောလုံးအသင်းတွင် ဂိုးသမား - ပြည့်ဖြိုးသူ၊ ပြည့်ဖြိုးအောင်၊   နောက်တန်း-သက်ဟိန်းစိုး၊    စိုးမိုးကျော်၊   ဟိန်းဇေယျာလင်း၊    ဝင်းမိုးကျော်၊    သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊    အလယ်တန်း-ဇော်ဝင်းသိန်း၊     လွင်မိုး အောင်၊  လင်းထက်စိုး၊  ဝေလင်းအောင်၊  ရန်ကျော်စိုး၊ ရဲလင်းထက်၊ မြတ်ကောင်းခန့်၊   ရှေ့တန်း - ထက်ဖြိုးဝေ၊  ဝင်းနိုင်ထွန်း၊    မောင်မောင် လွင်၊ အောင်ကောင်းမာန်နှင့် ဟိန်းထက်အောင်တို့ ပါဝင်ကြသည်။

 


မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်၊  အင်ဒိုနီးရှား၊  ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့်   အုပ်စု (က) တွင်   ကျရောက်နေပြီး အုပ်စု ပထမပွဲအဖြစ် မေ ၈ ရက်တွင်  တီမောအသင်းနှင့် ကစားရမည်ဖြစ်သည်။ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအို အသင်းတို့ ပါဝင်နေသည်။
   

ရဲရင့်လွင်၊ဓာတ်ပုံ-MFF